သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးခံထားရတဲ့ NLD ဗဟိုေကာ္မတီဝင္ ဦးဥာဏ္ဝင္း ICU မွာ ကုသမႈခံယူေန


အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီ ဗဟိုေကာ္မတီဝင္ ဦးဉာဏ္ဝင္း။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

ကုိ႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီ ဗဟိုေကာ္မတီဝင္ ဦးဉာဏ္ဝင္းရဲ႕က်န္းမာေရးအေျခအေန ေကာင္းမြန္ေနတယ္လို႔ သူ႔ရဲ႕ အက်ိဳးေဆာင္ေရွ႕ေနကေျပာပါတယ္။ သူနဲ႔အတူေနခဲ့တဲ့ ရန္ကုန္တိုင္းေဒသႀကီး၊ လူမႈေရးရာဝန္ႀကီး ဦးႏိုင္ငံလင္းမွာပါ ကိုဗစ္ပိုးကူးစက္ခံထားရတယ္လို႔လည္း ေရွ႕ေနကေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက ေျပာျပပါမယ္။

အင္းစိန္အက်ဥ္းေထာင္မွာ ဖမ္းဆီးခံထားရတဲ့ NLD ဗဟိုေကာ္မတီဝင္ ဦးဉာဏ္ဝင္း ကိုဗစ္ကပ္ေရာဂါ ကူးစက္ခံထားရတယ္ဆိုတာ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ သိရတဲ့အတြက္ ရန္ကုန္ေဆး႐ုံႀကီး အထူးၾကပ္မတ္ကုသေဆာင္ ICU မွာ ကုသမႈ ခံယူေနရတယ္လို႔ သူ႔ရဲ႕ အက်ိဳးေဆာင္ေရွ႕ေန ေဒၚစန္းမာလာၫြန႔္က ဗီြအိုေအကို ေျပာပါတယ္။

"ဆရာကေကာင္းတယ္၊ ခုဏကေတာင္ video call ေျပာေသးတယ္။ ေအာက္ဆီဂ်င္က ေဆး႐ုံေရာက္ကတည္းက ေကာင္းတယ္၊ ခုလည္း ေကာင္းတယ္။ ၉၅ ေလာက္ရွိတယ္။ အဖ်ားေတာ့ မရွိဘူး။ ေအာက္ဆီဂ်င္ေကာင္းတယ္။ အားနည္းေနေသးတာပဲ။"

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္မွာပဲ ဦးဉာဏ္ဝင္းကို ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ အမ်ားျပည္သူတည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈံ႕ေဆာ္ လုပ္ေဆာင္မႈ ပုဒ္မ ၅၀၅ (ခ) နဲ႔ သူ႔ကို တရားစြဲထားပါတယ္။

ေထာင္ထဲမွာ သူနဲ႔အတူေနခဲ့တဲ့ ရန္ကုန္တိုင္းလူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းဆီမွာလည္း ကိုဗစ္ပိုးေတြ႕ရွိခဲ့တယ္လို႔ ေဒၚစန္းမာလာၫြန႔္ကေျပာပါတယ္။ ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္တဲ့အေနနဲ႔ ၿပီးခဲ့တဲ့တပတ္က စၿပီး အင္းစိန္ အက်ဥ္းေထာင္ထဲက ယာယီအထူးတရား႐ုံးေတြမွာ အမႈစစ္ေဆးတာေတြကို ယာယီရပ္ဆိုင္းထားတာၿပီး သူ႔အေျခအေနကိုေတာ့ အေသးစိတ္မသိရေသးဘူးလို႔ေျပာပါတယ္။

"ကိုႏိုင္ငံလင္းလည္း ျဖစ္တယ္။ ေပါ့စတစ္ေတာ့ျဖစ္တယ္။ မေန႔ကေတာ့ သူ႔မိန္းမနဲ႔ေတာ့ေတြ႕တယ္။ သူေတာ့ ေဆးေတြဘာေတြ မေန႔ကေတာ့ သြားပို႔တယ္။ ေပါ့စတစ္ျဖစ္တာေတာ့သိတယ္။ ႐ုံးထုတ္ေနရင္ေတာ့ သိဦးမယ္။ အခုက ႐ုံးမထုတ္ဘူး... တပတ္ဆိုေတာ့ေလ မသိေတာ့ဘူး။"

ဦးႏိုင္ငံလင္းကို ရာဇဝတ္မကင္းေသာ ယုံၾကည္အပ္ႏွံျခင္းေဖာက္ဖ်က္မႈ ပုဒ္မ ၄၀၉ နဲ႔တမႈ၊ ေထာင္ဒဏ္ ၁၅ ႏွစ္ ခ်ခံရႏိုင္တဲ့ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅ နဲ႔ အမႈ ၅ မႈ၊ စုစုေပါင္း အမႈ ၆ မႈနဲ႔ စစ္ေကာင္စီက တရားစြဲထားပါတယ္။

ကိုဗစ္ကူးစက္မႈေတြ ရွိေနတဲ့ အင္းစိန္အက်ဥ္းေထာင္ကို ဇူလိုင္လ ၈ ရက္ေန႔ကစၿပီး ေလာ့ခ္ေဒါင္းခ်လိုက္ၿပီးေတာ့ ေထာင္ထဲမွာ တရားစစ္ေဆးတာေတြ၊ ေထာင္ဝင္စာေတြ႕ခြင့္ေတြကို ယာယီရပ္ဆိုင္းထားလိုက္တာေၾကာင့္ ေထာင္တြင္းကူးစက္မႈ အေျခအေနေတြကို သိဖို႔ခက္ေနတယ္လို႔ ေရွ႕ေနေတြကေျပာပါတယ္။

အင္းစိန္အက်ဥ္းေထာင္ကေန မၾကာခင္က လြတ္ေျမာက္လာသူ တခ်ိဳ႕မွာလည္း ကိုဗစ္ကပ္ေရာဂါ ကူးစက္ခံထားရတယ္ဆိုတာ ေဆးစစ္ေတြ႕ရွိခဲ့သလို လြတ္ေျမာက္လာခ်ိန္ထဲက အနံ႔ေပ်ာက္ေနသူေတြလည္း ရွိခဲ့တယ္လို႔ အမႈလိုက္ေရွ႕ေနတခ်ိဳ႕ကေျပာပါတယ္။

ေလာေလာဆယ္ အင္းစိန္ေထာင္ထဲမွာ ကိုဗစ္ပိုးေတြ႕ရွိသူ ၄၀ ထက္မနည္းရွိတယ္လို႔ အာဏာပိုင္ေတြဘက္က ေျပာဆိုထားသလို ကိုဗစ္ကူးစက္ခံထားရတဲ့ အက်ဥ္းသားေတြရဲ႕ မိသားစုဝင္တခ်ိဳ႕ကလည္း ေျပာဆိုထားပါတယ္။

လတ္တေလာ ေထာင္တြင္းအေျခအေနကို အေသးစိတ္မသိရေပမဲ့ ကိုဗစ္ပိုး မကူးစက္ေရး ထိန္းခ်ဳပ္မႈ ေလ်ာ့နည္းေနသလို အေျခခံ ေဆးဝါးေတြကိုေတာင္ အျပင္ကေန မွာယူေနတယ္လို႔အမႈလိုက္ေရွ႕ေနတဦးက ေျပာပါတယ္။

"က်ေနာ္သတိထားမိတာေတာ့ က်ေနာ္ အဲဒီမွာ ရံုးခ်ိန္ထုတ္လာေတာ့ အထဲက တေယာက္က ေနသိပ္မေကာင္းဘူး။ သူက ဘာေျပာလဲဆိုေတာ့ သူ႔ကိုေဆးေရးေပးထားတယ္။ ကိုဗစ္သူမ်ားေတြလည္း ျဖစ္ေနတာ ၾကားေတာ့ သူ႔ကိုေဆးစာေရးေပးလိုက္တယ္။ ေဆးစာမွာ ေဆး ၂ မ်ိဳး ေရးေပးလိုက္တယ္။ သူက က်ေနာ့္ကို ဝယ္ခိုင္းတာ။ အိမ္ကို မွာေနရင္ၾကာေနမွာ စိုးလို႔ဆိုၿပီး ေထာင္ထဲမွာ ဆိုင္ရွိေတာ့ က်ေနာ္ သြားဝယ္ေပးလိုက္တယ္။ သူတို႔ ေစာင့္ေရွာက္မႈ ေကာင္းေကာင္းရမယ္လို႔ က်ေနာ့္ရဲ႕ အျမင္ကေတာ့ သိပ္မထင္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သူေတာင္မွ က်ေနာ့္ကို ေဆးဝယ္ခိုင္းတာ။ အဲဒီေဆးေတြက သိပ္ခက္ခဲေနတဲ့ ေဆးေတြမဟုတ္ဘူး တကယ္ေတာ့။ အဲဒါကို ၾကည့္ျခင္းအားျဖင့္ ေကာင္းေကာင္းမြန္မြန္ ေစာင့္ေရွာက္မႈရတယ္လို႔ က်ေနာ္ေတာ့ သိပ္မျမင္ဘူး။"

လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခြဲနမူနာေပါင္း ၁၁,၀၀၀ ေက်ာ္ကို စစ္ေဆးခဲ့တာမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္သူ ၄,၂၀၀ နီးပါး ေတြ႔ခဲ့ၿပီးေတာ့ ေသဆံုးသူ ၁၆၅ ေယာက္ရွိတယ္လို႔ က်န္းမာေရးဌာနရဲ႕ ဒီကေန႔ည ၈ နာရီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကူးခံထားရတဲ့ NLD ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်း ICU မှာ ကုသမှုခံယူနေ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းရဲ့ကျန်းမာရေးအခြေအနေ ကောင်းမွန်နေတယ်လို့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေကပြောပါတယ်။ သူနဲ့အတူနေခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီး ဦးနိုင်ငံလင်းမှာပါ ကိုဗစ်ပိုးကူးစက်ခံထားရတယ်လို့လည်း ရှေ့နေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပါမယ်။

အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ NLD ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်း ကိုဗစ်ကပ်ရောဂါ ကူးစက်ခံထားရတယ်ဆိုတာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သိရတဲ့အတွက် ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် ICU မှာ ကုသမှု ခံယူနေရတယ်လို့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေ ဒေါ်စန်းမာလာညွန့်က ဗွီအိုအေကို ပြောပါတယ်။

"ဆရာကကောင်းတယ်၊ ခုဏကတောင် video call ပြောသေးတယ်။ အောက်ဆီဂျင်က ဆေးရုံရောက်ကတည်းက ကောင်းတယ်၊ ခုလည်း ကောင်းတယ်။ ၉၅ လောက်ရှိတယ်။ အဖျားတော့ မရှိဘူး။ အောက်ဆီဂျင်ကောင်းတယ်။ အားနည်းနေသေးတာပဲ။"

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာပဲ ဦးဉာဏ်ဝင်းကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အများပြည်သူတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော် လုပ်ဆောင်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ သူ့ကို တရားစွဲထားပါတယ်။

ထောင်ထဲမှာ သူနဲ့အတူနေခဲ့တဲ့ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းဆီမှာလည်း ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ ဒေါ်စန်းမာလာညွန့်ကပြောပါတယ်။ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်တဲ့အနေနဲ့ ပြီးခဲ့တဲ့တပတ်က စပြီး အင်းစိန် အကျဉ်းထောင်ထဲက ယာယီအထူးတရားရုံးတွေမှာ အမှုစစ်ဆေးတာတွေကို ယာယီရပ်ဆိုင်းထားတာပြီး သူ့အခြေအနေကိုတော့ အသေးစိတ်မသိရသေးဘူးလို့ပြောပါတယ်။

"ကိုနိုင်ငံလင်းလည်း ဖြစ်တယ်။ ပေါ့စတစ်တော့ဖြစ်တယ်။ မနေ့ကတော့ သူ့မိန်းမနဲ့တော့တွေ့တယ်။ သူတော့ ဆေးတွေဘာတွေ မနေ့ကတော့ သွားပို့တယ်။ ပေါ့စတစ်ဖြစ်တာတော့သိတယ်။ ရုံးထုတ်နေရင်တော့ သိဦးမယ်။ အခုက ရုံးမထုတ်ဘူး... တပတ်ဆိုတော့လေ မသိတော့ဘူး။"

ဦးနိုင်ငံလင်းကို ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံခြင်းဖောက်ဖျက်မှု ပုဒ်မ ၄၀၉ နဲ့တမှု၊ ထောင်ဒဏ် ၁၅ နှစ် ချခံရနိုင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၅ မှု၊ စုစုပေါင်း အမှု ၆ မှုနဲ့ စစ်ကောင်စီက တရားစွဲထားပါတယ်။

ကိုဗစ်ကူးစက်မှုတွေ ရှိနေတဲ့ အင်းစိန်အကျဉ်းထောင်ကို ဇူလိုင်လ ၈ ရက်နေ့ကစပြီး လော့ခ်ဒေါင်းချလိုက်ပြီးတော့ ထောင်ထဲမှာ တရားစစ်ဆေးတာတွေ၊ ထောင်ဝင်စာတွေ့ခွင့်တွေကို ယာယီရပ်ဆိုင်းထားလိုက်တာကြောင့် ထောင်တွင်းကူးစက်မှု အခြေအနေတွေကို သိဖို့ခက်နေတယ်လို့ ရှေ့နေတွေကပြောပါတယ်။

အင်းစိန်အကျဉ်းထောင်ကနေ မကြာခင်က လွတ်မြောက်လာသူ တချို့မှာလည်း ကိုဗစ်ကပ်ရောဂါ ကူးစက်ခံထားရတယ်ဆိုတာ ဆေးစစ်တွေ့ရှိခဲ့သလို လွတ်မြောက်လာချိန်ထဲက အနံ့ပျောက်နေသူတွေလည်း ရှိခဲ့တယ်လို့ အမှုလိုက်ရှေ့နေတချို့ကပြောပါတယ်။

လောလောဆယ် အင်းစိန်ထောင်ထဲမှာ ကိုဗစ်ပိုးတွေ့ရှိသူ ၄၀ ထက်မနည်းရှိတယ်လို့ အာဏာပိုင်တွေဘက်က ပြောဆိုထားသလို ကိုဗစ်ကူးစက်ခံထားရတဲ့ အကျဉ်းသားတွေရဲ့ မိသားစုဝင်တချို့ကလည်း ပြောဆိုထားပါတယ်။

လတ်တလော ထောင်တွင်းအခြေအနေကို အသေးစိတ်မသိရပေမဲ့ ကိုဗစ်ပိုး မကူးစက်ရေး ထိန်းချုပ်မှု လျော့နည်းနေသလို အခြေခံ ဆေးဝါးတွေကိုတောင် အပြင်ကနေ မှာယူနေတယ်လို့အမှုလိုက်ရှေ့နေတဦးက ပြောပါတယ်။

"ကျနော်သတိထားမိတာတော့ ကျနော် အဲဒီမှာ ရုံးချိန်ထုတ်လာတော့ အထဲက တယောက်က နေသိပ်မကောင်းဘူး။ သူက ဘာပြောလဲဆိုတော့ သူ့ကိုဆေးရေးပေးထားတယ်။ ကိုဗစ်သူများတွေလည်း ဖြစ်နေတာ ကြားတော့ သူ့ကိုဆေးစာရေးပေးလိုက်တယ်။ ဆေးစာမှာ ဆေး ၂ မျိုး ရေးပေးလိုက်တယ်။ သူက ကျနော့်ကို ဝယ်ခိုင်းတာ။ အိမ်ကို မှာနေရင်ကြာနေမှာ စိုးလို့ဆိုပြီး ထောင်ထဲမှာ ဆိုင်ရှိတော့ ကျနော် သွားဝယ်ပေးလိုက်တယ်။ သူတို့ စောင့်ရှောက်မှု ကောင်းကောင်းရမယ်လို့ ကျနော့်ရဲ့ အမြင်ကတော့ သိပ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတောင်မှ ကျနော့်ကို ဆေးဝယ်ခိုင်းတာ။ အဲဒီဆေးတွေက သိပ်ခက်ခဲနေတဲ့ ဆေးတွေမဟုတ်ဘူး တကယ်တော့။ အဲဒါကို ကြည့်ခြင်းအားဖြင့် ကောင်းကောင်းမွန်မွန် စောင့်ရှောက်မှုရတယ်လို့ ကျနော်တော့ သိပ်မမြင်ဘူး။"

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၁,၀၀၀ ကျော်ကို စစ်ဆေးခဲ့တာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၄,၂၀၀ နီးပါး တွေ့ခဲ့ပြီးတော့ သေဆုံးသူ ၁၆၅ ယောက်ရှိတယ်လို့ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG