သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အတွက် မလေးရှား အကူအညီ သင်္ဘော ထွက်လာပြီ


ရခိုင်ပြည်နယ် က မူဆလင်ဒုက္ခသည်များ။
ရခိုင်ပြည်နယ် က မူဆလင်ဒုက္ခသည်များ။

ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေကို လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့ ဖို့ မလေးရှား လူမှုအသင်းအဖွဲ့တွေရဲ့ Food Flotilla For Myanmar - မြန်မာနိုင်ငံ အတွက် စားနပ်ရိက္ခာ ပို့ဆောင်မယ့် အစီအစဉ် စားနပ်ရိက္ခာတွေ တင်ဆောင်လာတဲ့ သင်္ဘောဟာဆိုရင် ဒီကနေ့မှာ မလေးရှားနိုင်ငံ၊ Klang ဆိပ်ကမ်းကနေ ထွက်လာနေ ပါပြီ။ ရန်ကုန်ဆိပ်ကမ်းကို သင်္ဘော ရောက်မယ့်နေ့ ကို ဖေဖော်ဝါရီ ၇ ရက်နေ့ လို့ နိုင်ငံတော်သမ္မတရုံး ကပြောသလို မလေးရှားနိုင်ငံ လာတဲ့ သတင်း တချို့ မှာတော့ ဖေဖော်ဝါရီ ၉ ရက်နေ့ ရောက်မယ် လို့ ဖော်ပြ ထားပါတယ်။ ရောက်ရှိ လာမယ့် ထောက်ပံ့ ပစ္စည်းတွေကိုတော့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံရုံးနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းပြီး ကူညီထောက်ပံ့ရေးတွေ ပြုလုပ် သွားမှာဖြစ်ပါတယ်။

ဒီကနေ့မှာဆိုရင် သဘောၤဆိပ်ကမ်းကနေ ထွက်ခွါတဲ့ အခမ်းအနားကို မလေးရှားဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ သင်္ဘော မှာတော့ နောက်ဆုံးပေါ် ခေတ်မှီဆက်သွယ်ရေး နည်းစနစ်တွေကိုတပ်ဆင်ထားပြီး အစားအစာတန်ချိန် ၂၂၀၀ ကျော်ကိုတင်ဆောင်လာပါတယ်။ ရောက်ရှိလာတဲ့ ကူညီထောက်ပံ့ ရေးပစ္စည်းတွေကိုရန်ကုန်ဆိပ်ကမ်းမှာပဲ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက လက်ခံသွားမှာပါ။

ထောက်ပံ့ရေး ပစ္စည်းတွေကိုတော့ ရခိုင်ပြည်နယ် မောင်တောမြို့ကို အဓိကထား ပေးေ၀ သွားမယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက VOA ကို အခုလိုပြောပါတယ်။

" ရန်ကုန်ဆိပ်ကမ်းမှာ ကျနော်တို့ သွားလက်ခံမယ်။ လက်ခံပြီးတာနဲ့ ကျနော်တို့ လူမှုကယ်ဆယ်ရေး ဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ရခိုင်ကိုပို့မယ် ရခိုင်ကိုပို့ပြီး အဲ့ဒီ့မှာ ပြည်နယ်အစိုးရလက်ထဲကို အပ်ပြီးတော့ ထုံးစံအတိုင်း မျှဝေမယ် အကုန်လုံးကို။ အဓိကကတော့ အကုန်လုံးပဲ အဓိကကတော့ ရခိုင်တပြည်နယ်လုံးပဲ။ မောင်တောကို အဓိကပေါ့။"

စားနပ်ရိက္ခာပို့ဆောင်မည့် အစီအစဉ်ကို တရားဝင်လမ်းကြောင်းကဆောင်ရွက်ဖို့ သံတမန်ရေးအရ သတိပေးပြီးနောက်ပိုင်းမှာပဲ မြန်မာအစိုးရနဲ့ မလေးရှားအစိုးရတို့ သဘောတူညီချက် ရယူခဲ့ပြီး အခုလို Food Flotilla For Myanmar အစီအစဉ်ကိုသင်္ဘောနဲ့တင်ပို့တာဖြစ်ပါတယ်။

အခုလိုထောက်ပံ့တာဟာ မြန်မာအစိုးရအနေနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကူညီထောက်ပံ့မှုတွေကို လမ်းဖွင့်ပေး တာဖြစ်ပြီးတော့ မြန်မာနိုင်ငံ အနေနဲ့ လူသားချင်းဆိုင်ရာ ကူညီ ထောက်ပံ့မှုတွေကို ပိတ်ပင်ထားတာမရှိဘူးလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အခုလိုပြောပါတယ်။

" အဓိက ကတော့ ကျနော်တို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ နဲ့ နိုင်ငံတော် အတိုင်ပင်ခံနဲ့ ရန်ကုန်မှာ တွေ့ပြီးတော့ ပြောလိုက်တဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီ အထောက်အပံ့တွေ လမ်းဖွင့်ပေးလိုက်တဲ့ အစီအစဉ်ပဲဖြစ်တာပေါ့။ အဲ့တော့ မြန်မာနိုင်ငံ အစိုးရအနေနဲ့ လူသားချင်းဆိုင်ရာ ကူညီ ထောက်ပံ့မှုတွေကို ပိတ်ပင်ထားတာ မရှိဘူး။ အာဆီယံနိုင်ငံတွေက ကူညီတယ်ဆိုရင် ကျနော်တို့ ဒီလို ဒီလိုလုပ်ပါ။ ညှိနှိုင်းဆောင်ရွက်မယ်လို့ ကျနော်တို့ ပြောထားတဲ့အတိုင်း ဆောင်ရွက်ပေးတာဖြစ်တယ်။"

ဒါ့အပြင် မကြာသေးခင်ကပဲ အင်ဒိုနီးရှားနိုင်ငံက ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေကို ၂ နှစ်နိုင်ငံသဘောတူညီချက် နဲ့ ထောက်ပံ့ရေးပစ္စည်း ပို့ဆောင်ခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG