သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Main ပြည်နယ်သေနတ်သမားအလောင်းကို ရှာတွေ့


Main ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ သေနတ်သမား Robert Card ရုပ်ပုံ၊ အောက်တိုဘာ ၂၅၊ ၂၀၂၃
Main ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ သေနတ်သမား Robert Card ရုပ်ပုံ၊ အောက်တိုဘာ ၂၅၊ ၂၀၂၃

အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းက Maine ပြည်နယ် Lewiston မြို့မှာ လူ ၁၈ ယောက် သေဆုံးအောင်ပစ်ခတ်ခဲ့တယ်လို့ သံသယရှိရသူ Robert Card ကို သေဆုံးလျှက် တွေ့ရှိခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

Robert Card ဟာ သူ့ကိုယ်သူ ပစ်ခတ်တဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့ပုံရတယ်လို့ Maine ပြည်နယ်၊ အများ ပြည်သူလုံခြုံရေးဆိုင်ရာအကြီးအကဲ Michael Sauschuk က သောကြာနေ့ည သတင်းစာရှင်းလင်း ပွဲမှာ ပြောကြားခဲ့ပါတယ်။ Card ရဲ့ ရုပ်အလောင်းကို Lisbon Falls မြို့မှာ တွေ့ရှိခဲ့တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး Janet Mills က ပြောပါတယ်။

Robert Card ရဲ့ အန္တရာယ်စိုးရိမ်စရာ မရှိတော့ပါဘူး။ ထိခိုက်ဆုံးရှံးမှုတွေကို ပြန်လည် ကုစားရမယ့် အချိန် ဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Mills က ပြောကြားခဲ့ပါတယ်။ Maine ပြည်နယ် Lewiston မြို့က နေရာ ၂ ခုမှာ ဗုဒ္ဓဟူးနေ့က ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုအတွင်း ၁၈ ယောက်သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် အရံတပ်ဖွဲ့ဝင် မသင်္ကာသူ Robert Card ကို အာဏာပိုင်တွေက လိုက်လံရှာဖွေနေခဲ့တာဖြစ်ပါတယ်။ သူ့ကိုရှာမတွေ့ခင်ရက်တွေက Lewiston မြို့က ကျောင်းတွေပိတ်ထားခဲ့သလို မြို့ခံတွေကိုလည်း အိမ်ပြင်မထွက်ဘဲ အိမ်တံခါးတွေပိတ်ထားကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းခဲ့ပါတယ်။

ခုလို လူအမြောက်အများသေဆုံးရတဲ့ ပစ်ခတ်မှုတွေ အမေရိကန်မှာ ထပ်ဖြစ်တာကို ထောက်ပြပြီး သေနတ်ထိန်းချုပ်ရေးကြိုးပမ်းဖို့ သမ္မတ Joe Biden က ရီပတ်ဘလစ်ကန်လွှတ်တော် အမတ်တွေကို တိုက်တွန်းနေပါတယ်။

Main ပြည်နယ်သေနတ်သမားအလောင်းကို ရှာတွေ့
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG