သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေဘးၾကား စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပပြဲတခ်ိဳ႕ ဆက္ရွိ


ကေလးၿမိဳ႕ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပစစ္ေၾကာင္း။ (ဇူလုိင္ ၁၈၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံတဝန္း COVID-19 တတိယလႈိင္း အရွိန္ျမင့္ ျဖစ္ေပၚေနတာေၾကာင့္ ေရာဂါပုိး ကူးစက္သူေတြ ေဆးကုသခြင့္ရေရး၊ လုိအပ္တဲ့ ေအာက္စီဂ်င္ ရရွိေရးတုိ႔အတြက္ ေန႔စဥ္ လုံးပန္းေနၾကရေပမယ့္ တဖက္မွာ စစ္အာဏာသိမ္းမႈကုိ ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြနဲ႔ ပစ္ခတ္ ဗုံးေဖာက္ခြဲမႈေတြကေတာ့ ဆက္ရွိေနဆဲပါ။

ဆႏၵျုပပြဲေတြ ေန႔စဥ္ျပဳလုပ္ေနတဲ့ စစ္ကုိင္းတုိင္း၊ မုံရြာၿမိဳ႕က ပင္မသပိတ္စစ္ေၾကာင္းနဲ႔ မုံရြာ-အျမင့္လမ္း သပိတ္စစ္ေၾကာင္းတုိ႔ ပူးေပါင္းၿပီး စစ္အာဏာရွင္ဆန္႔က်င္ေရး ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ ကုိဗစ္ဒဏ္ကုိ အလူးအလဲ ခံေနရတဲ့ ကေလးၿမိဳ႕မွာလည္း ဒီကေန႔ ေဒသခံျပည္သူ ၁၀၀ ေက်ာ္က စစ္အာဏာရွင္ဆန္႔က်င္ေရး ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

မႏၱေလးၿမိဳ႕က သံဃသပိတ္စစ္ေၾကာင္းဟာလည္း ရက္ေပါင္း ၁၆၀ ေျမာက္ေန႔အျဖစ္ ဒီကေန႔ ခ်ီတက္ဆႏၵျပခဲ့ၾကၿပီး ျပည္သူျပည္သားေတြ ဆင္းရဲဒုကၡအေပါင္းက အျမန္လြတ္ေျမာက္ေစဖုိ႔ ပရိတ္ရြတ္ ေမတၱာပုိ႔ခဲ့ၾကသလုိ မႏၱေလးၿမိဳ႕မွာပဲ ရွမ္းနီ သပိတ္စစ္ေၾကာင္းဟာ စစ္အာဏာရွင္ဆန္႔က်င္ေရး ဒီကေန႔ ဇူလုိင္လ ၁၈ ရက္ေန႔မွာ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

မႏၱေလးတုိင္း၊ ေက်ာက္ဆည္ၿမိဳ႕မွာ ဒီကေန႔မနက္ပိုင္းက ေက်ာက္ဆည္ခ႐ိုင္ ေက်ာင္းသားမ်ားသမဂၢနဲ႔ ရတနာပုံတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢတို႔ ဦးေဆာင္ၿပီး ၁၉ ဇူလိုင္ အႀကိဳအျဖစ္ စစ္အာဏာရွင္ဆန္႔က်င္ေရး ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

စစ္ကုိင္းတုိင္း၊ ေရႊဘုိၿမိဳ႕နယ္၊ ဆိပ္ခြန္ရြာသား ၄ ဦးကုိ စစ္ေကာင္စီတပ္ဖြဲ႔ဝင္ေတြက ပစ္ခတ္သတ္ျဖတ္လုိက္ၿပီး အေလာင္းေတြကုိလည္း ယူသြားတယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။ ဇူလုိင္လ ၁၇ ရက္၊ စေနေန႔ညက ကင္းေစာင့္ေနတဲ့ ရြာသားေတြနဲ႔ စစ္ကားနဲ႔ ထိပ္တုိက္ေတြ႔ရာက ရြာသားေတြ အဲဒီလုိ ပစ္သတ္ခံလုိက္ရတာလုိ႔ ဆုိပါတယ္။

ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕နယ္အတြင္းက စစ္ေကာင္စီခန္႔ထားတဲ့ အုပ္ခ်ဳပ္ေရးမွဴးအိမ္ ဒီကေန႔မနက္ ၄ နာရီဝန္းက်င္က ဗုံးေပါက္ကြဲမႈ ျဖစ္သြားခဲ့တယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။ ဒါေပမယ့္ အိမ္မွာ လူေနျခင္းမရွိဘူးလုိ႔ သိရပါတယ္။

မႏၱေလးတုိင္း၊ မုိးကုတ္ၿမိဳ႕မွာေတာ့ စစ္ေကာင္စီက ခန္႔ထားတဲ့ အုပ္ခ်ဳပ္ေရးမွဴး ဦးစန္းလြင္ရဲ႕ အိမ္ေရွ႕မွာ ဇူလုိင္လ ၁၇ ရက္ေန႔ည ၁၀ နာရီေလာက္က ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့တယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ကပ်ဘေးကြား စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတချို့ ဆက်ရှိ

မြန်မာနိုင်ငံတဝန်း COVID-19 တတိယလှိုင်း အရှိန်မြင့် ဖြစ်ပေါ်နေတာကြောင့် ရောဂါပိုး ကူးစက်သူတွေ ဆေးကုသခွင့်ရရေး၊ လိုအပ်တဲ့ အောက်စီဂျင် ရရှိရေးတို့အတွက် နေ့စဉ် လုံးပန်းနေကြရပေမယ့် တဖက်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေနဲ့ ပစ်ခတ် ဗုံးဖောက်ခွဲမှုတွေကတော့ ဆက်ရှိနေဆဲပါ။

ဆန္ဒြုပပွဲတွေ နေ့စဉ်ပြုလုပ်နေတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ပင်မသပိတ်စစ်ကြောင်းနဲ့ မုံရွာ-အမြင့်လမ်း သပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ကိုဗစ်ဒဏ်ကို အလူးအလဲ ခံနေရတဲ့ ကလေးမြို့မှာလည်း ဒီကနေ့ ဒေသခံပြည်သူ ၁၀၀ ကျော်က စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေးမြို့က သံဃသပိတ်စစ်ကြောင်းဟာလည်း ရက်ပေါင်း ၁၆၀ မြောက်နေ့အဖြစ် ဒီကနေ့ ချီတက်ဆန္ဒပြခဲ့ကြပြီး ပြည်သူပြည်သားတွေ ဆင်းရဲဒုက္ခအပေါင်းက အမြန်လွတ်မြောက်စေဖို့ ပရိတ်ရွတ် မေတ္တာပို့ခဲ့ကြသလို မန္တလေးမြို့မှာပဲ ရှမ်းနီ သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီကနေ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ ဒီကနေ့မနက်ပိုင်းက ကျောက်ဆည်ခရိုင် ကျောင်းသားများသမဂ္ဂနဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ ဦးဆောင်ပြီး ၁၉ ဇူလိုင် အကြိုအဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာသား ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ်လိုက်ပြီး အလောင်းတွေကိုလည်း ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇူလိုင်လ ၁၇ ရက်၊ စနေနေ့ညက ကင်းစောင့်နေတဲ့ ရွာသားတွေနဲ့ စစ်ကားနဲ့ ထိပ်တိုက်တွေ့ရာက ရွာသားတွေ အဲဒီလို ပစ်သတ်ခံလိုက်ရတာလို့ ဆိုပါတယ်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းက စစ်ကောင်စီခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးအိမ် ဒီကနေ့မနက် ၄ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် အိမ်မှာ လူနေခြင်းမရှိဘူးလို့ သိရပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာတော့ စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး ဦးစန်းလွင်ရဲ့ အိမ်ရှေ့မှာ ဇူလိုင်လ ၁၇ ရက်နေ့ည ၁၀ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG