သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၄ နာရီအတြင္း ကိုဗစ္ဓာတ္ခဲြအတည္ျပဳ ၅,၄၉၇ ဦး၊ ေသဆံုး ၂၃၃ ဦး


မႏၱေလးၿမိဳ႕မွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူကို သၿဂႋဳဟ္ဖို႔ သယ္ေဆာင္လာတဲ့ ေစတနာ့ဝန္ထမ္းမ်ား။ (ဇူလုိင္ ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခြဲနမူနာေပါင္း ၁၄,၀၅၂ ခုကို စစ္ေဆးခဲ့တာမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူအေရအတြက္ ၅,၄၉၇ ဦးရွိခဲ့ၿပီး ေသဆံုးသူအေရအတြက္က ၂၃၃ ေယာက္ရွိတယ္လုိ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီကေန႔ညအထိဆိုရင္ ပိုးေတြ႔သူစုစုေပါင္း ၂၂၄,၂၃၆ ေယာက္ရွိၿပီျဖစ္ၿပီးေတာ့ ေသဆံုးသူ စုစုေပါင္းက ၄,၇၆၉ ေယာက္ရွိၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အခုဆိုရင္ ဓာတ္ခြဲစစ္ေဆးတဲ့အဆင့္ထိ မေရာက္ဘဲ ကိုဗစ္ေရာဂါလကၡဏာနဲ႔ ေသဆံုးသူေတြ အမ်ားအျပားရွိေနၿပီး ေသဆံုးသူေတြကို သၿဂႋဳဟ္ဖုိ႔အတြက္ နာေရးကူညီမႈအသင္းေတြက ကားေတြ၊ ပရဟိတ ကူညီေရးအသင္းေတြက ကားေတြကို ေခၚမရတာေၾကာင့္ ကိုယ္ပိုင္အိမ္စီးကားေတြနဲ႔ သုသာန္ေတြဆီ ပို႔ေနၾကရတဲ့အျပင္ ဆိုက္ကားေတြ၊ လွည္းေတြနဲ႔ ပို႔ေနၾကရတာလည္း ရွိပါတယ္။

ဒီၾကားထဲမွာပဲ ေရာဂါခံစားေနရသူေတြအတြက္ ေအာက္ဆီဂ်င္လိုအပ္ခ်က္က သိပ္ကိုႀကီးမားေနၿပီး ေအာက္ဆီဂ်င္ရဖို႔ တန္းစီေစာင့္ဆိုင္းေနၾကတဲ့ ျမင္ကြင္းဟာလည္း ေန႔စဥ္ ပံုမွန္ျမင္ေတြ႔ေနရတဲ့ ျမင္ကြင္းတခု ျဖစ္လာေနပါတယ္။

“ေလးငါးရက္ေလာက္ရွိၿပီ။ အစ္ကုိက ေလးေယာက္လုံးက ဝင္ေငြမရွိဘူး။ ေျပာရမယ္ဆုိ အရင္က စုထားတာေတြနဲ႔ပဲ စားေနရတာေပါ့။ ေအာက္ဆီဂ်င္ မေလာက္ဘူးေပါ့။ ညီမတုိ႔မွာ ႏွစ္အုိးပဲရွိတာ၊ အေဖက တေနကုန္ ေပးရတယ္ဆုိေတာ့။”

ဖခင္အတြက္ ေအာက္ဆီဂ်င္တန္းစီေနတဲ့ ရန္ကုန္ၿမိဳ႕ခံတဦး ေျပာသြားတာပါ။

စစ္ေကာင္စီအာေဘာ္ သတင္းစာေတြထဲမွာေတာ့ ေအာက္ဆီဂ်င္ေတြကို ျပည္ပကေန မွာယူေနသလို ျပည္တြင္းမွာလည္း တိုးျမႇင့္ထုတ္လုပ္ၿပီး ျဖန္႔ေဝေနတယ္လုိ႔ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

၂၄ နာရီအတွင်း ကိုဗစ်ဓာတ်ခွဲအတည်ပြု ၅,၄၉၇ ဦး၊ သေဆုံး ၂၃၃ ဦး

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၄,၀၅၂ ခုကို စစ်ဆေးခဲ့တာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက် ၅,၄၉၇ ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်က ၂၃၃ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ညအထိဆိုရင် ပိုးတွေ့သူစုစုပေါင်း ၂၂၄,၂၃၆ ယောက်ရှိပြီဖြစ်ပြီးတော့ သေဆုံးသူ စုစုပေါင်းက ၄,၇၆၉ ယောက်ရှိပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုဆိုရင် ဓာတ်ခွဲစစ်ဆေးတဲ့အဆင့်ထိ မရောက်ဘဲ ကိုဗစ်ရောဂါလက္ခဏာနဲ့ သေဆုံးသူတွေ အများအပြားရှိနေပြီး သေဆုံးသူတွေကို သင်္ဂြိုဟ်ဖို့အတွက် နာရေးကူညီမှုအသင်းတွေက ကားတွေ၊ ပရဟိတ ကူညီရေးအသင်းတွေက ကားတွေကို ခေါ်မရတာကြောင့် ကိုယ်ပိုင်အိမ်စီးကားတွေနဲ့ သုသာန်တွေဆီ ပို့နေကြရတဲ့အပြင် ဆိုက်ကားတွေ၊ လှည်းတွေနဲ့ ပို့နေကြရတာလည်း ရှိပါတယ်။

ဒီကြားထဲမှာပဲ ရောဂါခံစားနေရသူတွေအတွက် အောက်ဆီဂျင်လိုအပ်ချက်က သိပ်ကိုကြီးမားနေပြီး အောက်ဆီဂျင်ရဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ မြင်ကွင်းဟာလည်း နေ့စဉ် ပုံမှန်မြင်တွေ့နေရတဲ့ မြင်ကွင်းတခု ဖြစ်လာနေပါတယ်။

“လေးငါးရက်လောက်ရှိပြီ။ အစ်ကိုက လေးယောက်လုံးက ဝင်ငွေမရှိဘူး။ ပြောရမယ်ဆို အရင်က စုထားတာတွေနဲ့ပဲ စားနေရတာပေါ့။ အောက်ဆီဂျင် မလောက်ဘူးပေါ့။ ညီမတို့မှာ နှစ်အိုးပဲရှိတာ၊ အဖေက တနေကုန် ပေးရတယ်ဆိုတော့။”

ဖခင်အတွက် အောက်ဆီဂျင်တန်းစီနေတဲ့ ရန်ကုန်မြို့ခံတဦး ပြောသွားတာပါ။

စစ်ကောင်စီအာဘော် သတင်းစာတွေထဲမှာတော့ အောက်ဆီဂျင်တွေကို ပြည်ပကနေ မှာယူနေသလို ပြည်တွင်းမှာလည်း တိုးမြှင့်ထုတ်လုပ်ပြီး ဖြန့်ဝေနေတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG