သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ခုနှစ် မလေး-ထိုင်းနယ်စပ် အလောင်းတွေ အစုလိုက်မြှုပ်နှံမှု မလေးရှားအစိုးရ စတင်စုံစမ်း


၂၀၁၅ ခုနှစ်က မလေးရှား-ထိုင်းနယ်စပ် တောတွေထဲ တွေ့ရှိခဲ့တဲ့ အစုလိုက် အပြုံလိုက်မြှုပ်နှံထားတဲ့ အလောင်းတွေနဲ့ လူမှောင်ခိုကူးခံရသူတွေ နေထိုင်ခဲ့တယ်လို့ ယူဆထားတဲ့ စခန်းတွေနဲ့ ပတ်သက်လို့ မလေးရှား အစိုးရကနေ ဗုဒ္ဓဟူးနေ့က စတင်စုံစမ်းနေပါပြီ။ ဒီအမှုနဲ့ ပတ်သက်လို့ တရားစီရင်ရေး ကိစ္စမှာ ဟန့်တား ကန့်သတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ် မလေးရှား အစိုးရက တုန့်ပြန် ဆောင်ရွက်တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ မလေးရှားနိုင်ငံ မြောက်ပိုင်း နယ်စပ်က တောထူထပ်တဲ့နေရာတွေဟာ လူမှောင်ခိုကူးသူတွေရဲ့ ရပ်နားရာ စခန်းဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖိနှိပ်ညှင်းပန်းမှုတွေကြောင့် ထွက်ပြေးခဲ့ကြရတယ် ဆိုတဲ့ ရိုဟင်ဂျာ မွတ်စလင် အများစုနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တွေကို အရှေ့တောင် အာရှနိုင်ငံတွေဆီ လူကုန်ကူးဖို့ ခေါ်ဆောင်လာတဲ့နေရာမှာ အဲဒီ နယ်စပ်တောထူတဲ့နေရာမှာ တထောက် ရပ်နားခဲ့ကြတာ ဖြစ်ပါတယ်။

လူကုန်ကူးမှောင်ခိုဂိုဏ်းတွေ လုပ်ထားတယ်လို့ ယူဆရတဲ့ စခန်း ၁၂ ခု ကျော်နဲ့ အစုလိုက် အပြုံလိုက် မြှုပ်ထားတဲ့ အလောင်းပေါင်း ၁၃၉လောင်း အမှု စုံစမ်းစစ်ဆေးမှုမှာ အာဏာပိုင်တွေ ဘက်က အမှားတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းဖို့ မလေးရှားအစိုးရက ဇန်နဝါရီလမှာ ကော်မတီတရပ်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG