သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္တိုင္းမွာ ေသဆံုးသူေတြ သၿဂႋဳလ္ဖို႔ သုသာန္ေတြ ခြဲျခားသတ္မွတ္


ကိုဗစ္ေရာဂါေၾကာင့္ ေသဆံုးသြားသူတဦးကို သယ္ေဆာင္ေနတဲ့ ေစတနာ့ဝန္ထမ္းမ်ားကို ရန္ကုန္တိုင္း လွည္းကူးၿမိဳ႕နယ္မွာ ေတြ႔ရ။ (ဇူလိုင္ ၁၀၊ ၂၀၂၁)

[Zawgyi/Unicode]

ရန္ကုန္တိုင္းထဲက သုသာန္ေတြမွာ မီးသၿဂိဳၤလ္ဖို႔ ေရာက္လာတဲ့အေလာင္းေတြ အရင္ကထက္ အဆမတန္ မ်ားလာေနလို႔ ၿမိဳ႕နယ္အလိုက္ သုသာန္ေတြခြဲၿပီး သၿဂိဳၤလ္ဖို႔ သတ္မွတ္လိုက္ပါတယ္။ ကိုဗစ္ကပ္ေရာဂါ တတိယလႈိင္းနဲ႔ ၾကံဳေနရခ်ိန္ ေသဆုံးႏႈန္းတိုးလာေနၿပီး အေလာင္းေတြကို မီးသၿဂိဳၤလ္ဖို႔ စီစဥ္ရာမွာလည္း သတ္မွတ္ခ်ိန္ေက်ာ္လြန္တဲ့အထိ ေစာင့္ဆိုင္းသၿဂိဳၤလ္ေနရတဲ့ အေျခအေနရွိေနပါတယ္။ ဒီအေျခအေနနဲ႔ပတ္သက္လို႔ ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစုံကို မဆုမြန္ကေျပာျပပါမယ္။

ရန္ကုန္တိုင္းထဲက ေရေဝး၊ ထိန္ပင္၊ က်ီစုနဲ႔ က်ဴေခ်ာင္ သုသာန္ေတြမွာ ၿမိဳ႕နယ္အလိုက္ အေလာင္းေတြကိုသၿဂိဳၤလ္ဖို႔ စည္ပင္သာယာေကာ္မတီက ေမတၱာရပ္ခံထားပါတယ္။ မီးသၿဂိဳၤလ္ဖို႔ေရာက္လာတဲ့ အေလာင္းေတြကို ညအခ်ိန္ထိ သၿဂိဳၤလ္ေနရတဲ့ အေျခအေနေၾကာင့္ အခုလို ခြဲၿပီးသတ္မွတ္လိုက္တာပါ။

ဇူလိုင္ ၁၄ ရက္၊ မေန႔ညတုန္းက ေရေဝးသုသာန္မွာ မီးသၿဂိဳၤလ္ဖို႔ ေစာင့္ဆိုင္းေနရတဲ့အေလာင္းေတြ ပုံေနတဲ့အထိ ျဖစ္ခဲ့ပါတယ္။ ၿမိဳ႕နယ္ ၉ ၿမိဳ႕နယ္ကေန ေရာက္လာတဲ့အေလာင္းေတြကို တာဝန္ယူရမယ့္ က်ီစုသုသာန္မွာေတာ့ ဒီကေန႔အထိ အေလာင္းေတြ မ်ားေနတယ္လို႔ သိရပါတယ္။ သၿဂိဳၤလ္ရမယ့္ အေလာင္းအေရအတြက္ ပုံမွန္ထက္ မ်ားတာမွန္ေပမဲ့ အေရအတြက္အတိအက်ကိုေတာ့ ေျပာပိုင္ခြင့္မရွိဘူးလို႔ က်ီစုသုသာန္ တာဝန္ရွိသူတဦးက ေျပာပါတယ္။

"လာတဲ့ အေလာင္းေတြကိုေတာ့ က်ေနာ္တို႔က အကုန္လုံး သၿဂိဳၤလ္ေပးတာပဲ။ Body က ပုံမွန္ထက္ေတာ့ မ်ားတယ္၊ ၿမိဳ႕နယ္မ်ားတဲ့အတြက္ Body မ်ားတဲ့ သေဘာရွိပါတယ္။ အခ်ိန္ကေတာ့ ပုံမွန္သတ္မွတ္ထားတာ ညေန ၆ နာရီေပါ့ေနာ္။ မ်ားတဲ့အခါက်ေတာ့ ၆ နာရီ ေက်ာ္သြားတာေတြရွိတယ္။ မ်ားတဲ့အခါက်ေတာ့ ေရာက္လာတဲ့အေလာင္းေတြကို က်ေနာ္တို႔မလုပ္ေပးလို႔ မရဘူးေလ။ အခ်ိန္ေက်ာ္လည္း က်ေနာ္တို႔ အဆင္ေျပေအာင္ေတာ့ လုပ္ေပးပါတယ္ခင္ဗ်။"

အခုရက္ပိုင္းအတြင္း ေသဆုံးသူေတြကို အမ်ားဆုံးသၿဂိဳၤလ္ေပးေနရတဲ့ ေရေဝးသုသာန္မွာေတာ့ ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္အတြင္းက ေရာက္လာမယ့္အေလာင္းေတြကို တာဝန္ယူ သၿဂိဳၤလ္ေပးရမွာ ျဖစ္တယ္လို႔ ေရေဝးသုသာန္တာဝန္ခံတဦးက ေျပာပါတယ္။

"က်ေနာ္တို႔ဆီမွာ ပုံမွန္ပဲ သၿဂိဳၤလ္ေနပါတယ္။ ၿမိဳ႕နယ္ေတြကေတာ့ ခြဲထုတ္ေပးလိုက္ပါၿပီ။"

ရန္ကုန္တိုင္းအတြင္းက သုသာန္ေတြမွာ ဒီရက္ပိုင္းအတြင္း သၿဂိဳၤလ္ေပးေနရတဲ့ အေလာင္းေတာ္ေတာ္မ်ားမ်ားဟာ ေအာက္စီဂ်င္ေလ်ာ့ၿပီး ႐ုတ္တရက္ေသဆုံးသြားသူေတြ ျဖစ္တယ္လို႔ ပရဟိတအဖြဲ႕ေတြက ေျပာပါတယ္။

အခုဆိုရင္ ပရဟိတ လူမႈကူညီေရးအသင္းေတြရဲ႕ အေရးေပၚလူနာတင္ကားေတြနဲ႔ အေလာင္းေတြကို သယ္ေဆာင္ၿပီး မီးသၿဂႋဳလ္ဖို႔ ေဆာင္႐ြက္ေပးေနရတာပါ။ အခုရက္ပိုင္းအတြင္း လူေသဆုံးႏႈန္းက စိုးရိမ္စရာေကာင္းေအာင္ ျမင့္ေနတယ္လို႔ ကိုဗစ္လူနာေတြကို ကူညီေပးေနတဲ့ ဆရာေတာ္ ဦးေရဝတ မိန႔္ပါတယ္။

"ပရဟိတလုပ္ေနတဲ့ အဖြဲ႕ေတြက ခါတိုင္းက ရွင္ကူေပါ့ေနာ္၊ နာကူမဟုတ္ဘူး။ အခု ထိန္ပင္သုႆန္မွာကို Ambulance ကားေတြက Body ေတြ တိုက္႐ိုက္ပို႔ေနၾကရၿပီ။ နာေရးကားေတြ အဆင္မေျပေတာ့လို႔၊ နာေရးကားေတြနဲ႔တင္ မလုံေလာက္ေတာ့လို႔ ဒီ Ambulance ကားေတြနဲ႔ကို အခုကတန္းစီၿပီး ေနေနရၿပီ။ ေတာ္ေတာ္ႀကီး ဆိုးဆိုး႐ြား႐ြားကို ျဖစ္သြားတယ္။ ဒီေန႔ဆိုရင္ ဘုန္းဘုန္းရဲ႕ ဒါယိကာမအရင္းကိုယ္တိုင္ ဆုံးသြားတာမၾကာေသးဘူး။ ဒီေန႔မနက္ပဲ Ambulance ကားနဲ႔ ပို႔ၿပီးေတာ့ တခါတည္းသၿဂႋဳလ္ဖို႔ရန္ စီစဥ္လိုက္ရတယ္။ သၿဂႋဳလ္တဲ့ေနရာမွာေတာ့ သူတို႔ကအစအဆုံး အဆင္ေျပေအာင္ စီစဥ္ေပးပါတယ္။ ကန႔္သတ္ခ်က္မထားဘဲနဲ႔ အလ်ဥ္းသင့္ရင္ သင့္သလို သူတို႔အေကာင္းဆုံးလုပ္ေပးပါတယ္။"

ၿမိဳ႕နယ္ ၁၂ ၿမိဳ႕နယ္ကေန ေရာက္လာမယ့္ အေလာင္းေတြကို မီးသၿဂႋဳလ္ဖို႔ တာဝန္ယူထားတဲ့ ထိန္ပင္သုသာန္မွာေတာ့ ဒီကေန႔အထိ အေလာင္းေတြ စုပုံေရာက္လာေနလို႔ သၿဂႋဳလ္ဖို႔အတြက္ အခ်ိန္ၾကာၾကာေစာင့္ဆိုင္းေနရတယ္လို႔ ဆရာေတာ္က ဆက္ၿပီးမိန႔္ပါတယ္။

"ဒီေန႔အေနအထားက ဘယ္လိုရွိလဲဆိုရင္ ဘုန္းဘုန္းတို႔ကေတာ့ ဓာတ္ပုံေလးပဲျမင္ရတာေပါ့။ ဘုန္းဘုန္းတို႔ ကိုယ္တိုင္ သြားခ်င္ေပမဲ့လည္း အဲဒီကတာဝန္ရွိတဲ့သူေတြေရာ၊ ပရဟိတအမ်ားစုေရာ မလိုလားအပ္တဲ့လူေတြ အမ်ားႀကီးမလိုက္ဖို႔ရန္အတြက္ ယာဥ္ေမာင္းရယ္၊ ယာဥ္ကူရယ္၊ PPE ဝတ္စုံ ေတာက္ေလွ်ာက္ ဝတ္ေနၾကတဲ့သူေတြေပါ့ေနာ္၊ သူတို႔ေတြ တန္းစီေနရတာ။ အဲဒီအခ်ိန္ေတာင္ မနက္ ၈ နာရီခြဲေလာက္ဝန္းက်င္မွာ တအားတန္းစီရတာ ေန႔လည္ ၁ နာရီေက်ာ္ေက်ာ္ေလာက္မွ ၿပီးသြားေတာ့တယ္။ ဒီ ဘုန္းဘုန္းတို႔ရဲ႕ ဒါယိကာမကိစၥကေတာ့။ ဒီေန႔ ထိန္ပင္သုႆန္မွာေတာ့ အေလာင္းလည္းတန္းစီေနတယ္။ ကားေတြလည္း အမ်ားႀကီးတန္းစီေနတယ္။"

ေ႐ႊျပည္သာ၊ အင္းစိန္၊ မဂၤလာဒုံနဲ႔ ေမွာ္ဘီကေန ေရာက္လာမယ့္အေလာင္းေတြကိုေတာ့ က်ဴေခ်ာင္သုသာန္မွာ သၿဂႋဳလ္ဖို႔သတ္မွတ္ထားပါတယ္။

ေသဆံုးသူ ေတာ္ေတာ္မ်ားမ်ားမွာ ကိုဗစ္သံသယလကၡဏာေတြ ေတြ႔ခဲ့ရၿပီး ေနာက္ဆုံးမွာ ေအာက္စီဂ်င္ေလ်ာ့ၿပီး ေသဆုံးခဲ့ၾကတာလို႔ ပရဟိတ ကူညီသူေတြက ေျပာေပမဲ့ သူတို႔မွာ ေရာဂါပိုး ရွိ၊ မရွိဆိုတာကိုေတာ့ စစ္ေဆး အတည္ျပဳႏိုင္တာမ်ဳိး မရွိခဲ့ပါဘူး။ ဒါေၾကာင့္လည္း ဒီေသဆံုးသူေတြဟာ တရားဝင္ထုတ္ျပန္တဲ့ ေသဆံုးသူအေရအတြက္ထဲမွာ မပါဝင္ပါဘူး။

က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ေနတဲ့ ကိုဗစ္လူနာ ေသဆုံးႏႈန္း ပမာဏထက္ လက္ေတြ႕ေျမျပင္မွာ ေသဆုံးႏႈန္း ပိုမ်ားေနတာက ျဖစ္ႏိုင္တယ္လို႔ က်န္းမာေရးဌာနတာဝန္ရွိသူတဦးက ဗြီအိုေအကိုေျဖၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်တိုင်းမှာ သေဆုံးသူတွေသင်္ဂြိုလ်ဖို့ သုသာန်တွေ ခွဲခြားသတ်မှတ်

ရန်ကုန်တိုင်းထဲက သုသာန်တွေမှာ မီးသဂြိုၤလ်ဖို့ ရောက်လာတဲ့အလောင်းတွေ အရင်ကထက် အဆမတန် များလာနေလို့ မြို့နယ်အလိုက် သုသာန်တွေခွဲပြီး သဂြိုၤလ်ဖို့ သတ်မှတ်လိုက်ပါတယ်။ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းနဲ့ ကြုံနေရချိန် သေဆုံးနှုန်းတိုးလာနေပြီး အလောင်းတွေကို မီးသဂြိုၤလ်ဖို့ စီစဉ်ရာမှာလည်း သတ်မှတ်ချိန်ကျော်လွန်တဲ့အထိ စောင့်ဆိုင်းသဂြိုၤလ်နေရတဲ့ အခြေအနေရှိနေပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မဆုမွန်ကပြောပြပါမယ်။

ရန်ကုန်တိုင်းထဲက ရေဝေး၊ ထိန်ပင်၊ ကျီစုနဲ့ ကျူချောင် သုသာန်တွေမှာ မြို့နယ်အလိုက် အလောင်းတွေကိုသဂြိုၤလ်ဖို့ စည်ပင်သာယာကော်မတီက မေတ္တာရပ်ခံထားပါတယ်။ မီးသဂြိုၤလ်ဖို့ရောက်လာတဲ့ အလောင်းတွေကို ညအချိန်ထိ သဂြိုၤလ်နေရတဲ့ အခြေအနေကြောင့် အခုလို ခွဲပြီးသတ်မှတ်လိုက်တာပါ။

ဇူလိုင် ၁၄ ရက်၊ မနေ့ညတုန်းက ရေဝေးသုသာန်မှာ မီးသဂြိုၤလ်ဖို့ စောင့်ဆိုင်းနေရတဲ့အလောင်းတွေ ပုံနေတဲ့အထိ ဖြစ်ခဲ့ပါတယ်။ မြို့နယ် ၉ မြို့နယ်ကနေ ရောက်လာတဲ့အလောင်းတွေကို တာဝန်ယူရမယ့် ကျီစုသုသာန်မှာတော့ ဒီကနေ့အထိ အလောင်းတွေ များနေတယ်လို့ သိရပါတယ်။ သဂြိုၤလ်ရမယ့် အလောင်းအရေအတွက် ပုံမှန်ထက် များတာမှန်ပေမဲ့ အရေအတွက်အတိအကျကိုတော့ ပြောပိုင်ခွင့်မရှိဘူးလို့ ကျီစုသုသာန် တာဝန်ရှိသူတဦးက ပြောပါတယ်။

"လာတဲ့ အလောင်းတွေကိုတော့ ကျနော်တို့က အကုန်လုံး သဂြိုၤလ်ပေးတာပဲ။ Body က ပုံမှန်ထက်တော့ များတယ်၊ မြို့နယ်များတဲ့အတွက် Body များတဲ့ သဘောရှိပါတယ်။ အချိန်ကတော့ ပုံမှန်သတ်မှတ်ထားတာ ညနေ ၆ နာရီပေါ့နော်။ များတဲ့အခါကျတော့ ၆ နာရီ ကျော်သွားတာတွေရှိတယ်။ များတဲ့အခါကျတော့ ရောက်လာတဲ့အလောင်းတွေကို ကျနော်တို့မလုပ်ပေးလို့ မရဘူးလေ။ အချိန်ကျော်လည်း ကျနော်တို့ အဆင်ပြေအောင်တော့ လုပ်ပေးပါတယ်ခင်ဗျ။"

အခုရက်ပိုင်းအတွင်း သေဆုံးသူတွေကို အများဆုံးသဂြိုၤလ်ပေးနေရတဲ့ ရေဝေးသုသာန်မှာတော့ မြို့နယ် ၇ မြို့နယ်အတွင်းက ရောက်လာမယ့်အလောင်းတွေကို တာဝန်ယူ သဂြိုၤလ်ပေးရမှာ ဖြစ်တယ်လို့ ရေဝေးသုသာန်တာဝန်ခံတဦးက ပြောပါတယ်။

"ကျနော်တို့ဆီမှာ ပုံမှန်ပဲ သဂြိုၤလ်နေပါတယ်။ မြို့နယ်တွေကတော့ ခွဲထုတ်ပေးလိုက်ပါပြီ။"

ရန်ကုန်တိုင်းအတွင်းက သုသာန်တွေမှာ ဒီရက်ပိုင်းအတွင်း သဂြိုၤလ်ပေးနေရတဲ့ အလောင်းတော်တော်များများဟာ အောက်စီဂျင်လျော့ပြီး ရုတ်တရက်သေဆုံးသွားသူတွေ ဖြစ်တယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

အခုဆိုရင် ပရဟိတ လူမှုကူညီရေးအသင်းတွေရဲ့ အရေးပေါ်လူနာတင်ကားတွေနဲ့ အလောင်းတွေကို သယ်ဆောင်ပြီး မီးသင်္ဂြိုလ်ဖို့ ဆောင်ရွက်ပေးနေရတာပါ။ အခုရက်ပိုင်းအတွင်း လူသေဆုံးနှုန်းက စိုးရိမ်စရာကောင်းအောင် မြင့်နေတယ်လို့ ကိုဗစ်လူနာတွေကို ကူညီပေးနေတဲ့ ဆရာတော် ဦးရေဝတ မိန့်ပါတယ်။

"ပရဟိတလုပ်နေတဲ့ အဖွဲ့တွေက ခါတိုင်းက ရှင်ကူပေါ့နော်၊ နာကူမဟုတ်ဘူး။ အခု ထိန်ပင်သုဿန်မှာကို Ambulance ကားတွေက Body တွေ တိုက်ရိုက်ပို့နေကြရပြီ။ နာရေးကားတွေ အဆင်မပြေတော့လို့၊ နာရေးကားတွေနဲ့တင် မလုံလောက်တော့လို့ ဒီ Ambulance ကားတွေနဲ့ကို အခုကတန်းစီပြီး နေနေရပြီ။ တော်တော်ကြီး ဆိုးဆိုးရွားရွားကို ဖြစ်သွားတယ်။ ဒီနေ့ဆိုရင် ဘုန်းဘုန်းရဲ့ ဒါယိကာမအရင်းကိုယ်တိုင် ဆုံးသွားတာမကြာသေးဘူး။ ဒီနေ့မနက်ပဲ Ambulance ကားနဲ့ ပို့ပြီးတော့ တခါတည်းသင်္ဂြိုလ်ဖို့ရန် စီစဉ်လိုက်ရတယ်။ သင်္ဂြိုလ်တဲ့နေရာမှာတော့ သူတို့ကအစအဆုံး အဆင်ပြေအောင် စီစဉ်ပေးပါတယ်။ ကန့်သတ်ချက်မထားဘဲနဲ့ အလျဉ်းသင့်ရင် သင့်သလို သူတို့အကောင်းဆုံးလုပ်ပေးပါတယ်။"

မြို့နယ် ၁၂ မြို့နယ်ကနေ ရောက်လာမယ့် အလောင်းတွေကို မီးသင်္ဂြိုလ်ဖို့ တာဝန်ယူထားတဲ့ ထိန်ပင်သုသာန်မှာတော့ ဒီကနေ့အထိ အလောင်းတွေ စုပုံရောက်လာနေလို့ သင်္ဂြိုလ်ဖို့အတွက် အချိန်ကြာကြာစောင့်ဆိုင်းနေရတယ်လို့ ဆရာတော်က ဆက်ပြီးမိန့်ပါတယ်။

"ဒီနေ့အနေအထားက ဘယ်လိုရှိလဲဆိုရင် ဘုန်းဘုန်းတို့ကတော့ ဓာတ်ပုံလေးပဲမြင်ရတာပေါ့။ ဘုန်းဘုန်းတို့ ကိုယ်တိုင် သွားချင်ပေမဲ့လည်း အဲဒီကတာဝန်ရှိတဲ့သူတွေရော၊ ပရဟိတအများစုရော မလိုလားအပ်တဲ့လူတွေ အများကြီးမလိုက်ဖို့ရန်အတွက် ယာဉ်မောင်းရယ်၊ ယာဉ်ကူရယ်၊ PPE ဝတ်စုံ တောက်လျှောက် ဝတ်နေကြတဲ့သူတွေပေါ့နော်၊ သူတို့တွေ တန်းစီနေရတာ။ အဲဒီအချိန်တောင် မနက် ၈ နာရီခွဲလောက်ဝန်းကျင်မှာ တအားတန်းစီရတာ နေ့လည် ၁ နာရီကျော်ကျော်လောက်မှ ပြီးသွားတော့တယ်။ ဒီ ဘုန်းဘုန်းတို့ရဲ့ ဒါယိကာမကိစ္စကတော့။ ဒီနေ့ ထိန်ပင်သုဿန်မှာတော့ အလောင်းလည်းတန်းစီနေတယ်။ ကားတွေလည်း အများကြီးတန်းစီနေတယ်။"

ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံနဲ့ မှော်ဘီကနေ ရောက်လာမယ့်အလောင်းတွေကိုတော့ ကျူချောင်သုသာန်မှာ သင်္ဂြိုလ်ဖို့သတ်မှတ်ထားပါတယ်။

သေဆုံးသူ တော်တော်များများမှာ ကိုဗစ်သံသယလက္ခဏာတွေ တွေ့ခဲ့ရပြီး နောက်ဆုံးမှာ အောက်စီဂျင်လျော့ပြီး သေဆုံးခဲ့ကြတာလို့ ပရဟိတ ကူညီသူတွေက ပြောပေမဲ့ သူတို့မှာ ရောဂါပိုး ရှိ၊ မရှိဆိုတာကိုတော့ စစ်ဆေး အတည်ပြုနိုင်တာမျိုး မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ဒီသေဆုံးသူတွေဟာ တရားဝင်ထုတ်ပြန်တဲ့ သေဆုံးသူအရေအတွက်ထဲမှာ မပါဝင်ပါဘူး။

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်နေတဲ့ ကိုဗစ်လူနာ သေဆုံးနှုန်း ပမာဏထက် လက်တွေ့မြေပြင်မှာ သေဆုံးနှုန်း ပိုများနေတာက ဖြစ်နိုင်တယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူတဦးက ဗွီအိုအေကိုဖြေကြားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG