သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံနိုင်ကျဉ်းတွေ လွှတ်ရေး ဆန္ဒပြတောင်းဆို

မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)
1/11 မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)
မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)
2/11 မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)
မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)
3/11 မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)
မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)
4/11 မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)
မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)
5/11 မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)
မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)
6/11 မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)
မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)
7/11 မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)
မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)
8/11 မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)
မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)
9/11 မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)
မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)
10/11 မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)
မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)
11/11 မတ်လ ၅ရက် လက်ပတ်နီအကြမ်းဖက်နှိမ်နှင်းမှု နှစ်ပတ်လည်နေ့(သတင်းဓာတ်ပုံ-Photo Credit to မသဉ္ဇာခိုင် ( ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း)
Previous slide
Next slide

တရားမျှတမှုမရှိတဲ့ ပုဒ်မတွေနဲ့ ထောင်ချထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ အကြမ်းဖက် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ပညာရေးပြုပြင်ပြောင်းလဲဖို့ ဆန္ဒပြနေတဲ့ သပိတ်မှောက် ကျောင်းသားတွေကို အကြမ်းမဖက်ဖို့ ငြိမ်းချမ်းစွာတောင်းဆိုရင်း မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြသူတွေကို လက်ပတ်နီတွေနဲ့ ရဲလုံခြုံရေးတွေ ဘက်က အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့ တဲ့ မတ်လ(၅)ရက်နေ့ တနှစ်ပြည့်အခမ်းအနားနဲ့ အကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲ မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ အသေးစိတ် ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၅ခုနှစ်တွင်း မတ်လ (၃)နေ့မှာ အမျိုးသားပညာရေးဥပဒေကြမ်းကို သပိတ်မှောက်ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ မန္တလေးကနေ ရန်ကုန်အထိ ချီတက် လာကြတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းက သပိတ်မှောက်ကျောင်းသားတွေနဲ့ ရဲလုံခြုံရေးတွေကြား လက်ပံတန်းမြို့မှာ ပိတ်ဆို့တားဆီးပြီး အကြမ်းဖက် ဖြိုခွင်းမှု ဖြစ်ခဲ့တဲ့အတွက် နိုင်ငံတဝှမ်းက ပြည်သူတွေနဲ့ ကျောင်းသားတွေက ဆန္ဒပြ ကျောင်းသားတွေကို အကြမ်းဖက်နှိမ်နှင်းတာမလုပ်ဖို့ ဆန္ဒပြခဲ့ပါတယ်။

ဒီအထဲ မတ်လ ၅ရက်နေ့မှာ ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့မှာလည်း ၈၈မျိုးဆက်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ တကသ ကျောင်းသားတွေက အကြမ်းဖက်နှိမ်နှင်းတာကို ဆန့်ကျင်ကန့်ကွက်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။ အဲ့ဒီလိုဆန္ဒပြနေကြတဲ့ တကသကျောင်းသားတွေနဲ့ ၈၈ မျိုးဆက်ေ ကျာင်းသူ မနီလာသိန်းအပါအဝင် တက်ကြွလှုပ်ရှားသူအချို့ကို လက်ပတ်နီ တပ်ထားတဲ့ စွမ်းအားရှင်တွေနဲ့ ရဲလုံခြုံရေးတွေဘက်က မြို့တော်ခန်းမရှေ့မှာပဲ အတင်းဝင်ရောက်ရိုက်နှက်ထိုးကြိတ်ပြီး အချုပ်ကားတွေပေါ် တင်ပြီး ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။

ဒီကနေ့ ၂၀၁၆ခုနှစ် မတ်လ (၅)ရက်နေ့ ဟာ မတ်လ(၅)ရက် အကြမ်းဖက် ဖမ်းဆီးခဲ့တဲ့တနှစ်ပြည့်ချိန်ဖြစ်လို့ အကြမ်းဖက်နှိမ်နှင်းမှုတွေမှာ မတရား ရိုက်နှက်ခံရတဲ့ ကျောင်းသားတွေအတွက် မျှတတဲ့ တရားရေးစီရင်မှု ရဖို့နဲ့ ဖမ်းဆီး ထိန်းသိမ်းထားဆဲ ကျောင်းသားတွေ နဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို လက်ရှိ အစိုးရဘက်က အမြန်ဆုံးပြန်လွှတ်ပေးဖို့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ တကသက ကျောင်းသားတွေက ဦးဆောင်ပြီးလှုပ်ရှားတဲ့ ဒီကနေ့ နှစ်ပတ်လည်နေ့ အခမ်းအနားဆုတောင်းပွဲကနေ တောင်းဆိုတယ်လို့ ဦးဆောင်သူ တကသ ကျောင်းသားခေါင်းဆောင်ကိုစိုးထက်က ပြောပါတယ်။

“မနှစ်က ပညာရေး သပိတ်စစ်ကြောင်းတွေကို အကြမ်းမဖက်ဖို့ တောင်းဆိုရင်း အကြမ်းဖက်ခံခဲ့ရတဲ့ နေ့ပေါ့။ အဲဒီ တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား အောက်မေ့ဖွယ်နေ့ ကျင်းပရင်းနဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် ကျွန်တော်တို့ ကျင်းပတာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ရှိနေသေးတယ်။ မလွတ်သေးတဲ့ ကျောင်းသားတွေ ရှိနေသေးတယ်။ အဲဒီ ကျောင်းသားတွေကို လွှတ်ပေးဖို့။ သူတို့ အစိုးရသစ် မပြောင်းခင်မှာ ကျောင်းသားတွေကို ထပ်ဖမ်းနေမယ်ဆိုရင် စစ်မှန်တဲ့ ဒီမိုကရေစီ ပြောင်းလဲရေး မဟုတ်ပဲနဲ့ ကျွန်တော်တို့ ဒုက္ခ တွေကိုပဲ ပြောင်းလဲပေးနေတယ်လို့ ကျနော်တို့ မြင်တယ်ခင်ဗျ။”

လက်ရှိအစိုးရအနေနဲ့လည်း ဖမ်းဆီးထိန်းသိမ်း ထားတဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ လိုအပ်သလို နောင်တက်လာမယ့် NLD ဦးဆောင်တဲ့ အစိုးရသစ် အနေနဲ့လည်း နိုင်ငံရေးအကျဉ်းသားတွေနဲ့ ကျောင်းသားတွေအရေး အလေးအနက်ထား ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်လို့ တကသ ကျောင်းသားကိုစိုးထက်က ပြောပါတယ်။

“နောက်အစိုးရတက်လာတဲ့ အခါကျရင်လည်း ဖမ်းဆီးခံထား ရတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးစေချင်တယ်ပေါ့။”

အခုချိန်အထိ အကျဉ်းထောင်အသီးသီးမှာ အကြမ်းဖက် ဖမ်းဆီး ထိန်းသိမ်းခံရဆဲ ဖြစ်တဲ့သပိတ်မှောက်ကျောင်းသား တွေနဲ့ ကျောင်းသားလှုပ်ရှားမှု တွေကို ဦးဆောင်ခဲ့တဲ့ ဗကသ၊ တကသကျောင်းသားခေါင်းဆောင်တွေကို ပဲခူးတိုင်း သာယာဝတီခရိုင် တရားရုံးနဲ့ ရန်ကုန်တိုင်းတွင်းက တရားရုံးအသီးသီးမှာ ရဲတွေဘက်က ခွင့်ပြုချက်မရပဲ ဆန္ဒပြမှု ပုဒ်မ(၁၈) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ (၅၀၀ )(၅၀၅) ခ စတဲ့ ပုဒ်မမျိုးစုံတပ်ပြီး မတရားသဖြင့် တရားစွဲဆိုနေတာတွေ ကို ရပ်တန်းက ရပ်ဖို့ နိုင်ငံရေး အကျဉ်းသားလှုပ်ရှားသူတွေက တောင်းဆိုပါတယ်။

အုပ်ချုပ်ရေးအာဏာ အလွှဲအပြောင်းကာလ ဒီမိုကရေစီ ပြုုပြင် ပြောင်းလဲရေး ဖော်ဆောင်နေချိန်မှာ မလုပ်သင့်၊ မလုပ်အပ်တဲ့အလုပ်ကို လက်ရှိအစိုးရက လုပ်နေတယ် လို့ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားသူ ကိုဘမျိုးသိန်းက ပြောပါတယ်။

“နိုင်ငံရေး အကျဉ်းသားကတော့ မရှိသင့်ဘူး။ မရှိသင့်တဲ့အပြင် ထပ်ပြီးတော့ ပုဒ်မတွေ၊ ပုဒ်မတွေနဲ့ ထပ်ပြီးတော့ စွဲတဲ့ ကိစ္စ ဘယ်လိုမှ လုပ်သင့်တဲ့ ကိစ္စ မဟုတ်ဘူး။ တရားမျှတတဲ့ ကိစ္စ မဟုတ်ဘူးပေါ့။ တရားရုံးတွေ တစ်ခုပြီး တစ်ခုပြောင်းတယ်။ မြို့နယ်တွေ တစ်ခုပြီး တစ်ခု ပြောင်းတယ်။ ကျောင်းသားတွေက နေ့စဉ် ရက်ဆက် ရုံးထွက်နေရတယ်။ ပင်ပန်းဆင်းရဲပြီးတော့ လူတွေက ကိုယ်ပင်ပန်း စိတ်ပင်ပန်းဖြစ်အောင် လုပ်ဆောင်နေတဲ့ကိစ္စ လူသားချင်း စာနာမှုအရကော၊ ကျောင်းသားချင်း စာနာမှုအရကော၊ မိဘချင်း စာနာမှုအရကော ဘယ်လိုမှမဖြစ်သင့်တဲ့ ကိစ္စပေါ့။ မလုပ်သင့်တဲ့ ကိစ္စပေါ့ လို့ ကျွန်တော်တို့ မြင်ပါတယ်။ လုံး၀ အမြန်ဆုံး ရပ်တန့်စေချင်ပါတယ်။”

အခုလို ဗကသ၊ တကသ ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ပုဒ်မတွေ အမျိုးမျိုးတပ်ပြီး တရားရုံးတွေမှာ တရားရင်ဆိုင်ခိုင်းနေတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးဖော်ဆောင်နေပါတယ်ဆိုတဲ့ လက်ရှိ အစိုးရရဲ့လုပ်ရပ်အပေါ် မေးခွန်းထုတ်စရာဖြစ်နေတယ်လို့လည်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားသူတွေက ဆိုပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့သူ နိုင်ငံရေးအကျဉ်းသားပေါင်းက ၈၀ကျော်ရှိပြီး လက်ရှိ တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူစုစုပေါင်း ၄၀၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG