သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိ္ုင္ငံကလာမယ့္ ခရီးသည္ေတြကို စကၤာပူပိတ္ပင္ကန္႔သတ္


ဇန္နဝါရီလ ၁၄ ရက္ေန႔က စကၤာပူႏိုင္ငံ Changi အျပည္ျပည္ဆိုင္ရာ ေလဆိပ္။ (ဇန္နဝါရီ ၁၄၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကူးစက္မူေတြ ျမင့္တက္လာတဲ့အခ်ိန္မွာပဲ စကၤာပူအေနနဲ႔ ျမန္မာႏိုင္ငံက လာမယ့္ ခရီးသည္ေတြကို ႏိုင္ငံတြင္း ဝင္ခြင့္ ကန္႔သတ္ခ်က္ထုတ္လိုက္ပါတယ္။

လြန္ခဲ့တဲ့ ၂၁ ရက္အတြင္းမွာ ျမန္မာႏိုင္ငံတြင္း ခရီးသြားမွတ္တမ္းရွိခဲ့တဲ့ စကၤာပူမွာ ေရရွည္ေနထိုင္ခြင့္ရထားသူကိုေရာ ေရတို လည္ပတ္ခြင့္ဗီဇာရထားသူေတြကိုပါ ၾကာသပေတးေန႔စၿပီး စကၤာပူႏိုင္ငံကို ၀င္ေရာက္ခြင့္ေပးေတာ့မွာ မဟုတ္ပါဘူး။ ဒီအထဲမွာ ျမန္မာႏိုင္ငံမွာ ခရီးတေထာက္နားခဲ့သူေတြလည္း အက်ံဳး၀င္ပါတယ္။ ဒါေတြကေတာ့ ျမန္မာႏိ္ုင္ငံကေန စကၤာပူကို တိုက္႐ိုက္၀င္လာမယ့္သူေတြပါ။

ဒါ့အျပင္ ျမန္မာႏိုင္ငံက တိုက္႐ိုက္လာတာ မဟုတ္ေပမဲ့ မၾကာေသးခင္အခ်ိန္ ျမန္မာႏိ္ုင္ငံခရီးသြားမွတ္တမ္းရွိခဲ့သူ ဘယ္သူမဆိုလည္း စကၤာပူအ၀င္မွာ ART လို႔ အတိုေကာက္ေခၚတဲ့ ကိုဗစ္အျမန္စစ္ကိရိယာနဲ႔ ေရာဂါပိုးရွိ၊ မရွိ စစ္ေဆးခံရမယ္လို႔ ေၾကညာထားပါတယ္။ ဒီလူေတြအေနနဲ႔ ၁၄ ရက္ၾကာ သီးျခားခဲြေနတာမ်ိဳး မရွိခဲ့ရင္လည္း စကၤာပူမွာ အစိုးရသတ္မွတ္ေပးထားတဲ့ ကန္႔သတ္စခန္းမွာ ၁၄ ရက္ၾကာေနထိုင္ရမွာျဖစ္ပါတယ္။ အဲဒီေနာက္ အသြားအလာကန္႔သတ္ေနထိုင္မႈ ၁၄ ရက္ျပည့္ရင္လည္း PCR ေခၚတဲ့ ပံုမွန္ကိုဗစ္ေရာဂါပိုးစစ္ေဆးမႈကို ခံယူရပါမယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံကလာမယ့် ခရီးသည်တွေကို စင်္ကာပူပိတ်ပင်ကန့်သတ်

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မူတွေ မြင့်တက်လာတဲ့အချိန်မှာပဲ စင်္ကာပူအနေနဲ့ မြန်မာနိုင်ငံက လာမယ့် ခရီးသည်တွေကို နိုင်ငံတွင်း ဝင်ခွင့် ကန့်သတ်ချက်ထုတ်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၁ ရက်အတွင်းမှာ မြန်မာနိုင်ငံတွင်း ခရီးသွားမှတ်တမ်းရှိခဲ့တဲ့ စင်္ကာပူမှာ ရေရှည်နေထိုင်ခွင့်ရထားသူကိုရော ရေတို လည်ပတ်ခွင့်ဗီဇာရထားသူတွေကိုပါ ကြာသပတေးနေ့စပြီး စင်္ကာပူနိုင်ငံကို ဝင်ရောက်ခွင့်ပေးတော့မှာ မဟုတ်ပါဘူး။ ဒီအထဲမှာ မြန်မာနိုင်ငံမှာ ခရီးတထောက်နားခဲ့သူတွေလည်း အကျုံးဝင်ပါတယ်။ ဒါတွေကတော့ မြန်မာနိုင်ငံကနေ စင်္ကာပူကို တိုက်ရိုက်ဝင်လာမယ့်သူတွေပါ။

ဒါ့အပြင် မြန်မာနိုင်ငံက တိုက်ရိုက်လာတာ မဟုတ်ပေမဲ့ မကြာသေးခင်အချိန် မြန်မာနိုင်ငံခရီးသွားမှတ်တမ်းရှိခဲ့သူ ဘယ်သူမဆိုလည်း စင်္ကာပူအဝင်မှာ ART လို့ အတိုကောက်ခေါ်တဲ့ ကိုဗစ်အမြန်စစ်ကိရိယာနဲ့ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခံရမယ်လို့ ကြေညာထားပါတယ်။ ဒီလူတွေအနေနဲ့ ၁၄ ရက်ကြာ သီးခြားခွဲနေတာမျိုး မရှိခဲ့ရင်လည်း စင်္ကာပူမှာ အစိုးရသတ်မှတ်ပေးထားတဲ့ ကန့်သတ်စခန်းမှာ ၁၄ ရက်ကြာနေထိုင်ရမှာဖြစ်ပါတယ်။ အဲဒီနောက် အသွားအလာကန့်သတ်နေထိုင်မှု ၁၄ ရက်ပြည့်ရင်လည်း PCR ခေါ်တဲ့ ပုံမှန်ကိုဗစ်ရောဂါပိုးစစ်ဆေးမှုကို ခံယူရပါမယ်။

XS
SM
MD
LG