သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဇာနည္ေန႔ ႏိုင္ငံေတာ္အခမ္းအနား စစ္ေကာင္စီသာသနာေရးဝန္ႀကီး တတ္ေရာက္


၇၄ ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအနားျမင္ကြင္း။ (ဓာတ္ပံု - MWD via AP ၀၇၊ ၁၉၊ ၂၀၂၁)

[Zawgyi/Unicode]

ဒီကေန႔မွာ က်ေရာက္တဲ့ ၇၄ ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအနားကို ရန္ကုန္ၿမိဳ႕ အာဇာနည္ဗိမာန္မွာ က်င္းပခဲ့ေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ အာဇာနည္ႀကီးေတြရဲ႕ မိသားစုဝင္တခ်ိဳ႕ တက္ေရာက္ျခင္းမရွိပါဘူး။ ရန္ကုန္အပါအဝင္ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ ျပည္သူေတြက အာဇာနည္ေန႔ အထိမ္းအမွတ္ ခ်ီတက္ၿပီး လြမ္းသူပန္းေခြခ်တာ၊ ဟြန္းသံရွည္တီးၿပီး အေလးျပဳတာေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ တခ်ိဳ႕ေနရာေတြမွာ အာဇာနည္ေန႔ အထိမ္းအမွတ္လုပ္လို႔ ဖမ္းဆီးခံရသူေတြလည္းရွိပါတယ္။ ႏိုင္ငံတဝန္းက အာဇာနည္ေန႔ က်င္းပၾကတဲ့ အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္း အလိမၼာ ေျပာျပပါမယ္။

၇၄ ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအနားျမင္ကြင္း။ (ဓာတ္ပံု - MWD via AP ၀၇၊ ၁၉၊ ၂၀၂၁)
၇၄ ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအနားျမင္ကြင္း။ (ဓာတ္ပံု - MWD via AP ၀၇၊ ၁၉၊ ၂၀၂၁)

စစ္တပ္အာဏာသိမ္း အုပ္ခ်ဳပ္ေနခ်ိန္နဲ႔ ကိုဗစ္ကပ္ေရာဂါျဖစ္ေနခ်ိန္ စစ္ေကာင္စီက ၇၄ ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအနားကို အက်ဥ္း႐ံုးသာ က်င္းပခဲ့တယ္လို႔ ေျပာႏိုင္ပါတယ္။ ႏိုင္ငံေတာ္အခမ္းအနားအျဖစ္ ရန္ကုန္ၿမိဳ႕ အာဇာနည္ဗိမာန္မွာ က်င္းပတဲ့ အခမ္းအနားမွာ အာဇာနည္ေခါင္းေဆာင္ႀကီးေတြရဲ႕ မိသားစုတခ်ဳိ႕နဲ႔ စစ္ေကာင္စီ တာဝန္႐ွိသူတခ်ဳိ႕သာ တက္ေရာက္ခဲ့ၿပီး ႏုိင္ငံျခားသံတမန္ေတြ၊ တက္ေရာက္တာ မ႐ွိခဲ့ပါဘူး။ စစ္ေကာင္စီဘက္ကလည္း သာသနာေရးနဲ႔ ယဥ္ေက်းမႈ ဝန္ႀကီး ဦးကိုကိုသာ တက္ေရာက္ဂါရဝ ျပဳခဲ့ပါတယ္။

NLD အစိုးရလက္ထက္က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ တက္ေရာက္ဂါရဝျပဳခဲ့ေပမဲ့ ဒီေန႔မွာေတာ့ တက္ေရာက္ျခင္း မ႐ွိပါဘူး။ ႏိုင္ငံျခားသတင္းေထာက္ေတြကိုလည္း သတင္းယူဖို႔ ဖိတ္ၾကားတာ မ႐ွိခဲ့ပါဘူး။ အာဇာနည္ေခါင္းေဆာင္ႀကီးေတြထဲက ဗိုလ္ခ်ဳပ္ေအာင္ဆန္းအပါအဝင္ အာဇာနည္ႀကီးတခ်ဳိ႕ရဲ႕ မိသားစုဝင္ေတြ မတက္ေရာက္ဘဲ လြမ္းသူ႔ပန္းေခြခ်တာကိုေတာ့ စစ္တပ္ပိုင္ ျမဝတီ႐ုပ္သံမွာ ထုတ္လႊင့္ျပသပါတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ မိသားစု ကိုယ္စားရန္ကုန္ စည္ပင္ဌာနမွဴး ေဒါက္တာတိုးေအာင္ဆိုသူ လြမ္းသူ႔ပန္းေခြခ်ပါတယ္။ အာဇာနည္ေန႔ အခမ္းအနားတက္ေရာက္ဖုိ႔ ဖိတ္ၾကားခံရေပမဲ့ က်န္းမာေရး အေျခအေနေၾကာင့္ မတက္ေရာက္ျဖစ္ခဲ့ဘူးလို႔ သခင္ျမရဲ႕ သားျဖစ္သူ ဦးရဲျမင့္ေအာင္က VOA ကို ေျပာပါတယ္။

“အန္ကယ္က မ်က္စိခြဲဖို႔ရွိတယ္။ မ်က္စိခြဲဖို႔ရွိတာကို ဆရာဝန္က Cancel လုပ္ထားတယ္။ ခုလဲ အန္ကယ္က မ်က္စိ ဝါးဝါးႀကီး ျဖစ္ေနေတာ့ ၾကည့္လို႔မေကာင္းဘူးကြာ။ ၾကည့္လို႔မေကာင္းေတာ့ အန္ကယ္က သြားဖို႔ အစီအစဥ္ မရွိဘူေလ။ ဇူလိုင္ ၁၅ ရက္ေလာက္ကတည္းက လွမ္းၿပီး အေၾကာင္းၾကားထားတယ္။ က်ေနာ္ မတက္ႏိုင္ဘူး။ ညီမကို လႊတ္ဖို႔က်ေတာ့လည္း ညီမက ေျခေထာက္က်ိဳးလို႔ ေပါင္က်ိဳးတာ စတီးေခ်ာင္းထည့္ထားရေတာ့ သူကလည္း အဆင္မေျပဘူး။ အန္ကယ္ အမ်ိဳးသမီးကို လႊတ္ဖို႔က သူလည္း ႏွာေတြ စီးေနေတာ့ ဒီအခ်ိန္က အျပင္မထြက္တာ အသင့္ေတာ္ဆုံးပဲေလ၊ ကိုယ့္အိမ္ကသာ အလုံၿခဳံဆုံးမလား။ ဒါေၾကာင့္ အန္ကယ္က က်န္းမာေရးေၾကာင့္ မတက္ျဖစ္လိုက္ဘူး။”

ကိုယ္တိုင္မတက္ေရာက္ႏိုင္တဲ့အတြက္ စစ္ေကာင္စီရဲ႕ အာဇာနည္ေန႔ ျဖစ္ေျမာက္ေရးေကာ္မတီကို ဖုန္းဆက္ၿပီး ကိုယ္စား လြမ္းသူပန္းေခြခ်ေပးဖို႔ ေျပာခဲ့တယ္လို႔ ဦးရဲျမင့္ေအာင္ ကေျပာပါတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊ ဦးဘဝင္း၊ သခင္ျမနဲ႔ ရဲေဘာ္ကိုေထြးတို႔ရဲ႕ မိသားစုဝင္ေတြ ဒီေန႔ ႏိုင္ငံေတာ္အခမ္းအနားကို တက္ေရာက္ျခင္း မ႐ွိခဲ့ပါဘူး။

ဒီႏွစ္အာဇာနည္ေန႔မွာ အာဇာနည္ႀကီးေတြနဲ႔ ပတ္သက္တဲ့ ရန္ကုန္ၿမိဳ႕က ဝန္ႀကီးမ်ား႐ံုး၊ ဗိုလ္ခ်ဳပ္ျပတိုက္စတဲ့ေနရာေတြကိုလည္း ပိတ္ထားသလို အဲဒီေနရာေတြနားတဝိုက္ စစ္တပ္က လံုၿခံဳေရးယူထားတယ္လို႔ ရန္ကုန္ၿမိဳ႕ခံေတြကေျပာပါတယ္။ စစ္ေကာင္စီထုတ္ သတင္းစာေတြရဲ႕ မ်က္ႏွာဖံုးေတြမွာေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအပါအဝင္ အာဇာနည္ႀကီး ၉ ဦးရဲ႕ ဓါတ္ပံုေတြကို ၇၄ ႏွစ္ေျမာက္ အာဇာနည္ေန႔အထိမ္းအမွတ္အျဖစ္ ေဖာ္ျပပါတယ္။ အာဇာနည္ႀကီးေတြ က်ဆံုးခ်ိန္ မနက္ ၁၀ နာရီ ၃၇ မိနစ္မွာ တခ်ဳိ႕က ကားဟြန္းတီး ဂုဏ္ျပဳတာ လမ္းသြားတခ်ဳိ႕ ရပ္ၿပီး ဦးညႊတ္အေလးျပဳတာမ်ဳိးေတြ ႐ွိခဲ့ပါတယ္။

စစ္အာဏာသိမ္းမႈဆန္႔က်င္သူေတြကေတာ့ ဒီေန႔ ဆႏၵျပပဲြေတြကို အာဇာနည္ေန႔အတြက္ ရည္႐ြယ္ခ်ီတက္ခဲ့ၾကပါတယ္။ ရန္ကုန္မွာ ပစ္ခတ္ၿဖိဳခဲြမႈေတြ႐ွိခဲ့ၿပီး တခ်ဳ႕ိဖမ္းဆီးခံခဲ့ရပါတယ္။ သာေကတၿမိဳ႕နယ္က ဆႏၵျပစစ္ေၾကာင္းမွာ ဖမ္းဆီးခံရသူေတြ ရွိသလို မနက္ပိုင္းက လႈိင္ၿမိဳ႕နယ္ ဗဟိုလမ္းမွာ ျပဳလုပ္ဖို႔ စီစဥ္ထားတဲ့ ဆႏၵျပစစ္ေၾကာင္းကို စစ္ကား ၈ စီးေလာက္နဲ႔ ေရာက္လာၿပီး ပစ္ခတ္ဖမ္းဆီးခဲ့တဲ့အတြက္ လူတစ္ဦး ဖမ္းခံရတယ္လို႔ ဒီေန႔ သပိတ္ဦးေဆာင္သူတစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔႔ မနက္ပိုင္းက လႈိင္ၿမိဳ႕နယ္က ဗဟိုလမ္းမွာ သပိတ္လုပ္ဖို႔ တည္တဲ့ အခ်ိန္မွာ စစ္အင္အား ကား ၈စီးနဲ႔ အလုံးအရင္းနဲ႔ ဝင္စီးၿပီးေတာ့ ဖမ္းသြားတယ္။ ပစ္ၿပီးေတာ့ ဖမ္းတာမ်ိဳးေတြ လုပ္တယ္။ ဒါေပမဲ့ အဲ့ဒီမွာ က်ေနာ္တို႔ ဆႏၵျပ ေက်ာင္းသားေတြ၊ လူငယ္ေတြ မမိဘဲနဲ႔ အနီးအနားမွာ ရပ္ေနတဲ့ ဆိုက္ကားဆရာႀကီး ဖမ္းခံလိုက္ရတယ္။ ဒါကေတာ့ က်ေနာ္တို႔ ပထမ ၾကိဳးစားတာေပါ့။ ၁၀ နာရီ ၃၇ မွာ ဟြန္းေတြ တီးၿပီး ဒီသပိတ္နဲ႔ အတူ က်ေနာ္တို႔ ျပည္သူေတြ အေလးျပဳၾကဖို႔ ႏႈိးေဆာ္မယ္လို႔ ႀကိဳးစားခဲ့ၾကေပမယ့္ စစ္အစိုးရက လက္ဦးမႈ ရသြားတယ္ဗ်။ အဲ့အတြက္ က်ေနာ္တို႔ မနက္ပိုင္းလုပ္မယ့္ သပိတ္ကို ဖ်က္လိုက္ရပါတယ္။ အဲ့ဒါနဲ႔ အားခ်င္း က်ေနာ္တို႔ ညေနပိုင္းမွာ ျပန္ထြက္ႏိုင္ဖို႔ ႀကိဳးစားတဲ့ခါမွာ စစ္ေကာင္စီဘက္က သဘာဝေဘးအႏၲရာယ္ ပုဒ္မေတြနဲ႔လည္း ဖြင့္ထားတာေတြ ရွိေတာ့ က်ေနာ္တို႔႔ လူေတြ အမ်ားႀကီး မေခၚေတာ့ဘူး။ က်ေနာ္တို႔ ပံုမွန္ထြက္မယ္တို႔ အေယာက္ ၂၀၀၊ ၃၀၀ ေလာက္အထိ ပါမယ့္ သပိတ္တစ္ခုကို ပိုၿပီး လူအင္အား က်စ္လစ္ေအာင္လုပ္တယ္။ ၿပီးေတာ့ က်ေနာ္တို႔ လူအင္အား ၅၀ နီးပါးေလာက္နဲ သပိတ္တစ္ခု ႀကိဳးစားခဲ့တယ္။ က်ေနာ္တို႔ က်ဆုံးေလၿပီးေသာ အာဇာနည္ ၉ ဦးနဲ႔ ေႏြဦးေတာ္လွန္ေရးမွာ က်ဆုံးသြားတဲ့ အာဇာနည္ေတြကို အေလးျပဳၿပီး အထိမ္းအမွတ္အေနနဲ႔ ျပလုပ္ခဲ့ပါတယ္။ ၿပီးေတာ့ လူစုခြဲခဲ့တယ္ေပါ့။ ညေနပိုင္းမွာေတာ့ အဖမ္းအဆီးမရွိခဲ့ပါဘူး။”

မုံ႐ြာၿမိဳ႕မွာလည္း ဒီကေန႔မွာ ဗိုလ္ခ်ဳပ္လမ္း၊ ၿမိဳ႕လယ္မီးပြိဳင့္အထိ ခ်ီတက္ ဆႏၵျပခဲ့ၾကသလို အာဇာနည္ေတြအတြက္ အေလးျပဳတာ၊ ဟြန္းသံရွည္တီးတာေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ ဟြန္းသံရွည္တီးၿပီး အေလးျပဳတဲ့အတြက္ စစ္ေကာင္စီက ဖမ္းဆီးသြားတာေတြလည္း ရွိတယ္လို႔ ဒီကေန႔ မုံ႐ြာသပိတ္ ဦးေဆာင္သူတစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။

“ဒီကေန႔ မနက္ အေစာပိုင္းမွာေတာ့ မုံ႐ြာပင္မသပိတ္က ‘အာဇာနည္မ်ိဳးေသ႐ိုးမရွိ’ ဆိုတဲ့ စာတန္းကို ကိုင္ၿပီးေတာ့ မုံ႐ြာၿမိဳ႕ရဲ႕ အထင္ကရျဖစ္တဲ့ ဗိုလ္ခ်ဳပ္လမ္း ၿမိဳ႕လယ္မီးပြီဳင့္အထိ ခ်ီတက္ၿပီးေတာ့ ဆႏၵျပခဲ့တယ္။ ေနာက္တစ္ခုက မုံ႐ြာပင္မသပိတ္နဲ႔ ရပ္ကြက္စစ္ေၾကာင္းတစ္ခုနဲ႔ ေပါင္းၿပီးေတာ့ ၁၀ နာရီ ၃၇ မိနစ္မွာ အာဇာနည္ေန႔ အခမ္းအနားေပါ့၊ က်ဆုံးသြားတဲ့ အာဇာနည္ေခါင္းေဆာင္ေတြကို ေအာက္ေမ့သတိရေသာအားျဖင့္ ၿငိမ္သက္အေလးျပဳခဲ့ၾကတယ္။ ပြဲႏွစ္ခုေတာ့ လုပ္ခဲ့တယ္ဗ်။ မုံ႐ြာအေနနဲ႔။ ဒီေန႔ကေတာ့ ခါတိုင္းေန႔ေတြနဲ႔စာရင္ မုံ႐ြာမွာရွိတဲ့လမ္းေတြေပၚမွာ သူတို႔က (စစ္ေကာင္စီတပ္သား) ရွာေဖြတာေတြ ကင္းပုန္းဝပ္တာေတြ ရွိတယ္ဗ်။ ရပ္ကြက္တစ္ခုမွာလုပ္တဲ့ အာဇာနည္ေန႔ အခမ္းအနားမွာလည္း သူတို႔ သိသိခ်င္းေရာက္လာၾကတယ္ေပါ့။ စစ္ေၾကာင္းလိုက္ပါသူေတြရဲ႕ ဆိုင္ကယ္ အစီး ၃၀ ေလာက္ကို သူတို႔ကသိမ္းယူသြားတယ္ဗ်။ လူေတြကေတာ့ ေအာင္ေအာင္ျမင္ျမင္ လူစုခြဲႏိုင္တယ္။ က်န္တဲ့ မသက္ဆိုင္တဲ့ အဲ့ဒီရပ္ကြက္ထဲက လူငယ္ အခ်ိဳ႕ကိုလည္း ဖမ္းသြားတာကို က်ေနာ္တို႔ ေတြ႕ရတယ္ဗ်။ အဲ့ဒီေနရာက လူငယ္ ၄ ေယာက္ ေလာက္ရယ္၊ က်န္တဲ့ ေနရာက သာစည္လမ္းနားေလးက ဆိုင္ကယ္ဟြန္းတီးလို႔ က်ေနာ္တို႔ သိထားတယ္ဗ်၊ ဖမ္းခံရတာ။”

စစ္ကိုင္းတိုင္း ေရဦးၿမိဳ႕က ၾကာပန္းအဝိုင္းမွာ ဒီကေန႔ မနက္ပိုင္းက ဗုံးေပါက္ကြဲမႈ တစ္ခုျဖစ္ခဲ့ပါတယ္။ ဇူလိုင္လ ၇ ရက္ ညပိုင္းက ကင္းလွည့္ရဲကား မိုင္းခြဲတိုက္ခိုက္ခံရမႈမွာ က်ဆုံးသြားခဲ့တဲ့ ျပည္သူတစ္ဦးအတြက္ ဒီကေန႔ အာဇာနည္ေန႔ အထိမ္းအမွတ္ ပန္းေခြခ်ထားတာကို ရဲေတြ သြားရွင္းလင္းတာမွာ ေပါက္ကြဲခဲ့တာျဖစ္ၿပီး ရဲ ၂ ဦး ထိခိုက္ဒဏ္ရာရထားတယ္လို႔ ေဒသခံတစ္ဦး ေျပာပါတယ္။

“လြမ္းသူပန္းေခြလာခ်ထားတယ္ သတင္းၾကားေတာ့ ရဲေတြက လာရွင္းတာေပါ့။ လာရွင္းေတာ့ အဲ့မွာ ဗုံးကြဲသြားေရာ၊ ဗုံးေထာင္ထားခဲ့တာ။ အဲ့မွာ ၂ ေယာက္ထိသြားတာေပါ့။ တစ္ေယာက္ ဒုရဲအုပ္လို႔ၾကားတယ္။ အဲ့ဒီ ဒုရဲအုပ္ကေတာ့ ေတာ္ေတာ္ဒဏ္ရာျပင္းတယ္လို႔ေျပာတယ္။ အဲ့ဒီ တူမီးေသနတ္သမားေလး ေသသြားတဲ့ ေနရာမွာပဲ ခ်ထားတာဗ်။ ဘယ္သူခ်လို႔ ခ်သြားမွန္း မသိဘူးေပါ့။ က်ေနာ္တို႔ဆီမွာက PDF လို႔လည္း အဲ့ဒီလို သတ္သတ္မွတ္မွတ္မရွိေတာ့ သူတို႔လည္း ဘယ္လိုက္လို႔ လိုက္ရမွန္း မသိဘူးျဖစ္ေနတယ္။ ခုၿမိဳ႕ထဲ လုံၿခဳံေရး အေျခအေနကေတာ့ ဘာမွ မခ်ထားဘူးဗ်။ ဘာမွ မရွိဘူး။ စစ္သားေတြ၊ ရဲေတြ ဘာမွမရွိဘူး။ ျဖစ္ျဖစ္ခ်င္းေတာ့ ရဲေတြ ေရာက္လာတာေပါ့။”

ဒီကေန႔ ၇၄ ႏွစ္ေျမာက္ အာဇာနည္ေန႔မွာ ရန္ကုန္၊ မႏၲေလး၊ ကေလး၊ မုံ႐ြာ၊ ထားဝယ္ စတဲ့ ႏိုင္ငံအႏွံ႔က ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ စစ္အာဏာရွင္ ဆန္႔က်င္ေရး ခ်ီတက္ ဆႏၵျပခဲ့ၾကသလို၊ အာဇာနည္ေန႔ အထိမ္းအမွတ္ လြမ္းသူ႔ ပန္းေခြခ်ၿပီး အေလးျပဳတာ၊ ဟြန္းသံရွည္တီးၿပီး ၿငိမ္သက္ အေလးျပဳတာေတြကို အက်ဥ္း႐ုံးလုပ္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနား စစ်ကောင်စီသာသနာရေးဝန်ကြီး တတ်ရောက်

ဒီကနေ့မှာ ကျရောက်တဲ့ ၇၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဇာနည်ကြီးတွေရဲ့ မိသားစုဝင်တချို့ တက်ရောက်ခြင်းမရှိပါဘူး။ ရန်ကုန်အပါအဝင် မြို့တော်တော်များများမှာ ပြည်သူတွေက အာဇာနည်နေ့ အထိမ်းအမှတ် ချီတက်ပြီး လွမ်းသူပန်းခွေချတာ၊ ဟွန်းသံရှည်တီးပြီး အလေးပြုတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ တချို့နေရာတွေမှာ အာဇာနည်နေ့ အထိမ်းအမှတ်လုပ်လို့ ဖမ်းဆီးခံရသူတွေလည်းရှိပါတယ်။ နိုင်ငံတဝန်းက အာဇာနည်နေ့ ကျင်းပကြတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်း အလိမ္မာ ပြောပြပါမယ်။

စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေချိန်နဲ့ ကိုဗစ်ကပ်ရောဂါဖြစ်နေချိန် စစ်ကောင်စီက ၇၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အကျဉ်းရုံးသာ ကျင်းပခဲ့တယ်လို့ ပြောနိုင်ပါတယ်။ နိုင်ငံတော်အခမ်းအနားအဖြစ် ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပတဲ့ အခမ်းအနားမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုတချို့နဲ့ စစ်ကောင်စီ တာဝန်ရှိသူတချို့သာ တက်ရောက်ခဲ့ပြီး နိုင်ငံခြားသံတမန်တွေ၊ တက်ရောက်တာ မရှိခဲ့ပါဘူး။ စစ်ကောင်စီဘက်ကလည်း သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး ဦးကိုကိုသာ တက်ရောက်ဂါရဝ ပြုခဲ့ပါတယ်။

NLD အစိုးရလက်ထက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဂါရဝပြုခဲ့ပေမဲ့ ဒီနေ့မှာတော့ တက်ရောက်ခြင်း မရှိပါဘူး။ နိုင်ငံခြားသတင်းထောက်တွေကိုလည်း သတင်းယူဖို့ ဖိတ်ကြားတာ မရှိခဲ့ပါဘူး။ အာဇာနည်ခေါင်းဆောင်ကြီးတွေထဲက ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကြီးတချို့ရဲ့ မိသားစုဝင်တွေ မတက်ရောက်ဘဲ လွမ်းသူ့ပန်းခွေချတာကိုတော့ စစ်တပ်ပိုင် မြဝတီရုပ်သံမှာ ထုတ်လွှင့်ပြသပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစု ကိုယ်စားရန်ကုန် စည်ပင်ဌာနမှူး ဒေါက်တာတိုးအောင်ဆိုသူ လွမ်းသူ့ပန်းခွေချပါတယ်။ အာဇာနည်နေ့ အခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားခံရပေမဲ့ ကျန်းမာရေး အခြေအနေကြောင့် မတက်ရောက်ဖြစ်ခဲ့ဘူးလို့ သခင်မြရဲ့ သားဖြစ်သူ ဦးရဲမြင့်အောင်က VOA ကို ပြောပါတယ်။

“အန်ကယ်က မျက်စိခွဲဖို့ရှိတယ်။ မျက်စိခွဲဖို့ရှိတာကို ဆရာဝန်က Cancel လုပ်ထားတယ်။ ခုလဲ အန်ကယ်က မျက်စိ ဝါးဝါးကြီး ဖြစ်နေတော့ ကြည့်လို့မကောင်းဘူးကွာ။ ကြည့်လို့မကောင်းတော့ အန်ကယ်က သွားဖို့ အစီအစဉ် မရှိဘူလေ။ ဇူလိုင် ၁၅ ရက်လောက်ကတည်းက လှမ်းပြီး အကြောင်းကြားထားတယ်။ ကျနော် မတက်နိုင်ဘူး။ ညီမကို လွှတ်ဖို့ကျတော့လည်း ညီမက ခြေထောက်ကျိုးလို့ ပေါင်ကျိုးတာ စတီးချောင်းထည့်ထားရတော့ သူကလည်း အဆင်မပြေဘူး။ အန်ကယ် အမျိုးသမီးကို လွှတ်ဖို့က သူလည်း နှာတွေ စီးနေတော့ ဒီအချိန်က အပြင်မထွက်တာ အသင့်တော်ဆုံးပဲလေ၊ ကိုယ့်အိမ်ကသာ အလုံခြုံဆုံးမလား။ ဒါကြောင့် အန်ကယ်က ကျန်းမာရေးကြောင့် မတက်ဖြစ်လိုက်ဘူး။”

ကိုယ်တိုင်မတက်ရောက်နိုင်တဲ့အတွက် စစ်ကောင်စီရဲ့ အာဇာနည်နေ့ ဖြစ်မြောက်ရေးကော်မတီကို ဖုန်းဆက်ပြီး ကိုယ်စား လွမ်းသူပန်းခွေချပေးဖို့ ပြောခဲ့တယ်လို့ ဦးရဲမြင့်အောင် ကပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ သခင်မြနဲ့ ရဲဘော်ကိုထွေးတို့ရဲ့ မိသားစုဝင်တွေ ဒီနေ့ နိုင်ငံတော်အခမ်းအနားကို တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

ဒီနှစ်အာဇာနည်နေ့မှာ အာဇာနည်ကြီးတွေနဲ့ ပတ်သက်တဲ့ ရန်ကုန်မြို့က ဝန်ကြီးများရုံး၊ ဗိုလ်ချုပ်ပြတိုက်စတဲ့နေရာတွေကိုလည်း ပိတ်ထားသလို အဲဒီနေရာတွေနားတဝိုက် စစ်တပ်က လုံခြုံရေးယူထားတယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။ စစ်ကောင်စီထုတ် သတင်းစာတွေရဲ့ မျက်နှာဖုံးတွေမှာတော့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကြီး ၉ ဦးရဲ့ ဓါတ်ပုံတွေကို ၇၄ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဖော်ပြပါတယ်။ အာဇာနည်ကြီးတွေ ကျဆုံးချိန် မနက် ၁၀ နာရီ ၃၇ မိနစ်မှာ တချို့က ကားဟွန်းတီး ဂုဏ်ပြုတာ လမ်းသွားတချို့ ရပ်ပြီး ဦးညွှတ်အလေးပြုတာမျိုးတွေ ရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်သူတွေကတော့ ဒီနေ့ ဆန္ဒပြပွဲတွေကို အာဇာနည်နေ့အတွက် ရည်ရွယ်ချီတက်ခဲ့ကြပါတယ်။ ရန်ကုန်မှာ ပစ်ခတ်ဖြိုခွဲမှုတွေရှိခဲ့ပြီး တချု့ိဖမ်းဆီးခံခဲ့ရပါတယ်။ သာကေတမြို့နယ်က ဆန္ဒပြစစ်ကြောင်းမှာ ဖမ်းဆီးခံရသူတွေ ရှိသလို မနက်ပိုင်းက လှိုင်မြို့နယ် ဗဟိုလမ်းမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဆန္ဒပြစစ်ကြောင်းကို စစ်ကား ၈ စီးလောက်နဲ့ ရောက်လာပြီး ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက် လူတစ်ဦး ဖမ်းခံရတယ်လို့ ဒီနေ့ သပိတ်ဦးဆောင်သူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ မနက်ပိုင်းက လှိုင်မြို့နယ်က ဗဟိုလမ်းမှာ သပိတ်လုပ်ဖို့ တည်တဲ့ အချိန်မှာ စစ်အင်အား ကား ၈စီးနဲ့ အလုံးအရင်းနဲ့ ဝင်စီးပြီးတော့ ဖမ်းသွားတယ်။ ပစ်ပြီးတော့ ဖမ်းတာမျိုးတွေ လုပ်တယ်။ ဒါပေမဲ့ အဲ့ဒီမှာ ကျနော်တို့ ဆန္ဒပြ ကျောင်းသားတွေ၊ လူငယ်တွေ မမိဘဲနဲ့ အနီးအနားမှာ ရပ်နေတဲ့ ဆိုက်ကားဆရာကြီး ဖမ်းခံလိုက်ရတယ်။ ဒါကတော့ ကျနော်တို့ ပထမ ကြိုးစားတာပေါ့။ ၁၀ နာရီ ၃၇ မှာ ဟွန်းတွေ တီးပြီး ဒီသပိတ်နဲ့ အတူ ကျနော်တို့ ပြည်သူတွေ အလေးပြုကြဖို့ နှိုးဆော်မယ်လို့ ကြိုးစားခဲ့ကြပေမယ့် စစ်အစိုးရက လက်ဦးမှု ရသွားတယ်ဗျ။ အဲ့အတွက် ကျနော်တို့ မနက်ပိုင်းလုပ်မယ့် သပိတ်ကို ဖျက်လိုက်ရပါတယ်။ အဲ့ဒါနဲ့ အားချင်း ကျနော်တို့ ညနေပိုင်းမှာ ပြန်ထွက်နိုင်ဖို့ ကြိုးစားတဲ့ခါမှာ စစ်ကောင်စီဘက်က သဘာဝဘေးအန္တရာယ် ပုဒ်မတွေနဲ့လည်း ဖွင့်ထားတာတွေ ရှိတော့ ကျနော်တို့ လူတွေ အများကြီး မခေါ်တော့ဘူး။ ကျနော်တို့ ပုံမှန်ထွက်မယ်တို့ အယောက် ၂၀၀၊ ၃၀၀ လောက်အထိ ပါမယ့် သပိတ်တစ်ခုကို ပိုပြီး လူအင်အား ကျစ်လစ်အောင်လုပ်တယ်။ ပြီးတော့ ကျနော်တို့ လူအင်အား ၅၀ နီးပါးလောက်နဲ သပိတ်တစ်ခု ကြိုးစားခဲ့တယ်။ ကျနော်တို့ ကျဆုံးလေပြီးသော အာဇာနည် ၉ ဦးနဲ့ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ အာဇာနည်တွေကို အလေးပြုပြီး အထိမ်းအမှတ်အနေနဲ့ ပြလုပ်ခဲ့ပါတယ်။ ပြီးတော့ လူစုခွဲခဲ့တယ်ပေါ့။ ညနေပိုင်းမှာတော့ အဖမ်းအဆီးမရှိခဲ့ပါဘူး။”

မုံရွာမြို့မှာလည်း ဒီကနေ့မှာ ဗိုလ်ချုပ်လမ်း၊ မြို့လယ်မီးပွိုင့်အထိ ချီတက် ဆန္ဒပြခဲ့ကြသလို အာဇာနည်တွေအတွက် အလေးပြုတာ၊ ဟွန်းသံရှည်တီးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဟွန်းသံရှည်တီးပြီး အလေးပြုတဲ့အတွက် စစ်ကောင်စီက ဖမ်းဆီးသွားတာတွေလည်း ရှိတယ်လို့ ဒီကနေ့ မုံရွာသပိတ် ဦးဆောင်သူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီကနေ့ မနက် အစောပိုင်းမှာတော့ မုံရွာပင်မသပိတ်က ‘အာဇာနည်မျိုးသေရိုးမရှိ’ ဆိုတဲ့ စာတန်းကို ကိုင်ပြီးတော့ မုံရွာမြို့ရဲ့ အထင်ကရဖြစ်တဲ့ ဗိုလ်ချုပ်လမ်း မြို့လယ်မီးပွီုင့်အထိ ချီတက်ပြီးတော့ ဆန္ဒပြခဲ့တယ်။ နောက်တစ်ခုက မုံရွာပင်မသပိတ်နဲ့ ရပ်ကွက်စစ်ကြောင်းတစ်ခုနဲ့ ပေါင်းပြီးတော့ ၁၀ နာရီ ၃၇ မိနစ်မှာ အာဇာနည်နေ့ အခမ်းအနားပေါ့၊ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်တွေကို အောက်မေ့သတိရသောအားဖြင့် ငြိမ်သက်အလေးပြုခဲ့ကြတယ်။ ပွဲနှစ်ခုတော့ လုပ်ခဲ့တယ်ဗျ။ မုံရွာအနေနဲ့။ ဒီနေ့ကတော့ ခါတိုင်းနေ့တွေနဲ့စာရင် မုံရွာမှာရှိတဲ့လမ်းတွေပေါ်မှာ သူတို့က (စစ်ကောင်စီတပ်သား) ရှာဖွေတာတွေ ကင်းပုန်းဝပ်တာတွေ ရှိတယ်ဗျ။ ရပ်ကွက်တစ်ခုမှာလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားမှာလည်း သူတို့ သိသိချင်းရောက်လာကြတယ်ပေါ့။ စစ်ကြောင်းလိုက်ပါသူတွေရဲ့ ဆိုင်ကယ် အစီး ၃၀ လောက်ကို သူတို့ကသိမ်းယူသွားတယ်ဗျ။ လူတွေကတော့ အောင်အောင်မြင်မြင် လူစုခွဲနိုင်တယ်။ ကျန်တဲ့ မသက်ဆိုင်တဲ့ အဲ့ဒီရပ်ကွက်ထဲက လူငယ် အချို့ကိုလည်း ဖမ်းသွားတာကို ကျနော်တို့ တွေ့ရတယ်ဗျç လူငယ် ၄ ယောက် လောက်ရယ်၊ ကျန်တဲ့ နေရာက သာစည်လမ်းနားလေးက ဆိုင်ကယ်ဟွန်းတီးလို့ ကျနော်တို့ သိထားတယ်ဗျ၊ ဖမ်းခံရတာ။”

စစ်ကိုင်းတိုင်း ရေဦးမြို့က ကြာပန်းအဝိုင်းမှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပါတယ်။ ဇူလိုင်လ ၇ ရက် ညပိုင်းက ကင်းလှည့်ရဲကား မိုင်းခွဲတိုက်ခိုက်ခံရမှုမှာ ကျဆုံးသွားခဲ့တဲ့ ပြည်သူတစ်ဦးအတွက် ဒီကနေ့ အာဇာနည်နေ့ အထိမ်းအမှတ် ပန်းခွေချထားတာကို ရဲတွေ သွားရှင်းလင်းတာမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ ဒေသခံတစ်ဦး ပြောပါတယ်။

“လွမ်းသူပန်းခွေလာချထားတယ် သတင်းကြားတော့ ရဲတွေက လာရှင်းတာပေါ့။ လာရှင်းတော့ အဲ့မှာ ဗုံးကွဲသွားရော၊ ဗုံးထောင်ထားခဲ့တာ။ အဲ့မှာ ၂ ယောက်ထိသွားတာပေါ့။ တစ်ယောက် ဒုရဲအုပ်လို့ကြားတယ်။ အဲ့ဒီ ဒုရဲအုပ်ကတော့ တော်တော်ဒဏ်ရာပြင်းတယ်လို့ပြောတယ်။ အဲ့ဒီ တူမီးသေနတ်သမားလေး သေသွားတဲ့ နေရာမှာပဲ ချထားတာဗျ။ ဘယ်သူချလို့ ချသွားမှန်း မသိဘူးပေါ့။ ကျနော်တို့ဆီမှာက PDF လို့လည်း အဲ့ဒီလို သတ်သတ်မှတ်မှတ်မရှိတော့ သူတို့လည်း ဘယ်လိုက်လို့ လိုက်ရမှန်း မသိဘူးဖြစ်နေတယ်။ ခုမြို့ထဲ လုံခြုံရေး အခြေအနေကတော့ ဘာမှ မချထားဘူးဗျ။ ဘာမှ မရှိဘူး။ စစ်သားတွေ၊ ရဲတွေ ဘာမှမရှိဘူး။ ဖြစ်ဖြစ်ချင်းတော့ ရဲတွေ ရောက်လာတာပေါ့။”

ဒီကနေ့ ၇၄ နှစ်မြောက် အာဇာနည်နေ့မှာ ရန်ကုန်၊ မန္တလေး၊ ကလေး၊ မုံရွာ၊ ထားဝယ် စတဲ့ နိုင်ငံအနှံ့က မြို့တော်တော်များများမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြသလို၊ အာဇာနည်နေ့ အထိမ်းအမှတ် လွမ်းသူ့ ပန်းခွေချပြီး အလေးပြုတာ၊ ဟွန်းသံရှည်တီးပြီး ငြိမ်သက် အလေးပြုတာတွေကို အကျဉ်းရုံးလုပ်ခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG