သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဏာသိမ္းမႈ ဆန္႔က်င္ေရး ျပည္ပေရာက္ ျမန္မာေတြ ဆက္လက္ႏႊဲ


နယ္သာလန္မွာ ျပဳလုပ္တဲ့ ျမန္မာ့ေႏြဦးေတာ္လွန္ေရး လႈပ္ရွားမႈ။ (ဇူလုိင္ ၁၈၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

(Zawgyi / Unicode)

ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြက ကမၻာလုံးဆိုင္ရာ ေႏြဦးေတာ္လွန္ေရး လႈပ္ရွားမႈဆိုတဲ့ ေခါင္းစဥ္နဲ႔ ဇူလိုင္ ၁၇ နဲ႔ ၁၈ ရက္ေန႔ေတြမွာ ကမ႓ာတလႊား ဆႏၵျပေနၾကပါတယ္။

နယ္သာလန္ႏိုင္ငံေရာက္ ျမန္မာ့အေရး လႈပ္ရွားသူေတြကေတာ့ ဇူလိုင္ ၁၉ အာဇာနည္ေန႔အတြက္ေရာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ရင္း ျပည္တြင္းမွာ ေသဆုံးခဲ့ရသူေတြအတြက္ပါ ဝမ္းနည္းေၾကာင္း ထုတ္ေဖာ္တဲ့အေနနဲ႔ နယ္သာလန္ ဒါဟမ္းၿမိဳ႕မွာ ဆႏၵထုတ္ေဖာ္ခဲ့ၾကတယ္လို႔ ကိုယ္တိုင္ပါဝင္သူ မသင္းသင္းေဆြက ဗြီအိုေအကို ေျပာပါတယ္။

“က်မတုိ႔ နယ္သာလန္ႏုိင္ငံမွာ ၁၉ ရက္ေန႔ အာဇာနည္ေန႔အတြက္ ဂုဏ္ျပဳတဲ့အေနနဲ႔ေရာ ေႏြဦးေတာ္လွန္ေရးမွာ က်ဆုံးသြားတဲ့ အာဇာနည္ သူရဲေကာင္းေလးေတြ အတြက္ကုိပါ အေလးျပဳတဲ့အေနနဲ႔ ဆႏၵထုတ္ေဖာ္ျပရျခင္း ျဖစ္ပါတယ္။”

နယ္သာလန္မွာ ျပဳလုပ္တဲ့ ျမန္မာ့ေႏြဦးေတာ္လွန္ေရး လႈပ္ရွားမႈ။ (ဇူလုိင္ ၁၈၊ ၂၀၂၁။ ဓာတ္ပုံ - CJ)
နယ္သာလန္မွာ ျပဳလုပ္တဲ့ ျမန္မာ့ေႏြဦးေတာ္လွန္ေရး လႈပ္ရွားမႈ။ (ဇူလုိင္ ၁၈၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

လူ ၁၀၀ ေက်ာ္ တက္ေရာက္တဲ့ အဲဒီအခမ္းအနားမွာ လက္ရွိရင္ဆိုင္ေနရတဲ့ ကိုဗစ္ တတိယလႈိင္းဒဏ္ေၾကာင့္ ေန႔စဥ္နဲ႔အမွ် ကူးစက္ေသဆုံးေနသူေတြအတြက္ စိတ္ထိခိုက္ ေၾကကဲြရေၾကာင္းကိုလည္း ထုတ္ေဖာ္ေျပာဆိုခဲ့ၾကပါတယ္။

ဇူလိုင္ ၁၇ ရက္ စေနေန႔တုန္းကလည္း ေႏြဦးေတာ္လွန္ေရး ကမၻာလုံးဆိုင္ရာ လႈပ္ရွားမႈအျဖစ္ အေမရိကန္ျပည္ေထာင္စု နယူးေယာက္၊ ေဘာ့စတြန္နဲ႔ ကေနဒါႏိုင္ငံေတြမွာ ဆႏၵျပခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

အာဏာသိမ်းမှု ဆန့်ကျင်ရေး ပြည်ပရောက် မြန်မာတွေ ဆက်လက်နွှဲ

ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေး လှုပ်ရှားမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ဇူလိုင် ၁၇ နဲ့ ၁၈ ရက်နေ့တွေမှာ ကမ္ဘာတလွှား ဆန္ဒပြနေကြပါတယ်။

နယ်သာလန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေကတော့ ဇူလိုင် ၁၉ အာဇာနည်နေ့အတွက်ရော စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း ပြည်တွင်းမှာ သေဆုံးခဲ့ရသူတွေအတွက်ပါ ဝမ်းနည်းကြောင်း ထုတ်ဖော်တဲ့အနေနဲ့ နယ်သာလန် ဒါဟမ်းမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ကိုယ်တိုင်ပါဝင်သူ မသင်းသင်းဆွေက ဗွီအိုအေကို ပြောပါတယ်။

“ကျမတို့ နယ်သာလန်နိုင်ငံမှာ ၁၉ ရက်နေ့ အာဇာနည်နေ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ရော နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်းလေးတွေ အတွက်ကိုပါ အလေးပြုတဲ့အနေနဲ့ ဆန္ဒထုတ်ဖော်ပြရခြင်း ဖြစ်ပါတယ်။”

နယ္သာလန္မွာ ျပဳလုပ္တဲ့ ျမန္မာ့ေႏြဦးေတာ္လွန္ေရး လႈပ္ရွားမႈ။ (ဇူလုိင္ ၁၈၊ ၂၀၂၁။ ဓာတ္ပုံ - CJ)
နယ္သာလန္မွာ ျပဳလုပ္တဲ့ ျမန္မာ့ေႏြဦးေတာ္လွန္ေရး လႈပ္ရွားမႈ။ (ဇူလုိင္ ၁၈၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

လူ ၁၀၀ ကျော် တက်ရောက်တဲ့ အဲဒီအခမ်းအနားမှာ လက်ရှိရင်ဆိုင်နေရတဲ့ ကိုဗစ် တတိယလှိုင်းဒဏ်ကြောင့် နေ့စဉ်နဲ့အမျှ ကူးစက်သေဆုံးနေသူတွေအတွက် စိတ်ထိခိုက် ကြေကွဲရကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

ဇူလိုင် ၁၇ ရက် စနေနေ့တုန်းကလည်း နွေဦးတော်လှန်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် အမေရိကန်ပြည်ထောင်စု နယူးယောက်၊ ဘော့စတွန်နဲ့ ကနေဒါနိုင်ငံတွေမှာ ဆန္ဒပြခဲ့ကြပါတယ်။

XS
SM
MD
LG