သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် တရုတ်နိုင်ငံသား အများအပြား တာချီလိတ်မှာ ဖမ်းဆီးမိ


ထိုင်း-မြန်မာနယ်စပ် တာချိလိတ်မြို့
ထိုင်း-မြန်မာနယ်စပ် တာချိလိတ်မြို့

ထိုင်း-မြန်မာနယ်စပ် တာချိလိတ်မြို့ မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံသား ၂၀၀ နီးပါးကို မူးယစ်ဆေးဝါးတွေ လက်နက်တွေနဲ့အတူ ဖမ်းဆီးမိပါတယ်။ တရားမဝင် လာရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေကို ရှာဖွေစစ်ဆေးရာက အခုလို မူးယစ်ဆေးဝါးတွေနဲ့ ကျဉ်ကာအကျီ်တွေအပြင် လက်နက် ခဲယမ်းတွေနဲ့ အတူဖမ်းဆီးမိတာပါ။ ထိုင်းအခြေစိုက် voa သတင်းထောက်မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်း- မြန်မာ နှစ်နိုင်ငံ နယ်ခြားကော်မတီ သတင်းဖလှယ်ရေးလုပ်ကြပြီး တာချီလိတ်မြို့ တာဝန်ရှိသူတွေရဲ့ သတင်းထုတ်ပြန်ချက်အရ မေလ ၁၃ ရက်နေ့ က စစ်တပ်၊ ရဲ နဲ့ လဝက ပူးပေါင်းအဖွဲ့တွေဟာ ရန်အောင်မြေနဲ့ ဝိန်းကျောက် ရပ်ကွက်ကို ဝင်ရောက်ပိတ်ဆို့ ရှာဖွေခဲ့ကြတာပါ။ ဒီ ရပ်ကွက် တွေမှာ တရားမဝင် နေထိုင်နေကြတဲ့ တရုတ်နိုင်ငံသား ၁၈၈ ဦးကို ဖမ်းဆီး စစ်ဆေးနေရာ မှာ မူးယစ်ဆေးဝါးအပြင် တရားမဝင် ကိုင်ဆောင်ထားတဲ့ မောင်းပြန်ရိုင်ဖယ် နဲ့ ကျည်ကာအဝတ်အစားတွေကိုပါ တွေ့ရှိခဲ့တယ်လို့
ဆိုပါတယ်။

ထိုင်းထောက်လှမ်းရေး သတင်းတွေအရ အဆိုပါ ရပ်ကွက်ဟာ အာခါ တိုင်းရင်းသား မူးယစ်ဆေးဝါး ဂိုဏ်းတွေ နေထိုင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလိုတရုတ်နိုင်ငံသား အမြောက်အများ လာရောက်နေထိုင်နေပြီး ဘယ်လိုစီးပွားရေးတွေ လုပ်နေတယ်ဆိုတာကို တာချီလိတ် အာဏာပိုင်တွေက ဆက်လက် ဖေါ်ထုတ် စစ်ဆေး နေတယ်လို့သာ မြန်မာအာဏာပိုင်တွေဘက်ကဆိုပါတယ်။ တာချီလိပ်မြို့က အလွတ်သတင်းထောက်ဖြစ်တဲ့ ကိုစည်သူမောင်ကတော့ တာချီလိပ်မြို့မှာ တရုတ်နိုင်ငံသားတွေ ဖမ်းမိတာနဲ့ ပတ်သက်လို့ ပြောပြပါတယ်။

မေလ ၁၃ရက်နေ့က တရုတ်နိုင်ငံသား အများအပြား ဖမ်းမိတာနဲပတ်သက်လို့ အဲဒီထဲကတရုတ်နိုင်ငံသား ၃ဦးကို မြန်မာအာဏာပိုင်တွေ က စတင်စစ်ဆေး အရေးယူမူတွေလုပ်ခဲ့ပါတယ်။ နေရာ ၃နေရာကို ဝင်ရောက်စစ်ဆေးရာမှာ တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား ၁၈၈ဦးကို ဖမ်းမိခဲ့ပြီး ၊ ကား နဲ့ ဆိုင်ကယ်တွေ နဲ့ အတူ လက်ကိုင်ဖုန်းအလုံး ၅၀၀ကျော် လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိတာကြောင့် သက်ဆိုင်ရာက ပုဒ်မအသီးသီးနဲ့ အမူဖွင့်စစ်ဆေးနေဆဲဖြစ်ပါတယ်။

အခုလို တာချီလိတ်မှာ တရုတ်နိုင်ငံသားအများအပြား အုပ်စုလိုက် လာရောက်နေထိုင်ပြီး ကွန်ပြူတာတွေ ဖုန်းအလုံး များစွာနဲ့ တရားမဝင် လုပ်နေကြတဲ့ လုပ်ငန်းမျိုးတွေဟာ မြန်မာနဲ့ တရုတ်နိုင်ငံသားတွေကို ငွေလိမ်ဖို့ ရင်းနှီးဖို့ မြူဆွယ် ထားတဲ့ ကောစင်တာ (call canter) ငွေလိမ်ဂိုဏ်း စတော့ရှယ်ရာ လုပ်ငန်းဖြစ်နိုင်တယ်လို့ ထိုင်းနယ်စပ်ဆိုင်ရာ သတင်းတွေမှာဖေါ်ပြနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG