သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်ထားမဲ့ မြန်မာ ၇၀ နီးပါး ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အဖမ်းခံရ


ထိုင်းနိုင်ငံအလယ်ပိုင်းက ဖရာနခွန်စီ အယုဒ္ဓယခရိုင်၊ ဥထိုင်းမြို့နယ်ထဲမှာ ရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း ဖမ်းဆီးမိတဲ့ တရားမဝင်နိုင်ငံခြားသားများ (ဓါတ်ပုံ- ထိုင်းအလုပ်အကိုင်ဦးစီးဌာန)
ထိုင်းနိုင်ငံအလယ်ပိုင်းက ဖရာနခွန်စီ အယုဒ္ဓယခရိုင်၊ ဥထိုင်းမြို့နယ်ထဲမှာ ရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း ဖမ်းဆီးမိတဲ့ တရားမဝင်နိုင်ငံခြားသားများ (ဓါတ်ပုံ- ထိုင်းအလုပ်အကိုင်ဦးစီးဌာန)

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဥထိုင်းမြို့နယ်ထဲက အလုပ်သမား ၁၀၀၀ကျော် အလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို အောက်တိုဘာလ ၁၄ရက်နေ့မှာ ဒေသခံတွေရဲ့ တိုင်ကြားချက်ကြောင့် အလုပ်အကိုင်ဦးစီးဌာနက သွားရောက်စစ်ဆေးရာမှာ မြန်မာ ၆၉ ဦး အပါအဝင် အထောက်အထားမဲ့ တရားမဝင် နိုင်ငံခြားသား အလုပ်သမားသုံးရာကျော် ဖမ်းဆီးအရေးယူခံခဲ့ရပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံအလယ်ပိုင်းက ဖရာနခွန်စီ အယုဒ္ဓယခရိုင်၊ ဥထိုင်းမြို့နယ်ထဲမှာ ရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း နေထိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမား ၁,၀၀၀ ကျော်ဟာ ကျန်မားရေးနဲ့ မညီညွတ်တဲ့ မသန့်ရှင်းတဲ့ ပစည်းတွေကို စွန့်ပစ်တာနဲ့ ရေဆိုးတွေကိုလည်း ချောင်းတွေထဲ စွန့်ပစ်ကြတဲ့အပြင်၊ အဲဒီက ဒေသခံတွေ စိုက်ပျိုးထားတဲ့ လယ်ယာထွက်ကုန် ပစ္စည်းတွေကို ခိုးယူတယ် ဆိုပြီး ဒေသခံတွေက အလုပ်အကိုင်ဦးစီးဌာနကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အခုလို ဒေသခံရွာသားတွေရဲ့ တိုင်ကြားချက်ကြောင့် လာရောက်စစ်ဆေးရာကနေ အထောက်အထားမဲ့ အလုပ်လာလုပ် နေသူတွေကို တွေရှိခဲ့တာဖြစ်ပြီး တရားဝင်စာရွက်စာတမ်း မပြနိုင်တဲ့ မြန်မာအပါအဝင် အလုပ်သမား ၃၀၀ ကျော်ကို ဖမ်းဆီးအရေးယူဖို့ စီစဉ်ခဲ့တာဖြစ်ကြောင်း အဲဒီနေရာကို သွားရောက်စစ်ဆေးခဲ့တဲ့ အလုပ်အကိုင်ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် မစ္စ Bunyawee Kroiaphan က ထိုင်းဘာသာနဲ့ အခုလိုပြောပါတယ်။

"အဲဒီဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ နိုင်ငံကူးလက်မှတ်၊ တရားဝင်စာရွက်စာတမ်း အထောက်အထား မရှိပဲ နေထိုင်အလုပ်လုပ်ကိုင် နေကြတဲ့ ကမ်ဘောဒီးယားနိုင်ငံသား ၂၇၈ ဦးနဲ့ မြန်မာနိုင်ငံသား ၆၉ ဦး စုစုပေါင်း ၃၄၇ ဦးကို ဖမ်းဆီးရမိပါတယ်။ သူတို့ကို ဥထိုင်းမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူနိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ပြောသွားတာပါ"

ထိုင်းနိုင်ငံအလယ်ပိုင်းက ဖရာနခွန်စီ အယုဒ္ဓယခရိုင်၊ ဥထိုင်းမြို့နယ်ထဲမှာ ရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း ဖမ်းဆီးမိတဲ့ တရားမဝင်နိုင်ငံခြားသားများ (ဓါတ်ပုံ- ထိုင်းအလုပ်အကိုင်ဦးစီးဌာန)
ထိုင်းနိုင်ငံအလယ်ပိုင်းက ဖရာနခွန်စီ အယုဒ္ဓယခရိုင်၊ ဥထိုင်းမြို့နယ်ထဲမှာ ရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း ဖမ်းဆီးမိတဲ့ တရားမဝင်နိုင်ငံခြားသားများ (ဓါတ်ပုံ- ထိုင်းအလုပ်အကိုင်ဦးစီးဌာန)

ဒီနိုင်ငံခြားသားတွေ နေထိုင်နေတဲ့ နေရာမှာရှိတဲ့ သောက်ရေကန်တွေမှာ ရေတွေ ညစ်ညမ်းပြီး အနံ့အသက်မကောင်းသလို ရပ်ကွက်ထဲမှာလည်း ပစ္စည်းခိုးမူတွေ များလာနေတဲ့အပြင် ခိုက်ရန်ဖြစ်ပွားမှုတွေလည်း မကြာခဏတွေ့လာ နေရတယ်လို့ ဒေသခံတွေကတိုင်ကြား လာတဲ့အတွက် အခုလို သွားရောက်စစ်ဆေးရတာဖြစ်ပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အခုလို ဝင်ရောက်စစ်ဆေးရာမှာ အထောက်ထားပြည့်စုံသူတွေ တွေ့ရပေမယ့် စာရွက်စာတမ်း ပျောက်ဆုံးနေသူတွေ၊ အလုပ်သမား လက်မှတ် လျှောက်ထားဆဲ သူတွေရှိနေတာကိုပါ စစ်ဆေးတွေ့ရှိရတဲ့ အတွက် စံနစ်တက် သေသေချာချာ စစ်ဆေးမှုတွေ ထပ်ပြီး လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

တရားမဝင် အလုပ်လုပ်ကိုင်တဲ့ အလုပ်သမားတွေရှိမရှိ တင်းတင်းကြပ်ကြပ် စစ်ဆေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ညွှန်ကြားထားသလို အလုပ်ရှင်နဲ့ အလုပ်သမားအကြား အသိပညာပေးမှုပိုမို လုပ်ဆောင်ဖို့၊ အလုပ်သမားရေးရာနဲ့ ပတ်သက်တဲ့ဥပဒေတွေကို မှန်ကန်စွာ လိုက်နာဖို့လို အပ်ကြောင်းလည်း အလုပ်အကိုင်ဦးစီးဌာနမှ မစ္စ Bunyawee Kroiaphan ဘန်ရဝီက ပြောပါတယ်။

ဒီဆောက်လုပ်ရေးလုပ်ငန်းခွင်က အလုပ်သမားတန်းလျားကို ဒေသအုပ်ချုပ်ရေး နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၁၀၀ ဝန်းကျင်လောက်နဲ့ လာရောက် စစ်ဆေးခဲ့တာဖြစ်ပါတယ်၊ အဖမ်းဆီးခံရတဲ့ အထောက်ထားမဲ့ မြန်မာတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG