သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် မာလာလာ မွေးရပ်ပြန်ရောက်


နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မာလာလာ- မိဘမောင်နှမများနဲ့ ပါကစ္စတန်မှာ ပြန်ဆုံစဉ်အမှတ်တရ။
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မာလာလာ- မိဘမောင်နှမများနဲ့ ပါကစ္စတန်မှာ ပြန်ဆုံစဉ်အမှတ်တရ။

အမျိုးသမီးငယ်တွေ ပညာသင်ကြားခွင့်ရရေး လှုပ်ရှားခဲ့တာကြောင့် အသက် ၁၄ နှစ်အရွယ်မှာ တာလီဘန်စစ်သွေးကြွတွေရဲ့ ပစ်ခတ်တာ ခံရပြီး ခေါင်းမှာဒဏ်ရာ ရခဲ့တဲ့ Malala Yousafzai ဟာ သူ့ရဲ့မွေးရပ်မြေ ပါကစ္စတန်နိုင်ငံ Swat တောင်ကြားမှာရှိတဲ့ Mingora မြို့ကို ဒီကနေ့ စနေနေ့မှာ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

အမျိုးသမီးငယ်တွေ ပညာသင်ကြားခွင့်ရရေး သူ့ရဲ့ကြိုးပမ်းမှုတွေကြောင့်ပဲ အသက်အငယ်ဆုံး နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် တယောက်အဖြစ် ဂုဏ်ပြုခံထားရသူဖြစ်ပါတယ်။ သူ ရရှိတဲ့ နိုဘဲလ်ဆု ချီးမြှင့်ငွေတွေထဲက တချို့ကိုတော့ Swat တောင်ကြားမှာ မိန်းခလေးစာသင်ကျောင်းတကျောင်း တည်ဆောက်ဖို့ လှူဒါန်းခဲ့ပြီး အဲဒီစာသင်ကျောင်းကိုတော့ ဒီလအစောပိုင်းကပဲ စတင်ဖွင့်လှစ်လိုက်တာပါ။

မာလာလာဟာ လတ်တလော ဗြိတိန်နိုင်ငံမှာ အခြေချနေထိုင်နေပြီး Oxford တက္ကသိုလ်မှာ ပညာ သင်ယူနေတာဖြစ်ပါတယ်။ ဆီးရီးယား၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ ဂျော်ဒန်နဲ့ ပါကစ္စတန် အပါအဝင် ကမ္ဘာ့တဝှမ်း လက်နက်ကိုင် ပဋိပက္ခတွေ ဒေသတွေမှာ မိန်းခလေးငယ်တွေ ပညာသင်ကြားခွင့်ရရေး ကူညီပေးတဲ့ Malala Fund ရန်ပုံငွေအဖွဲ့ကို ပူးတွဲ တည်ထောင်ထား သူလည်း ဖြစ်ပါတယ်။

အသက် ၁၂ နှစ်အရွယ်အထိ မိန်းခလေးငယ်တွေ ဘေးကင်းလုံခြုံစွာနဲ့ လွတ်လပ်ပြီး တန်းတူညီမျှတဲ့ ပညာ သင်ကြားခွင့် ရဖို့အတွက် Malala Fund ရန်ပုံငွေအဖွဲ့က အဓိက ကူညီပေးတာပါ။ အခုချိန်မှာ အသက် ၂၀ ရှိပြီဖြစ်တဲ့ မာလာလာ ဟာ သမရိုးကျ အစဉ်အလာ လွှမ်းမိုးမှုကြီးတဲ့ သူ့ရဲ့မွေးရပ်မြေမှာ မိန်းခလေးငယ်တွေ ပညာသင်ကြားခွင့်ရဖို့အတွက် အသက် ၁၁ နှစ်အရွယ်လောက်ကစလို့ ရဲရဲဝံ့ဝံ့ ရှေ့ထွက်ပြောဆိုလာခဲ့သူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG