သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump မဲဆွယ်လှုပ်ရှားရေးမှူးဟောင်းစွဲချက် ၈ချက် ပြစ်မှုထင်ရှား


သမ္မတ Donald Trump ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖွဲ့ကို ဦးဆောင်ခဲ့တဲ့ Paul Manafort အပေါ် တင်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှု ၁၈ ခုထဲက ၈ ခုမှာ ပြစ်မှုထင်ရှားကြောင်း ခုံသမာဓိအဖွဲ့က အင်္ဂါနေ့မှာ အဆုံးအဖြတ် ပေးလိုက်ပါတယ်။ ဒါဟာ သမ္မတ Trump နဲ့ နီးစပ်တဲ့ လူပုဂ္ဂိုလ်တွေအပေါ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ အထူးစုံစမ်း စစ်ဆေးရေးမှူးအနေနဲ့ ရုံးတော်မှာ ပထမဆုံးအကြိမ် အောင်မြင်မှု ရရှိလိုက်တာပါ။

Manafort အပေါ် တင်ထားတဲ့ တခြား စွဲချက် ၁၀ ခုကိုတော့ ခုံသမာဓိအဖွဲ့က အပြစ်ရှိတယ်၊ မရှိဘူး မဆုံးဖြတ်နိုင်တာကြောင့်၊ မခိုင်လုံတဲ့အမှုအဖြစ် တရားသူကြီးက ဆုံးဖြတ်လိုက်ပါတယ်။

အင်္ဂါနေ့က တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ သမ္မတ အိမ်ဖြူတော်အတွက် ၂ ခါ အထိနာစေတဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။ သမ္မတရဲ့ ကိုယ်ပိုင်ရှေ့နေဟောင်း Michael Cohen က သူ့အနေနဲ့ ပြစ်မှု ကျူးလွန်ခဲ့ကြောင်း အစိုးရ ရှေ့နေတွေထံ လျှောက်လဲချက် ပေးခဲ့တဲ့တာကလည်း သမ္မတ Trump အတွက် ဒုတိယအကြိမ် အထိနာသွားစေတဲ့ ဖြစ်စဉ် တခုဖြစ်ပါတယ်။

မစ္စတာ Manafort အနေနဲ့ သူ့အပေါ် တင်ထားတဲ့ အခွန်ပေးဆောင်ဖို့ ရှောင်ရှားခဲ့မှုနဲ့ ဘဏ်စာရင်း လိမ်လည် ဖွင့်လှစ်ခဲ့တဲ့ အမှုတွေအတွက် ခုံသမာဓိအဖွဲ့က ၄ ရက်ကြာ အခြေအတင် ဆွေးနွေးကြပြီးမှ အင်္ဂါနေ့မှာ ဆုံးဖြတ်ချက် ထွက်လာခဲ့တာပါ။

အင်္ဂါနေ့က ရလဒ်ဟာ သမ္မတ Trump အပါအဝင် ပါတီစွဲအရ သူ့အပေါ် အစဉ်တစိုက် တိုက်ခိုက်မှုတွေ ပြုလုပ်နေခဲ့ပေမယ့် သာမှန် ပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ခုံသမာဓိအဖွဲ့ရှေ့မှာ ပြစ်မှုရှိကြောင်း အထူး စုံစမ်းစစ်ဆေးရေးမှူး Robert Mueller ပြသနိုင်ခဲ့တာကြောင့် သူ့လုပ်ရပ်ဟာ မှန်ကန်ကြောင်း သက်သေ ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် Paul Manafort အနေနဲ့ ထောင်ဒဏ် နှစ်ပေါင်းများစွာ ကျခံရနိုင်ကိန်း ရှိနေပါတယ်။

Trump မဲဆွယ်လှုပ်ရှားရေးမှူးဟောင်းစွဲချက် ၈ချက် ပြစ်မှုထင်ရှား
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG