သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ အထောက်အထားမဲ့ ရွှေ့ပြောင်း အလုပ်သမား ၁၀၀ ကျော်ထပ်မံဖမ်းဆီးခံရ


မလေးရှားနိုင်ငံ၊ Selayang မြို့နယ်ထဲမှာ စျေးရောင်းနေတဲ့ မြန်မာရိုဟင်ဂျာများ၊ ဒီဇင်ဘာ ၁၄၊ ၂၀၁၇
မလေးရှားနိုင်ငံ၊ Selayang မြို့နယ်ထဲမှာ စျေးရောင်းနေတဲ့ မြန်မာရိုဟင်ဂျာများ၊ ဒီဇင်ဘာ ၁၄၊ ၂၀၁၇

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ Selayang မြို့နယ်ထဲက မြန်မာတွေအများဆုံးအလုပ်ကြတဲ့ စျေးသစ်ကြီး ထဲကို မလေးရှားအာဏာပိုင်တွေကအောက်တိုဘာလ၂၈ရက်နေ့ မနက်ပိုင်းမှာ စစ်ဆင်ရေး လုပ်ပြီး ဝင်ရောက်ဖမ်းဆီးချိန် မြန်မာတွေအပါအဝင်နိုင်ငံခြားသား အလုပ်သမားပေါင်း ၁၂၀ကျော် ဖမ်းဆီးခံခဲ့ ရပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ တနိုင်ငံလုံးမှာတရားမဝင်နိုင်ငံခြားသားတွေကိုဆက်တိုက်ဖမ်းဆီးနေရာမှာ ကွာလာလမ်ပူမြို့ အနီး၊ ဆာလာရမ်းမြို့ နယ်ထဲက မြန်မာတွေအများဆုံးအလုပ်လုပ်နေတဲ့ စျေးကြီးထဲကို ဝင်ရောက်ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။ ဒီထဲမှာ မြန်မာအပါ အဝင် နိုင်ငံခြားသား ၁၂၀ကျော် ဖမ်ဆီးခံရတယ်လို့ မလေးရှားနိုင်ငံက နိုင်ငံရေးတက် ကြွလှုပ်ရှားသူ ဦးစိုးထက်သိန်း ကပြောပါတယ်။

"ဆလာရမ်းဆိုတာ မြန်မာတွေ၊ ရိုဟင်ဂျာတွေ အများစု စုဖွဲ့နေတဲ့ မြို့ကြီးပေါ့။ ဆလာရမ်းမှာမြန်မာတွေ အရမ်းများတယ်။ အဲဒီ စျေးကြီးထဲမှာ စျေးကြီးတခုလုံးကလည်း မြန်မာတွေအများကြီးပဲ။ အဲဒီစျေးကြီးထဲ ကို အော်ပရာစီ စစ်ဆင်ရေးလုပ်တာက မနက် ၄နာရီကနေ မနက် ၆နာရီခွဲလောက်ထိဝင်ပါတယ်။ အဖမ်းခံရတဲလူမျိုးတွေကတော့ အင်ဒိုနီးရှား မြန်မာ ဘင်္ဂလားဒေ့ရှ်တွေပါပါတယ် ။ မလေးရှားစျေးသည် တွေလည်းအဖမ်းခံရတာပါပါတယ်။ အားလုံး ၁၂၄ယောက်အဖမ်းခံရ ပါတယ်"

ကွာလာလမ်ပူမြို့ထဲက အပတ်စဉ်စျေးတွေထဲကို အရပ်ဝတ်နဲ့ရဲတွေက ဝင်ရောက်ပြီး တရားမဝင်နေထိုင် နေကြတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးတာတွေရှိတယ်လို့လည်း သူကပြောပါတယ်။

"အခုကျနော်နေတဲ့ နားမှာပဲ ညနေစျေးရှိတယ်။ အဲဒါက အပတ်စဉ် ညနေစျေးမှာပဲ ရဲတွေကအရပ်ဝတ် တွေနဲ့လာပြီး စစ်ဆေး မေးမြန်းဖမ်းဆီးတာတွေလုပ်လို့ ဒီညနေမှာပဲမြန်မာ ၄ယောက်အဖမ်းခံလိုက်ရတယ်၊ ကျနော်တို့ နေရာမှာတင်ဖြစ်တာ၊အခြားနေရာတွေမှာလည်း ခပ်စိပ်စိပ် နေ့တိုင်းနီးပါးအဖမ်းဆီးရှိတယ်"

အောက်တိုဘာလ ၁၃ရက်နေ့တုန်းကလည်း မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်က ဆောက်လုပ်ရေး လုပ်ငန်း ခွင် အနီးတဝိုက်ကို လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေ ဝင်ရောက် စစ်ဆေးပြီး တရားမဝင် နေထိုင် အလုပ်လုပ်နေသူ ၂၀၀ နီးပါးကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသား ၆၂ ယောက် ဖမ်းဆီး ခံရပါတယ်။

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် ဂျိုဟိုးဘာရူးမြို့ရှိ အနှိပ်ခန်းတွေ ရှိတဲ့နေရာကို မလေးရှားလူဝင်မှုကြီး ကြပ်ရေးဌာနနဲ့ မလေးရှားရဲတပ်ဖွဲ့တို့က အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီမှာ ဝင်ရောက်စီးနင်းခဲ့ရာမှာ မြန်မာအပါအဝင် လူ၃၂ဦးကိုဖမ်းမိကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန ကသတင်းထုတ်ပြန် ခဲ့ပါတယ်။

စက်တင်ဘာလ ၁၆ရက်နေ့ည ၁၀နာရီကျော်ကလည်း မလေးရှားနိုင်ငံကွာလာလမ်ပူမြို တမန် စီမာရပ် (Taman Semarak ) နယ်မြေအနီးက နိုက်ကလပ်တွေကို မလေးရှား လ.၀.က နဲ့ နယ်မြေခံရဲ ပူးပေါင်းထားတဲ့ အင်အား၇၀ ကျော်နဲ့ ဝင်ရောက်စီးနင်းပြီး အော်ပရာစီစစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးခဲ့ရာမှာအထောက်အထားမဲ့တွေ အပါအဝင် မြန်မာ ၉၀ကျော်တို့ဖမ်းဆီးခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG