(Zawgyi / Unicode)
အာဂ်င္တီးနားရဲ႕ ကမၻာေက်ာ္ ေဘာလံုးသမားေဟာင္း မာရာဒိုနာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ကြယ္လြန္ခဲ့ၿပီးေနာက္ တနဂၤေႏြေန႔မွာ သူ႔ဆရာဝန္တဦးရဲ႕ ေနအိမ္နဲ႔ ႐ုံးခန္းကို ရဲတပ္ဖြဲ႔က ဝင္ေရာက္ရွာေဖြၿပီး ေဆးမွတ္တမ္းေတြကို သိမ္းဆည္းသြားပါတယ္။
ဦးေႏွာက္ပါရဂူ Leopoldo Luque က သတင္းေထာက္ေတြကို ေျပာရာမွာေတာ့ သူဟာ မာရာဒိုနာကို ကုသခဲ့တဲ့ ေဆးမွတ္တမ္းအားလံုး အပါအဝင္ ကြန္ျပဴတာ၊ ဆဲလ္ဖုန္း၊ ဟတ္ဒ႐ုိက္ေတြကို ရွာေဖြမႈအၿပီးမွာ စံုစမ္းစစ္ေဆးသူေတြကုိ ေပးခဲ့တယ္လို႔ ဆိုပါတယ္။
မာရာဒိုနာဟာ ႏုိဝင္ဘာ ၃ ရက္ေန႔က ဦးေႏွာက္ခြဲစိတ္ကုသမႈ ခံထားၿပီးတဲ့ေနာက္ ဗုဒၶဟူးေန႔က ႐ုတ္တရက္ ႏွလုံးေရာဂါနဲ႔ ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။
မာရာဒိုနာဟာ အရက္နဲ႔ မူးယစ္ေဆးဝါး သံုးစြဲမႈနဲ႔ပတ္သက္လို႔ ျပႆနာမ်ားစြာရွိခဲ့ၿပီး ၂၀၀၀ ခုႏွစ္နဲ႔ ၂၀၀၄ ခုႏွစ္ေတြမွာ အသက္ဆံုး႐ႈံးလုနီးပါး ျဖစ္ခဲ့ဖူးတာပါ။ သူ႔ရဲ႕ဆရာဝန္ကေတာ့ မာရာဒိုနာဟာ အလြန္ကုသရခက္ခဲတဲ့ လူနာတဦးျဖစ္ၿပီး သူ႔ကုိ အိမ္ကထြက္သြားဖို႔ ကန္ေၾကာက္တာမ်ိဳးေတြ အႀကိမ္ေပါင္းမ်ားစြာ ရွိခဲ့တယ္လို႔ ဆိုပါတယ္။
အသက္ ၆၀ အရြယ္မွာ ကြယ္လြန္သြားတဲ့ မာရာဒိုနာအတြက္ အာဂ်င္တီးနား တႏုိင္ငံလံုး ပူေဆြးေသာကေရာက္ခဲ့ၾကၿပီး သူ႔ကို မျမႇဳပ္ႏွံခင္မွာေတာ့ သမၼတနန္းေတာ္မွာ ျပဳလုပ္တဲ့ သူ႔ရဲ႕စ်ာပနကို လူေပါင္းေသာင္းခ်ီၿပီး လာေရာက္ခဲ့ၾကပါတယ္။
---------------------
(Unicode)
ဘောလုံးအကျော်အမော် မာရာဒိုနာ သေဆုံးရမှုကို စတင်စစ်ဆေး
အာဂျင်တီးနားရဲ့ ကမ္ဘာကျော် ဘောလုံးသမားဟောင်း မာရာဒိုနာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကွယ်လွန်ခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ သူ့ဆရာဝန်တဦးရဲ့ နေအိမ်နဲ့ ရုံးခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေပြီး ဆေးမှတ်တမ်းတွေကို သိမ်းဆည်းသွားပါတယ်။
ဦးနှောက်ပါရဂူ Leopoldo Luque က သတင်းထောက်တွေကို ပြောရာမှာတော့ သူဟာ မာရာဒိုနာကို ကုသခဲ့တဲ့ ဆေးမှတ်တမ်းအားလုံး အပါအဝင် ကွန်ပြူတာ၊ ဆဲလ်ဖုန်း၊ ဟတ်ဒရိုက်တွေကို ရှာဖွေမှုအပြီးမှာ စုံစမ်းစစ်ဆေးသူတွေကို ပေးခဲ့တယ်လို့ ဆိုပါတယ်။
မာရာဒိုနာဟာ နိုဝင်ဘာ ၃ ရက်နေ့က ဦးနှောက်ခွဲစိတ်ကုသမှု ခံထားပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့က ရုတ်တရက် နှလုံးရောဂါနဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မာရာဒိုနာဟာ အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ပတ်သက်လို့ ပြဿနာများစွာရှိခဲ့ပြီး ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၄ ခုနှစ်တွေမှာ အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ဖူးတာပါ။ သူ့ရဲ့ဆရာဝန်ကတော့ မာရာဒိုနာဟာ အလွန်ကုသရခက်ခဲတဲ့ လူနာတဦးဖြစ်ပြီး သူ့ကို အိမ်ကထွက်သွားဖို့ ကန်ကြောက်တာမျိုးတွေ အကြိမ်ပေါင်းများစွာ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၆၀ အရွယ်မှာ ကွယ်လွန်သွားတဲ့ မာရာဒိုနာအတွက် အာဂျင်တီးနား တနိုင်ငံလုံး ပူဆွေးသောကရောက်ခဲ့ကြပြီး သူ့ကို မမြှုပ်နှံခင်မှာတော့ သမ္မတနန်းတော်မှာ ပြုလုပ်တဲ့ သူ့ရဲ့ဈာပနကို လူပေါင်းသောင်းချီပြီး လာရောက်ခဲ့ကြပါတယ်။