သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား အထူးစစ်ဆေးရေးအတွင်း မြန်မာ ၄၀ထက်မနည်း ဖမ်းဆီးခံရ


မလေးရှား အထူးစစ်ဆေးရေးအတွင်း မြန်မာ ၄၀ထက်မနည်း ဖမ်းဆီးခံရ (ဓါတ်ပုံ- မလေးရှားလဝက)
မလေးရှား အထူးစစ်ဆေးရေးအတွင်း မြန်မာ ၄၀ထက်မနည်း ဖမ်းဆီးခံရ (ဓါတ်ပုံ- မလေးရှားလဝက)

မလေးရှားနိုင်ငံ တောင်ပိုင်း ဆိုင်ဘာဂျာယားမြို့နယ်နဲ့ မလေးရှားမြို့တော် ကွာလာလမ်ပူနဲ့ကပ်လျက် ဆလန်ကောပြည်နယ်တွေမှာ အထူးစစ်ဆင်ရေးနဲ့ဖမ်းဆီးခဲ့ရာမှာ နိုင်ငံခြားသား အားလုံးပေါင်း ၅၀၀ကျော် ဖမ်းဆီးခဲပါတယ်။ ဒီထဲမှာမြန်မာတွေ ၄၀ထက်မနည်းဖမ်းဆီးခံခဲ့ရပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူနဲ့ သိပ်မဝေးတဲ့ မလေးရှားတောင်ပိုင်း ဆိုင်ဘာဂျာယားမှာ စက်တင်ဘာလ ၂၁ရက်နေ့ က အော်ပရာစီလို့ခေါ်တဲ့ စစ်ဆင်ရေးနဲ့ ဝင်ဖမ်းခဲ့ပြီး စက်တင်ဘာလ ၂၂ရက်နေ့မှာတော့ မြို့တော် ကွာလာလမ်ပူနဲ့ ကပ်နေတဲ့ ဆလန်ကောပြည်နယ်မှ ာစစ်ဆင်ရေးလုပ်ခဲ့တာပါ။ အဲဒီနေရာ ၂ခုကနေ နိုင်ငံခြားသားလူဦးရေ ၅၀၀ကျော်ကို ဖမ်းခဲ့ပါတယ်။ ဒီထဲမှာမြန်မာတွေ ပါဝင်ကြောင်း မလေးရှားနိုင်ငံမြန်မာသံရုံးကိုယ်စားပြုပြီး ထိန်းသိမ်းရေးစခန်းတွေက မြန်မာတွေကို အကူညီပေးနေတဲ့ ကိုသီဟမောင်မောင်ကပြောပါတယ်။

"ဒီရက်ထဲမှာ ဆိုင်ဘာဂျာယာဘက်မှ ာဖမ်းတယ် အဖမ်းအဆီးတွေကြီးတယ်။ သူက စက်ရုံကို ဝင်ဖမ်းတာဆိုတော အင်အားများတော့ များတာပေါ့။ မြန်မာတွေ ၃၀နီးပါးလောက်ပါသွားတယ်။ ဆလန်ကော ပြည်နယ် ကလည်း ကွာလာလမ်ပူနဲ့ ကပ်လျက်ပြည်နယ် ဆိုတော့အကျယ်အဝန်း ကတော့ အတော်ကျယ်ဝန်းတယ်။ အဲဒီမှာလည်း ဖမ်းတယ် ပထမဆုံး ဥပဒေနဲ့ ၂ပတ်ချုပ်ထားမယ်။တရားရုံးတင်မယ် အပြစ်ရှိရင်တော့ ထောင်ချမှာပေါ့"

ဆိုင်ဘာဂျာယားမြို့နယ်အတွင်းက ဖမ်းဆီးမူတွေအတွင်း မလေးရှာ လဝကအရာရှိတွေ နဲ့အတူ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ဝင်အားလုံးပေါင်း ၇၀ကျော် ပါဝင်တယ်လို့မလေးရှာလဝကဆိုပါတယ်။ ဖမ်းဆီးလိုက်တဲ့ နိုင်ငံခြားသား အလုပ်သမား ၃၃၈ ဦးမှာ မြန်မာနိုင်ငံသား ၂၈ ဦး ပါဝင်တာပါ။

ထိန်းသိမ်းခံရတဲ့ အလုပ်သမားတွေဟာ ကုမ္ပဏီတွေက ယာယီထုတ်ပေးထားတဲ့ လက်မှတ်တွေ သာရှိကြပြီး အထောက်အထားအပြည်စုံမရှိကြတာ ၊ ဗီဇာသက်သက်တမ်း
ကုန်နေတာ တွေ့ရတယ်လို့ လည်း မလေးရှားလဝက ထုတ်ပြန်တဲ့ သတင်းမှာဖေါ်ပြထားပါတယ်။

ဆလန်ကောပြည်နယ်ထဲမှာတော့ လူ၂၀၀ကျော်ဖမ်းတဲ့ အထဲမှာမြန်မာတွေ ဆယ်ဂဏန်းလောက်ပါသွားတယ်လို့ ဆိုပါတယ်။ စက်တင်ဘာလ ၂၂ ရက်နေ့ထုတ်ပြန်တဲ့ စီလန်ကောပြည်နယ် အတွင်းက အော်ပရာစီ စစ်ဆင်ရေးအတွင်းမှာတော့ မြန်မာနိုင်ငံသား ၁၀ ဦး ထပ်မံ အဖမ်းခံရပါတယ်။ အခုအခါမှာတော့ မြို့တော်ကွာလာလမ်ပူမှာ မြန်မာတွေအပြင်မထွက်ရဲတာကြောင့် လူတွေခြောက်ကပ်နေတယ်လို့လည်း ပြောပြပါတယ်။

"ပိတ်ရက်တွေမှာ ခြောက်ကပ်နေတာပေါ့ တော်ရုံမှန်တဲ့သူပဲ အပြင်ကိုမထွက်ရဲတော့တာ။"

မြန်မာ အလုပ်သမားလူဝင်မူကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာန အလုပ်သမားညွန်ကြားမူဦးစီးဌာနရဲ့ စာရင်းအရ မလေးရှားမှာ တရားဝင်အလုပ်လုပ်နေကြသူ အလုပ်သမားပေါင်း ၂ သိန်းကျော်ရှိပြီး တခြားနည်းလမ်းတွေနဲ့ မလေးရှားကိုရောက်သွားသူအားလုံးပေါင်းရင် မလေးရှားမှာ မြန်မာအလုပ်သမား ၅ သိန်း ထက်မနည်းရှိတယ်ခန့်မှန်းထားပါတယ်။ အဲဒီထဲမှာ တရားမဝင် နေထိုင် အလုပ်လုပ်နေကြသူ သိန်းနဲ့ချီရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG