သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ေသဆံုးမႈႏႈန္း တရားဝင္ကိန္းဂဏန္းထက္ မ်ားျပားဖြယ္ရွိ


ဇူလိုင္လ ၁၃ ရက္ေန႔က မႏၱေလးၿမိဳ႕ရွိ စက္ရံုတခုေရွ႕မွာ ေအာက္ဆီဂ်င္ျဖည့္ဖို႔ ေစာင့္ေနၾကသူမ်ား။ (ဇူလိုင္ ၁၃၊ ၂၀၂၁)

[Zawgyi/Unicode]

ကိုဗစ္ေၾကာင့္ ေသဆံုးစာရင္းကို က်န္းမာေရးဝန္ႀကီးဌာနက ေန႔စဥ္ထုတ္ျပန္ေပးေနေပမယ့္ အမွန္တကယ္ေသဆံုးမႈႏႈန္းဟာ ထုတ္ျပန္တာထက္ မ်ားျပားဖြယ္ရွိတယ္လို႔ ေဆးဘက္ဆိုင္ရာပညာရွင္ေတြက ေျပာပါတယ္။ ကိုဗစ္ေၾကာင့္ ေသဆံုးမႈႏႈန္းဟာ အခုရက္ပိုင္းအတြင္း တေန႔ထက္တေန႔ပို တိုးလာေနပါတယ္။ ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုၿငိမ္းခ်မ္းေျပာျပပါမယ္။

ရန္ကုန္ၿမိဳ႕မွာရွိတဲ့ သုသာန္တခ်ိဳ႕မွာ ဒီရက္ပိုင္းအတြင္း မီးသၿဂိၤဳလ္ေပးရတဲ့ အေရအတြက္က အဆမတန္မ်ားေနၿပီး အမ်ားစုက ကိုဗစ္ေရာဂါ လကၡဏာေတြနဲ႔ ေသဆုံးခဲ့ၾကတာလို႔ ပရဟိတအဖြဲ႕ေတြက ေျပာပါတယ္။ က်န္းမာေရး ဝန္ႀကီးဌာနဘက္က ကိုဗစ္ေၾကာင့္ေသဆုံးရတဲ့ ႏႈန္းထားကို ေန႔စဥ္ထုတ္ျပန္ေနေပမဲ့ အျပင္မွာေတာ့ အဲဒီအေရအတြက္ထက္ ပိုမ်ားတယ္လို႔ ေျပာၾကပါတယ္။

ျမန္မာက်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာသန္းႏိုင္စိုးကေတာ့ တရားဝင္ ကိန္းဂဏန္းေတြထက္ ေျမျပင္မွာ ေသဆုံးႏႈန္းက ပိုမ်ားေနတယ္ဆိုတာ ေဆးပညာရႈေထာင့္အရ ျဖစ္ႏိုင္ေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ကေတာ့ Data ေပါ့ေနာ္၊ ေဆး႐ုံေတြေပၚကို တက္တဲ့ လူနာရယ္၊ ျဖစ္တဲ့ေရာဂါ အတည္ျပဳလူနာရယ္ ေသဆုံးတဲ့ႏႈန္းကို ျပန္တြက္ရတာေပါ့ေနာ္။ အဲဒီအခါက်ေတာ့ ဒီ ခုဏကေျပာတဲ့ Community ထဲမွာ COVID ျဖစ္လို႔ေသတာလားေပါ့။ ဒါမွမဟုတ္ COVID ဝင္ၿပီးေတာ့ တျခားျပင္းထန္တဲ့ ေရာဂါအခံရွိလို႔ ေသတာလား။ ဒါေတြက စစ္ၾကည့္လို႔မွ သိမယ့္ကိစၥေပါ့ေနာ္။ အဲဒီေတာ့ ခုဏလို ေရွ႕ကေပါ့၊ က်ေနာ္တို႔ႏိုင္ငံတင္မဟုတ္ဘူး။ ဒီ ကူးစက္ျမန္ျပင္းထန္တဲ့ ပိုးေတြခံစားခဲ့ရတဲ့ ႏိုင္ငံေတြ၊ ဥပမာ အိႏၵိယတို႔ဘာတို႔ကို ၾကည့္မယ္ဆိုရင္လည္း Published figure (တရားဝင္ထုတ္ျပန္စာရင္း) ထက္စာရင္ Community ( ရပ္႐ြာ) ထဲက Figure က ပိုမ်ားတယ္ဆိုၿပီးေတာ့ ေျပာတာမ်ိဳးရွိတာေပါ့ေနာ္။ ဒါေတြက က်ေနာ္တို႔ကေတာ့ Verify လုပ္ဖို႔က တေယာက္ခ်င္းစီ လိုက္စစ္မွပဲ သိမွာေပါ့ေနာ္။ အဲဒီေတာ့ Data ရဲ႕ သေဘာတရားအရ က်န္းမာေရးစနစ္ရဲ႕ စာရင္းဇယားအရေျပာရရင္ ဒါ ပိုတယ္ဆိုတာ ျဖစ္ႏိုင္ပါတယ္။”

ေဆး႐ုံ ေဆးခန္းမေရာက္ဘဲ ဒီရက္ပိုင္းအတြင္း ေနအိမ္မွာပဲ ေသဆုံးခဲ့ရသူအမ်ားစုဟာ အသက္ရႈမဝျဖစ္ၿပီး အေရးေပၚ ေအာက္စီဂ်င္ကိုလည္း အခ်ိန္မီ မရခဲ့သူေတြပါ။ ဒီလိုေသဆုံးတဲ့သူေတြကို ကိုဗစ္ေၾကာင့္ ေသဆုံးရလားဆိုတဲ့ စစ္ေဆးမႈေတြ မလုပ္ႏိုင္ဘဲ ေန႔ခ်င္းၿပီး မီးသၿဂိၤဳလ္ေပးေနရတာပါ။ ရန္ကုန္က ပရဟိတအဖြဲ႕ေတြရဲ႕ ေျပာၾကားခ်က္အရဆိုရင္ ဇူလိုင္ ၁၃ ရက္က ေရေဝးသုသာန္တခုတည္းမွာ မီးသၿဂိဳလ္ခဲ့ရတဲ့ အေလာင္းဟာ ၂၀၀ ေက်ာ္တယ္လို႔ ဆိုပါတယ္။ ဒါနဲ႔ပတ္သက္လုိ႔ ေ႐ႊသန္လ်င္ နာေရးကူညီမႈအသင္းဥကၠ႒ ဦးေအာင္ႏိုင္ဝင္း အခုလုိ ေျပာျပပါတယ္။

“က်ေနာ္တို႔ သၿဂိၤဳလ္ေပးရတဲ့ အင္အားအရေပါ့ေနာ္... ေသဆုံးတဲ့သူေတြရဲ႕အားက ဒီလကၡဏာနဲ႔ ဆုံးတာက ၇၅/ ၈၀ ရာခိုင္ႏႈန္းေလာက္ကိုရွိတယ္။ က်ေနာ္တို႔ကို တခ်ိဳ႕ေတြက ႐ိုး႐ိုးေရာဂါနဲ႔ ေသတာပါဆိုၿပီး ေခၚတယ္။ ဒါေပမဲ့ တကယ္တမ္း သြားသယ္ေတာ့ က်ေနာ့္ (ပရဟိတ) ကေလးေတြ အခုအနံ႔ေပ်ာက္သြားၿပီ။ ကေလးသုံးေယာက္ကို အခန္းထဲမွာ ပိတ္ထားလိုက္ရၿပီ။ ဒီမွာ သၿဂိဳလ္ရတဲ့ အားေတြကလည္း အဆမတန္ကို မ်ားလာတယ္။”

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ဇူလိုင္ ၁၃ ရက္ထုတ္ျပန္ခ်က္မွာေတာ့ မေန႔ကတရက္တည္း ေသဆုံးခဲ့တဲ့ႏႈန္းက ၁၀၉ ေယာက္ရွိပါတယ္။

ေဆးရုံ ေဆးခန္းေတြမွာ လူတုိင္းေစ့ ကုသခြင့္မရတာနဲ႔ ကုိဗစ္သံသယလူနာ အေတာ္မ်ားမ်ား လုိအပ္တဲ့ ေအာက္စီဂ်င္ မရႏုိင္တဲ့ အခက္အခဲေတြအျပင္ ကိုဗစ္ေရာဂါရဲ႕ ေနာက္ဆက္တြဲ စိန္ေခၚမႈေတြလည္း ႀကီးႀကီးမားမားရွိေနပါတယ္။ မုတ္သုန္ရာသီကို ေရာက္လာတဲ့အတြက္ ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါက ပိုမိုဆိုး႐ြားသြားႏိုင္တယ္လို႔ ကုလအဖြဲ႕အစည္းေတြက သတိေပးထားပါတယ္။ လာမယ့္ ၆ လအတြင္းမွာ သန္းနဲ႔ခ်ီတဲ့ ျမန္မာျပည္သူေတြဟာ အစာေရစာ ျပတ္လပ္မႈကို ႀကဳံရႏိုင္တယ္လို႔လည္း ကမာၻ႔စားနပ္ရိကၡာနဲ႔ စိုက္ပ်ိဳးေရးအဖြဲ႕ FAO က သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကြောင့်သေဆုံးမှုနှုန်း တရားဝင်ကိန်းဂဏန်းထက် များပြားဖွယ်ရှိ

ကိုဗစ်ကြောင့် သေဆုံးစာရင်းကို ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်ပေးနေပေမယ့် အမှန်တကယ်သေဆုံးမှုနှုန်းဟာ ထုတ်ပြန်တာထက် များပြားဖွယ်ရှိတယ်လို့ ဆေးဘက်ဆိုင်ရာပညာရှင်တွေက ပြောပါတယ်။ ကိုဗစ်ကြောင့် သေဆုံးမှုနှုန်းဟာ အခုရက်ပိုင်းအတွင်း တနေ့ထက်တနေ့ပို တိုးလာနေပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းပြောပြပါမယ်။

ရန်ကုန်မြို့မှာရှိတဲ့ သုသာန်တချို့မှာ ဒီရက်ပိုင်းအတွင်း မီးသဂြိၤုလ်ပေးရတဲ့ အရေအတွက်က အဆမတန်များနေပြီး အများစုက ကိုဗစ်ရောဂါ လက္ခဏာတွေနဲ့ သေဆုံးခဲ့ကြတာလို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနဘက်က ကိုဗစ်ကြောင့်သေဆုံးရတဲ့ နှုန်းထားကို နေ့စဉ်ထုတ်ပြန်နေပေမဲ့ အပြင်မှာတော့ အဲဒီအရေအတွက်ထက် ပိုများတယ်လို့ ပြောကြပါတယ်။

မြန်မာကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးကတော့ တရားဝင် ကိန်းဂဏန်းတွေထက် မြေပြင်မှာ သေဆုံးနှုန်းက ပိုများနေတယ်ဆိုတာ ဆေးပညာရှုထောင့်အရ ဖြစ်နိုင်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ကတော့ Data ပေါ့နော်၊ ဆေးရုံတွေပေါ်ကို တက်တဲ့ လူနာရယ်၊ ဖြစ်တဲ့ရောဂါ အတည်ပြုလူနာရယ် သေဆုံးတဲ့နှုန်းကို ပြန်တွက်ရတာပေါ့နော်။ အဲဒီအခါကျတော့ ဒီ ခုဏကပြောတဲ့ Community ထဲမှာ COVID ဖြစ်လို့သေတာလားပေါ့။ ဒါမှမဟုတ် COVID ဝင်ပြီးတော့ တခြားပြင်းထန်တဲ့ ရောဂါအခံရှိလို့ သေတာလား။ ဒါတွေက စစ်ကြည့်လို့မှ သိမယ့်ကိစ္စပေါ့နော်။ အဲဒီတော့ ခုဏလို ရှေ့ကပေါ့၊ ကျနော်တို့နိုင်ငံတင်မဟုတ်ဘူး။ ဒီ ကူးစက်မြန်ပြင်းထန်တဲ့ ပိုးတွေခံစားခဲ့ရတဲ့ နိုင်ငံတွေ၊ ဥပမာ အိန္ဒိယတို့ဘာတို့ကို ကြည့်မယ်ဆိုရင်လည်း Published figure (တရားဝင်ထုတ်ပြန်စာရင်း) ထက်စာရင် Community ( ရပ်ရွာ) ထဲက Figure က ပိုများတယ်ဆိုပြီးတော့ ပြောတာမျိုးရှိတာပေါ့နော်။ ဒါတွေက ကျနော်တို့ကတော့ Verify လုပ်ဖို့က တယောက်ချင်းစီ လိုက်စစ်မှပဲ သိမှာပေါ့နော်။ အဲဒီတော့ Data ရဲ့ သဘောတရားအရ ကျန်းမာရေးစနစ်ရဲ့ စာရင်းဇယားအရပြောရရင် ဒါ ပိုတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။”

ဆေးရုံ ဆေးခန်းမရောက်ဘဲ ဒီရက်ပိုင်းအတွင်း နေအိမ်မှာပဲ သေဆုံးခဲ့ရသူအများစုဟာ အသက်ရှုမဝဖြစ်ပြီး အရေးပေါ် အောက်စီဂျင်ကိုလည်း အချိန်မီ မရခဲ့သူတွေပါ။ ဒီလိုသေဆုံးတဲ့သူတွေကို ကိုဗစ်ကြောင့် သေဆုံးရလားဆိုတဲ့ စစ်ဆေးမှုတွေ မလုပ်နိုင်ဘဲ နေ့ချင်းပြီး မီးသဂြိၤုလ်ပေးနေရတာပါ။ ရန်ကုန်က ပရဟိတအဖွဲ့တွေရဲ့ ပြောကြားချက်အရဆိုရင် ဇူလိုင် ၁၃ ရက်က ရေဝေးသုသာန်တခုတည်းမှာ မီးသဂြိုလ်ခဲ့ရတဲ့ အလောင်းဟာ ၂၀၀ ကျော်တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ရွှေသန်လျင် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်း အခုလို ပြောပြပါတယ်။

“ကျနော်တို့ သဂြိၤုလ်ပေးရတဲ့ အင်အားအရပေါ့နော်... သေဆုံးတဲ့သူတွေရဲ့အားက ဒီလက္ခဏာနဲ့ ဆုံးတာက ၇၅/ ၈၀ ရာခိုင်နှုန်းလောက်ကိုရှိတယ်။ ကျနော်တို့ကို တချို့တွေက ရိုးရိုးရောဂါနဲ့ သေတာပါဆိုပြီး ခေါ်တယ်။ ဒါပေမဲ့ တကယ်တမ်း သွားသယ်တော့ ကျနော့် (ပရဟိတ) ကလေးတွေ အခုအနံ့ပျောက်သွားပြီ။ ကလေးသုံးယောက်ကို အခန်းထဲမှာ ပိတ်ထားလိုက်ရပြီ။ ဒီမှာ သဂြိုလ်ရတဲ့ အားတွေကလည်း အဆမတန်ကို များလာတယ်။”

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇူလိုင် ၁၃ ရက်ထုတ်ပြန်ချက်မှာတော့ မနေ့ကတရက်တည်း သေဆုံးခဲ့တဲ့နှုန်းက ၁၀၉ ယောက်ရှိပါတယ်။

ဆေးရုံ ဆေးခန်းတွေမှာ လူတိုင်းစေ့ ကုသခွင့်မရတာနဲ့ ကိုဗစ်သံသယလူနာ အတော်များများ လိုအပ်တဲ့ အောက်စီဂျင် မရနိုင်တဲ့ အခက်အခဲတွေအပြင် ကိုဗစ်ရောဂါရဲ့ နောက်ဆက်တွဲ စိန်ခေါ်မှုတွေလည်း ကြီးကြီးမားမားရှိနေပါတယ်။ မုတ်သုန်ရာသီကို ရောက်လာတဲ့အတွက် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါက ပိုမိုဆိုးရွားသွားနိုင်တယ်လို့ ကုလအဖွဲ့အစည်းတွေက သတိပေးထားပါတယ်။ လာမယ့် ၆ လအတွင်းမှာ သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေဟာ အစာရေစာ ပြတ်လပ်မှုကို ကြုံရနိုင်တယ်လို့လည်း ကမ္ဘာ့စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO က သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG