သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မယ်ဆိုင်ချောင်း တူးဖေါ်မှု မြန်မာ ကို ထိုင်းကန့်ကွက်


ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ (အောက်တိုဘာ၊ ၀၃၊ ၂၀၁၀)
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ (အောက်တိုဘာ၊ ၀၃၊ ၂၀၁၀)

ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်ချောင်းဟာ မြန်မာဘက်က မြေတူးစက်များဖြင့် သောင်တူးမြေဖို့ နေတဲ့အတွက် မြစ်ကြောင်း ပျက်စီးမယ့်အရေး ထိုင်းနယ်ခြားကော်မတီက မေလ ၃၁ ရက်နေ့က သတိပေးကန့်ကွက်မှုတွေ လုပ်ခဲ့ပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်တာချီလိတ် ၂ နိုင်ငံကြားက ချောင်းကို ရက်ပိုင်းအတွင်း မြန်မာနိုင်ငံဘက်က မယ်ဆိုင်ချောင်းတလျှောက် မြေတူးစက်တွေနဲ့ သောင်တူးဖေါ်မြေဖို့နေတာဟာ မယ်ဆိုင်ချောင်း ရေစီးလွဲပြီး သဘာဝအတိုင်း စီးဆင်းနေတဲ့ အခြေအနေကို ပျက်စီးနိုင်တယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ရပ်တန့်ဖို့အတွက်ကို ထိုင်းနယ်ခြားကော်မတီ တာဝန်ရှိသူ အမှတ်ဒေသ ၃ စစ်ဒေသမှူး က ခုလိုပြောသွားပါတယ်။

"မြေကြီးတွေတူးနေတာ နက်နက်မတူးဖို့ လိုပါတယ်။ အခုလုပ်ရပ်ကြောင့် အောက်ခြေက ကျောက်သားတွေ ပျက်စီးနိုင်တယ်လို့ မြန်မာအာဏာပိုင်တွေကို သတိပေးပြောကြားခဲ့ပါတယ်။ မယ်ဆိုင်ချောင်းရေကို နိုင်ငံအကျိုးတူ သုံးစွဲကြရာမှာ ဘသာဝပတ်ဝန်းကျင်နဲ့ ချောင်းတလျှောက် နေထိုင်နေကြတဲ့ စိုက်ပျိုးရေး တောင်သူတွေအတွက် နစ်နာမှုတွေ မဖြစ်အောင် ထိမ်းသိမ်းဖို့ ထိုင်းဘက်က လိုလားနေပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ မယ်ဆိုင် မြို့နယ်အတွင်းက ချောင်းတလျှောက် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်နေကြတဲ့ ထိုင်းလယ်သမားတွေစုပေါင်းပြီး မယ်ဆိုင်မြစ်ချောင်းရေ ပြောင်းလဲစီးနေတဲ့ အရေးတင် ဖြေရှင်းပေးဖို့ ထိုင်းအာဏာပိုင်တွေကို တင်ပြခဲ့ကြပါတယ်။"

မယ်ဆိုင်ချောင်း ထိမ်းသိမ်းစောင့်ရှောက်ရေး နိုင်ငံနယ်ခြားကော်မတီ အစည်းဝေး ကျင်းပဖို့ ထိုင်းဘက်က တောင်းဆိုထားတယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ ထိုင်းနဲ့ မြန်မာ ၂ နိုင်ငံ ပိုင်ဆိုင်တဲ့ မယ်ဆိုင်ကြားက မယ်ဆိုင်ချောင်းကို ရေစီးရေလာကောင်းမွန်ဖို့ မတိမ်ကောစေဖို့အတွက် မြန်မာဘက်က စက်ယန္တယားတွေနဲ့ ၂၀၁၉ ခုနှစ် မေလ၂၉ ရက်နေ့နဲ့ (၃၀) ရက်နေ့ တူးဖော်ရှင်းလင်းမှုတွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မယ်ဆိုင်ချောင်းကိစ္စကို ထိုင်းဘက်က သတိပေးကန့်ကွက်မှုတွေ ဖြစ်လာခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG