သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေသနတ္ေတြေဘးခ်ၿပီး လူ႔အသက္ကယ္ၾကဖို႔ Cardinal Charles Bo ေမတၱာရပ္ခံ


ခရစ္ယာန္ ရဟန္းအမတ္ Cardinal Charles Bo.

(Zawgyi / Unicode)

စစ္အာဏာသိမ္းခံထားရတဲ့ ျမန္မာႏိုင္ငံမွာ COVID-19 တတိယလႈိင္း ဆိုးရြားစြာ ျဖစ္ေပၚေနတဲ့အတြက္ ေဆးဝါးအကူအညီ အေရးေပၚလိုအပ္ေၾကာင္း ခရစ္ယာန္ ရဟန္းအမတ္ Cardinal Charles Bo က ေမတၱာရပ္ခံလိုက္ပါတယ္။

ေသနတ္ကိုင္ထားသူေတြ ေသနတ္ေတြခ်ထားၿပီး ဘုရားသခင္ရဲ႕ အမည္နာမေတာ္အားျဖင့္ ေဆးကုသမႈေတြ အျမန္ဆုံး လုပ္ေဆာင္ေပးၾကပါ၊ လူ႔အသက္ေတြကို ကယ္တင္ဖို႔အတြက္ အားလုံး ညီၫြတ္ၾကပါ၊ ျမန္မာျပည္သူေတြဟာ ကုသမႈ၊ ေဆးဝါးနဲ႔ အစားအစာေတြ လိုအပ္ေနပါတယ္၊ ဆရာဝန္ေတြအားလုံး ထြက္လာၾကၿပီး အသက္ေတြကို ကယ္တင္ေပးၾကပါလို႔ Cardinal Charles Bo က ေျပာပါတယ္။

ျမန္မာႏုိင္ငံဟာ ကိုဗစ္၊ ပဋိပကၡနဲ႔ တိုင္းျပည္စီးပြားၿပိဳက်မႈ စတဲ့ စိန္ေခၚမႈႀကီး ၃ ခုနဲ႔ ရင္ဆိုင္ေနရတယ္လို႔ Cardinal Charles Bo က ေျပာပါတယ္။

အသက္႐ွဴဖို႔ အခက္အခဲျဖစ္ေနတဲ့ COVID-19 ေဝဒနာသည္ေတြ နိစၥဓူဝ ေအာက္စီဂ်င္ရႏိုင္ဖို႔ ႐ုန္းကန္ေနၾကရတဲ့ အေျခအေနကို ေထာက္ျပၿပီး ျမန္မာႏိုင္ငံမွာ က်န္းမာေရးဝန္ထမ္းနဲ႔ ေစတနာ့ဝန္ထမ္း အေရအတြက္ နည္းပါးေနတာေၾကာင့္ အေျခအေနဟာ ထိန္းမႏိုင္သိမ္းမရတဲ့ အျဖစ္ကို ေရာက္ေနၿပီလို႔လည္း ရဟန္းအမတ္ Charles Bo က ေျပာပါတယ္။

ျမန္မာႏိုင္ငံ လူဦးေရစုစုေပါင္းရဲ႕ ၂၀ ရာခုိင္ႏႈန္းေလာက္မွာ ေရာဂါပိုး ကူးစက္ႏုိင္ေၾကာင္းနဲ႔ ႏိုင္ငံအတြင္းက ၿမိဳ႕ေပါင္း ၉၀ ရာခုိင္ႏႈန္းမွာ ေရာဂါပိုး ကူးစက္ေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနေၾကာင္းလည္း ျမန္မာႏုိင္ငံ ကက္သလစ္ဆရာေတာ္ႀကီးမ်ား အဖြဲ႔ခ်ဳပ္ ဥကၠ႒ Cardinal Charles Bo က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

သေနတ်တွေဘေးချပြီး လူ့အသက်ကယ်ကြဖို့ Cardinal Charles Bo မေတ္တာရပ်ခံ

စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ COVID-19 တတိယလှိုင်း ဆိုးရွားစွာ ဖြစ်ပေါ်နေတဲ့အတွက် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်ကြောင်း ခရစ်ယာန် ရဟန်းအမတ် Cardinal Charles Bo က မေတ္တာရပ်ခံလိုက်ပါတယ်။

သေနတ်ကိုင်ထားသူတွေ သေနတ်တွေချထားပြီး ဘုရားသခင်ရဲ့ အမည်နာမတော်အားဖြင့် ဆေးကုသမှုတွေ အမြန်ဆုံး လုပ်ဆောင်ပေးကြပါ၊ လူ့အသက်တွေကို ကယ်တင်ဖို့အတွက် အားလုံး ညီညွတ်ကြပါ၊ မြန်မာပြည်သူတွေဟာ ကုသမှု၊ ဆေးဝါးနဲ့ အစားအစာတွေ လိုအပ်နေပါတယ်၊ ဆရာဝန်တွေအားလုံး ထွက်လာကြပြီး အသက်တွေကို ကယ်တင်ပေးကြပါလို့ Cardinal Charles Bo က ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကိုဗစ်၊ ပဋိပက္ခနဲ့ တိုင်းပြည်စီးပွားပြိုကျမှု စတဲ့ စိန်ခေါ်မှုကြီး ၃ ခုနဲ့ ရင်ဆိုင်နေရတယ်လို့ Cardinal Charles Bo က ပြောပါတယ်။

အသက်ရှူဖို့ အခက်အခဲဖြစ်နေတဲ့ COVID-19 ဝေဒနာသည်တွေ နိစ္စဓူဝ အောက်စီဂျင်ရနိုင်ဖို့ ရုန်းကန်နေကြရတဲ့ အခြေအနေကို ထောက်ပြပြီး မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်း အရေအတွက် နည်းပါးနေတာကြောင့် အခြေအနေဟာ ထိန်းမနိုင်သိမ်းမရတဲ့ အဖြစ်ကို ရောက်နေပြီလို့လည်း ရဟန်းအမတ် Charles Bo က ပြောပါတယ်။

မြန်မာနိုင်ငံ လူဦးရေစုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းလောက်မှာ ရောဂါပိုး ကူးစက်နိုင်ကြောင်းနဲ့ နိုင်ငံအတွင်းက မြို့ပေါင်း ၉၀ ရာခိုင်နှုန်းမှာ ရောဂါပိုး ကူးစက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေကြောင်းလည်း မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဋ္ဌ Cardinal Charles Bo က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG