နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၄ ဦးကို လူမှောင်ခို ကုန်ကူးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ လက်တိုလက်တောင်းလုပ်တဲ့ အမျိုးသားတဦးကို မလေးရှား တရားရုံးတခုက တရားစွဲဆိုလိုက်ပါတယ်။
တရားစွဲခံရတဲ့ အသက် ၃၇ နှစ်အရွယ် Radzi Halim ဆိုသူရဲ့ အမှုကို တရားရုံးရဲ့ အကြီးတန်းအရာရှိ Mas Rashid Mustafa ဖတ်ကြားစဉ်မှာ လျောက်လဲချက် မှတ်တမ်းတစုံတရာမပါရှိပါဘူး။ မလေးရှားနိုင်ငံ Kota Baru မြို့ရဲ့ Kok Lanas အရပ်မှာနေထိုင်တဲ့ Razi Halim ကို မြန်နိုင်ငံသားတွေလို့ယူဆရတဲ့ သူ ၄ ဦးကို နိုင်ငံတွင်း တရားမဝင် ခိုးသွင်းလာမှုနဲ့ တရားစွဲဆိုထားတာပါ။
မလေးရှားနယ်ခြားစောင့်တပ်ဖွဲ့က သူ့ကို ဒီဇင်ဘာလ ၁၂ ရက်နေ့တုန်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ထောင်ဒဏ် ၁၅ နှစ် ဒါမှမဟုတ် ဒဏ်ငွေ၊ ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံးကို ကျခံရနိုင်တဲ့ လူမှောင်ခို ကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ရွှေ့ပြောင်းအလုပ်သမားတရားမဝင်ခိုးသွင်းမှု ၂၀၀၇ အက်ဥပဒေနဲ့ သူ့ကို အရေးယူထားတာ ဖြစ်ပါတယ်။
တရားရုံး အမှုစစ်ဆေးချိန်မှာ လက်ထောက်အစိုးရရှေ့နေ Wong Siew Ming က အစိုးရရှေ့နေအဖြစ်လိုက်ပါ ဆောင်ရွက်ပေမယ့် Radzi Halim ကို ကိုယ်စားပြုတဲ့ရှေ့နေတော့ မရှိပါဘူး။ သူ့ရဲ့အမှုကို တရားရုံးက မနက်ဖြန် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ အမှုပြန်လည် ကြားနာစစ်ဆေးမှာဖြစ်ပါတယ်။