သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင္႔ ေသဆံုးမႈမ်ားျပား သၿဂၤဳ ိလ္ရ လက္မလည္ႏိုင္


A Covid Victim of Yangon

{{Zawgyi/Unicode}}

ျမန္မာႏုိင္ငံတ၀န္းမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ တိုးလာၿပီး လူနာေတြကို ကုသေရးအတြက္ ေအာက္ဆီဂ်င္ မလံုေလာက္မႈနဲ႔ ရင္ဆိုင္ေနရတာနဲ႔ အတူ ေသဆံုးသူေတြ တိုးလာေနတာေၾကာင့္ အလ်င္မီေအာင္ သၿဂၤ ိဳဟ္ဖို႔ စီစဥ္ေနၾကရေၾကာင္း အကူအညီေပးေရး အဖြဲ႔ေတြက ေျပာပါတယ္။ တခ်ိန္တည္းမွာဘဲ Covid-19 ေရာဂါ လကၡဏာျပတဲ႔ လူနာေတြရဲ႕ မိသားစု၀င္ေတြလည္း ေအာက္ဆီဂ်င္ရေရးအတြက္ ဆက္ၿပီး ႀကိဳးစားေနၾကရပါတယ္။ AP နဲ႔ AFP သတင္းေဆာင္းပါးေတြကို အေျခခံၿပီး မသိဂၤ ီထုိက္ စုစည္းတင္ျပေပးပါမယ္။

ရန္ကုန္ၿမိဳ႕ ေရေ၀း သုသာန္က မီသၿဂၤ ိဳဟ္စက္ ၃ လံုးနဲ႔ မနက္ ၈ နာရီကေန ညေန ၅ နာရီ အထိ ေသဆံုးသူေတြကို ဆက္တိုက္ သၿဂၤ ိဳဟ္ေပးေနရတယ္လို႔ ေရေ၀း သုသာန္ တာ၀န္ရွိသူ တဦးက ေျပာပါတယ္။ စစ္ေကာင္စီက ႏုိင္ငံတြင္း Covid-19 အေရး ကိုင္တြယ္မႈနဲ႔ ပတ္သက္ၿပီး ေ၀ဖန္မခံတာေၾကာင့္ သူ႔နာမည္ကိုေတာ့ မေဖာ္ျပဖို႔ အဲဒီ တာ၀န္ရွိသူက ေျပာပါတယ္။ ရန္ကုန္ၿမိဳ႕ခံ ကိုသန္းေဇာ္၀င္း ကေတာ့ ညီမျဖစ္သူကို ေလာေလာလတ္လတ္ ဆံုးရံႈးလိုက္ရသူပါ။

"၃ ရက္ဘဲ ရွိေသးတယ္။ ပထမေန႔က သူက မူးတယ္ မူးတယ္ ဆိုၿပီးေတာ့ Pressure က်လုိ႔ေပါ့။ မူးတယ္ မူးတယ္ ဆိုၿပီးေတာ့ ေဆးေတြ ထိုးတယ္ ေဆးေတြ သြင္းတယ္ေပါ့။ ေဆးေလး စားၿပီး ေနတယ္ေပါ့။ ဒီ ေအာက္ဆီဂ်င္ေလး ရႈေနတယ္ေပါ့။ မေန႔က တရက္ေပါ့။ မေန႔က တရက္ကလည္း ေတာ္ေတာ္ ခံစားလိုက္ရတာေပါ့။ သူက ၾကပ္လို႔။ အရင္ကေတာ့ ဘာေရာဂါ အခံမွ မရွိဘူး။ အဲဒါ ဒီမနက္က်မွ တန္းစီရင္း တန္းလန္နဲ႔ အိမ္မွာ က်ေနာ္႔ တူ တေယာက္က အိုးႀကီး တလံုးေပးထားတာ။ အဲဒါ အခု ကုန္ေတာ့မယ္ ကုန္ေတာ့မယ္ ေျပာေနရင္းနဲ႔ အခု ဆံုးသြားတာ။ ေအာက္ဆီဂ်င္လည္း ကုန္သြားတာကိုး"

Covid-19 အတည္ျပဳ လူနာေသဆံုးခဲ႔ရင္ အရပ္ဘက္ အကူအညီေပးေရး အဖြဲ႔ေတြက ကူညီေဆာင္ရြက္ခြင့္ကို အာဏာပိုင္တို႔က တားျမစ္ထားတာပါ။ အခု အရပ္ဘက္ အကူအညီေပးေရး အဖြဲ႔ေတြက ကူညီေပးေနတဲ႔ နာေရးေတြမွာ အမ်ားစုက ေအာက္ဆီဂ်င္ ျပတ္လပ္မႈေၾကာင့္ ေသဆံုးရသူေတြလို႔ ေျပာပါတယ္။ Covid-19 ေရာဂါ လကၡဏာေတြ ျပသူေတြနဲ႔ Covid-19 ေရာဂါ ျဖစ္ေပမယ့္ ေဆးရံုတက္ခြင့္ မရသူေတြ ေအာက္ဆီဂ်င္သံုးၿပီး အိမ္မွာ ကုသေနၾကတာပါ။ ေအာက္ဆီဂ်င္သာ ရရင္ အဆင္ေျပမွာဘဲလို႔ ရန္ကုန္ၿမိဳ႕ခံ ကိုသန္းေဇာ္၀င္း က ေျပာပါတယ္။

" ေအာက္ဆီဂ်င္သာ ရမယ္ဆိုရင္ေတာ့ ေသစရာ အေၾကာင္း မရွိဘူးေပါ့ေနာ္။ ေအာက္ဆီဂ်င္က အခုဟာ က်ေနာ္တို႔က ပိုက္ဆံ ၁ သိန္းတန္တာကို ၂ သိန္းခြဲ ေပးလည္း မရဘူး။ ၂ သိန္း တန္တာကို ၄ သိန္းေပးလည္း မရဘူး။ ၀ယ္ၿပီးေတာ့ ဒီေအာက္ဆီဂ်င္ႀကီး ရႈလုိက္လို႔ ဒါကုန္သြားရင္လည္း ျပန္ျဖည့္ဖို႔က အဆင္မေျပဘူး။ အဲလို ျဖစ္ကုန္တာ"

ၿပီးခဲ႔တဲ႔ သီတင္းပတ္ေတြက စလို႔ ႏုိင္ငံတ၀န္းမွာ ေအာက္ဆီဂ်င္ရရွိေရး တန္းစီ ေစာင့္ဆိုင္း ၀ယ္ယူေနၾကရပါတယ္။ ေအာက္ဆီဂ်င္ အလံုအေလာက္ မရသလို ေအာက္ဆီဂ်င္ သိုေလွာင္တဲ႔ အုိးေတြလည္း ျပတ္လပ္ေနတာပါ။ ေအာက္ဆီဂ်င္ ရရွိေရး လာၿပီး တန္းစီ ေစာင့္ဆိုင္းေနတဲ႔ ရန္ကုန္ၿမိဳ႕ခံ ကိုရဲေက်ာ္မိုး က အခုလို ေျပာပါတယ္။

"က်ေနာ္ မအိပ္ဘဲနဲ႔ ၃း၁၅ - ၃း၂၀ ေလာက္မွာ။ ဟိုေကာင္ေတြကိုလည္း ေရွာင္ရေသးတယ္ဗ်။ ဘာျဖစ္လို႔လဲ ဆုိေတာ့ က်ေနာ္တို႔ မာရွယ္ေလာ ထုတ္ထားတာကုိး။ သူတို႔နဲ႔ ေတြ႔မွာလည္း စိုးရိမ္ရ ေသးတယ္။ အဲေတာ့ ၃ နာရီ ေက်ာ္ေက်ာ္ေလာက္မွာ ထြက္လာတာေပါ့။ ၃း၃၀ ေလာက္ ဒီေရာက္တယ္ေပါ့။ က်ေနာ္က နံပတ္ ၁၅။ က်ေနာ္႔ေရွ႕မွာ စီေနတဲ႔သူ အမ်ားႀကီး ရွိေသးတယ္"

ျမန္မာႏုိင္ငံအတြက္ ႏုိင္ငံတကာ အသိုင္းအ၀ိုင္းက အေရးေပၚ အကူအညီ မေပးရင္ ေသဆံုးမႈ တိုးလာႏုိင္ေၾကာင္း ကုလသမဂၢရဲ႕ ျမန္မာဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews က ဗုဒၶဟူေးန႔မွာ သတိေပးထားပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏုိင္ငံရဲ႔ က်န္းမာေရး ေစာင့္ေရွာက္မႈကလည္း ပံုမွန္ မလည္ပတ္ႏုိင္ ျဖစ္ေနတာပါ။ ရန္ကုန္ၿမိဳ႕ခံ ကိုရဲ၀င္းထြဋ္ က အခုလို ေျပာပါတယ္။

"ဘာျဖစ္လို႔လဲ ဆိုေတာ့သူတို႔ရဲ႕ ထိန္းခ်ဳပ္မႈ၊ သူတို႔ရဲ႕ အသိေပးမႈ၊ ေနာက္ သူတို႔ လုပ္ကိုင္ပံုေတြက မွားေနတာကိုး။ တလြဲ ျဖစ္ေနတာကိုး။ အကုန္လံုး ဒီထက္ ဆိုးဖို႔ဘဲ ရွိတယ္။ ေက်ာ္လႊားဖို႔ မရွိဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ လြန္ခဲ႔တဲ႔ ၂ ရက္ ၃ ရက္က ေရေ၀း သုသာန္မွာ ၃၇ ေလာင္း၊ ေနာက္ ၂ ရက္ ေနတဲ႔ အခါမွာ ၂၅၀ ဆိုေတာ့ က်ေနာ္တို႔ First wave ေတြ Second Wave ေတြ တုန္းကထက္ ၃-၄-၅ ဆေလာက္ ရွိတယ္"

မီးသၿဂၤ ိဳဟ္မႈနဲ႔ ေျမျမဳပ္ သၿဂၤ ိဳဟ္မႈ အေရအတြက္ကိုေတာ့ ရန္ကုန္ ၿမိဳ႕ေတာ္ တာ၀န္ရွိသူေတြက တရား၀င္ မထုတ္ျပန္ပါဘူး။ ဒါေပမယ့္ အကူအညီေပးေနသူေတြနဲ႔ လူမႈကြန္ရက္ ေပၚမွာ ခန္႔မွန္း ေျပာဆိုခ်က္ေတြ အရေတာ့ ေရေ၀း သုသာန္မွာ ေန႔စဥ္ ေသဆံုးသူ ရုပ္အေလာင္း ၁၀၀ ေက်ာ္ေလာက္ သၿဂၤ ိဳဟ္ ေနရတာကေန ဗုဒၶဟူးေန႔မွာေတာ့ ၂၀၀ ေက်ာ္ထိ ရွိခဲ႔တယ္လို႔ ေျပာဆိုၾကပါတယ္။ ရန္ကုန္ၿမိဳ႕က တျခား သုသာန္ေတြမွာလည္း သၿဂၤ ိဳဟ္ေပးရတဲ႔ အေရအတြက္ ပံုမွန္ထက္ ပိုမ်ားေနပါတယ္။ ေသဆံုးသူေတြကို သၿဂၤ ိဳဟ္ေရးအတြက္ သုသာန္ကို သယ္ယူဖို႔ အေရးေပၚကား ရဖု႔ိကလည္း အခက္အခဲ ျဖစ္လာေနေၾကာင္း အမည္မေဖာ္လုိတဲ႔ အကူအညီေပးေနသူေတြက ေျပာပါတယ္။

............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာပြီး လူနာတွေကို ကုသရေးအတွက် အောက်ဆီဂျင် မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတာနဲ့ အတူ သေဆုံးသူတွေ တိုးလာနေတာကြောင့် အလျင်မီအောင် သင်္ဂြ ိုဟ်ဖို့ စီစဉ်နေကြရကြောင်း အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ တချိန်တည်းမှာဘဲ Covid-19 ရောဂါ လက္ခဏာပြတဲ့ လူနာတွေရဲ့ မိသားစုဝင်တွေလည်း အောက်ဆီဂျင်ရရေးအတွက် ဆက်ပြီး ကြိုးစားနေကြရပါတယ်။ AP နဲ့ AFP သတင်းဆောင်းပါးတွေကို အခြေခံပြီး မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးပါမယ်။

ရန်ကုန်မြို့ ရေဝေး သုသာန်က မီသင်္ဂြ ိုဟ်စက် ၃ လုံးနဲ့ မနက် ၈ နာရီကနေ ညနေ ၅ နာရီ အထိ သေဆုံးသူတွေကို ဆက်တိုက် သင်္ဂြ ိုဟ်ပေးနေရတယ်လို့ ရေဝေး သုသာန် တာဝန်ရှိသူ တဦးက ပြောပါတယ်။ စစ်ကောင်စီက နိုင်ငံတွင်း Covid-19 အရေး ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး ဝေဖန်မခံတာကြောင့် သူ့နာမည်ကိုတော့ မဖော်ပြဖို့ အဲဒီ တာဝန်ရှိသူက ပြောပါတယ်။ ရန်ကုန်မြို့ခံ ကိုသန်းဇော်ဝင်း ကတော့ ညီမဖြစ်သူကို လောလောလတ်လတ် ဆုံးရှုံးလိုက်ရသူပါ။

"၃ ရက်ဘဲ ရှိသေးတယ်။ ပထမနေ့က သူက မူးတယ် မူးတယ် ဆိုပြီးတော့ Pressure ကျလို့ပေါ့။ မူးတယ် မူးတယ် ဆိုပြီးတော့ ဆေးတွေ ထိုးတယ် ဆေးတွေ သွင်းတယ်ပေါ့။ ဆေးလေး စားပြီး နေတယ်ပေါ့။ ဒီ အောက်ဆီဂျင်လေး ရှုနေတယ်ပေါ့။ မနေ့က တရက်ပေါ့။ မနေ့က တရက်ကလည်း တော်တော် ခံစားလိုက်ရတာပေါ့။ သူက ကြပ်လို့။ အရင်ကတော့ ဘာရောဂါ အခံမှ မရှိဘူး။ အဲဒါ ဒီမနက်ကျမှ တန်းစီရင်း တန်းလန်နဲ့ အိမ်မှာ ကျနော့် တူ တယောက်က အိုးကြီး တလုံးပေးထားတာ။ အဲဒါ အခု ကုန်တော့မယ် ကုန်တော့မယ် ပြောနေရင်းနဲ့ အခု ဆုံးသွားတာ။ အောက်ဆီဂျင်လည်း ကုန်သွားတာကိုး"

Covid-19 အတည်ပြု လူနာသေဆုံးခဲ့ရင် အရပ်ဘက် အကူအညီပေးရေး အဖွဲ့တွေက ကူညီဆောင်ရွက်ခွင့်ကို အာဏာပိုင်တို့က တားမြစ်ထားတာပါ။ အခု အရပ်ဘက် အကူအညီပေးရေး အဖွဲ့တွေက ကူညီပေးနေတဲ့ နာရေးတွေမှာ အများစုက အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် သေဆုံးရသူတွေလို့ ပြောပါတယ်။ Covid-19 ရောဂါ လက္ခဏာတွေ ပြသူတွေနဲ့ Covid-19 ရောဂါ ဖြစ်ပေမယ့် ဆေးရုံတက်ခွင့် မရသူတွေ အောက်ဆီဂျင်သုံးပြီး အိမ်မှာ ကုသနေကြတာပါ။ အောက်ဆီဂျင်သာ ရရင် အဆင်ပြေမှာဘဲလို့ ရန်ကုန်မြို့ခံ ကိုသန်းဇော်ဝင်း က ပြောပါတယ်။

" အောက်ဆီဂျင်သာ ရမယ်ဆိုရင်တော့ သေစရာ အကြောင်း မရှိဘူးပေါ့နော်။ အောက်ဆီဂျင်က အခုဟာ ကျနော်တို့က ပိုက်ဆံ ၁ သိန်းတန်တာကို ၂ သိန်းခွဲ ပေးလည်း မရဘူး။ ၂ သိန်း တန်တာကို ၄ သိန်းပေးလည်း မရဘူး။ ဝယ်ပြီးတော့ ဒီအောက်ဆီဂျင်ကြီး ရှုလိုက်လို့ ဒါကုန်သွားရင်လည်း ပြန်ဖြည့်ဖို့က အဆင်မပြေဘူး။ အဲလို ဖြစ်ကုန်တာ"

ပြီးခဲ့တဲ့ သီတင်းပတ်တွေက စလို့ နိုင်ငံတဝန်းမှာ အောက်ဆီဂျင်ရရှိရေး တန်းစီ စောင့်ဆိုင်း ဝယ်ယူနေကြရပါတယ်။ အောက်ဆီဂျင် အလုံအလောက် မရသလို အောက်ဆီဂျင် သိုလှောင်တဲ့ အိုးတွေလည်း ပြတ်လပ်နေတာပါ။ အောက်ဆီဂျင် ရရှိရေး လာပြီး တန်းစီ စောင့်ဆိုင်းနေတဲ့ ရန်ကုန်မြို့ခံ ကိုရဲကျော်မိုး က အခုလို ပြောပါတယ်။

"ကျနော် မအိပ်ဘဲနဲ့ ၃း၁၅ - ၃း၂၀ လောက်မှာ။ ဟိုကောင်တွေကိုလည်း ရှောင်ရသေးတယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ မာရှယ်လော ထုတ်ထားတာကိုး။ သူတို့နဲ့ တွေ့မှာလည်း စိုးရိမ်ရ သေးတယ်။ အဲတော့ ၃ နာရီ ကျော်ကျော်လောက်မှာ ထွက်လာတာပေါ့။ ၃း၃၀ လောက် ဒီရောက်တယ်ပေါ့။ ကျနော်က နံပတ် ၁၅။ ကျနော့်ရှေ့မှာ စီနေတဲ့သူ အများကြီး ရှိသေးတယ်"

မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးပေါ် အကူအညီ မပေးရင် သေဆုံးမှု တိုးလာနိုင်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ဗုဒ္ဓဟူေးန့မှာ သတိပေးထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကလည်း ပုံမှန် မလည်ပတ်နိုင် ဖြစ်နေတာပါ။ ရန်ကုန်မြို့ခံ ကိုရဲဝင်းထွဋ် က အခုလို ပြောပါတယ်။

"ဘာဖြစ်လို့လဲ ဆိုတော့သူတို့ရဲ့ ထိန်းချုပ်မှု၊ သူတို့ရဲ့ အသိပေးမှု၊ နောက် သူတို့ လုပ်ကိုင်ပုံတွေက မှားနေတာကိုး။ တလွဲ ဖြစ်နေတာကိုး။ အကုန်လုံး ဒီထက် ဆိုးဖို့ဘဲ ရှိတယ်။ ကျော်လွှားဖို့ မရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်က ရေဝေး သုသာန်မှာ ၃၇ လောင်း၊ နောက် ၂ ရက် နေတဲ့ အခါမှာ ၂၅၀ ဆိုတော့ ကျနော်တို့ First wave တွေ Second Wave တွေ တုန်းကထက် ၃-၄-၅ ဆလောက် ရှိတယ်"

မီးသင်္ဂြ ိုဟ်မှုနဲ့ မြေမြုပ် သင်္ဂြ ိုဟ်မှု အရေအတွက်ကိုတော့ ရန်ကုန် မြို့တော် တာဝန်ရှိသူတွေက တရားဝင် မထုတ်ပြန်ပါဘူး။ ဒါပေမယ့် အကူအညီပေးနေသူတွေနဲ့ လူမှုကွန်ရက် ပေါ်မှာ ခန့်မှန်း ပြောဆိုချက်တွေ အရတော့ ရေဝေး သုသာန်မှာ နေ့စဉ် သေဆုံးသူ ရုပ်အလောင်း ၁၀၀ ကျော်လောက် သင်္ဂြ ိုဟ် နေရတာကနေ ဗုဒ္ဓဟူးနေ့မှာတော့ ၂၀၀ ကျော်ထိ ရှိခဲ့တယ်လို့ ပြောဆိုကြပါတယ်။ ရန်ကုန်မြို့က တခြား သုသာန်တွေမှာလည်း သင်္ဂြ ိုဟ်ပေးရတဲ့ အရေအတွက် ပုံမှန်ထက် ပိုများနေပါတယ်။ သေဆုံးသူတွေကို သင်္ဂြ ိုဟ်ရေးအတွက် သုသာန်ကို သယ်ယူဖို့ အရေးပေါ်ကား ရဖု့ိကလည်း အခက်အခဲ ဖြစ်လာနေကြောင်း အမည်မဖော်လိုတဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG