သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်ည့္နဲ႔ေနတဲ့ ျမန္မာ့က်န္းမာေရး ေစာင့္ေရွာက္မႈစနစ္နဲ႔ တတိယလိႈင္းကပ္ေဘး


ရန္ကုန္ၿမိဳ႕မွာ ကုိဗစ္ကူးစက္ခံရၿပီး ေသဆုံးသြားသူေတြရဲ႕ ႐ုပ့္အေလာင္းကုိ သယ္ေဆာင္လာတဲ့ ေစတနာ့ဝန္ထမ္းမ်ား။ (ဇူလုိင္ ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈမွာ က်န္းမာေရးဝန္ထမ္းေတြလည္း ပါဝင္တာေၾကာင့္ ေဆး႐ုံေတြမွာ ဝန္ထမ္းအင္အား နည္းပါးေနတဲ့ တခ်ိန္တည္းမွာ ကိုဗစ္ကူးစက္မႈ တတိယလႈိင္း ႐ိုက္ခတ္မႈဒဏ္ကို ဆိုးဆိုးရြားရြား ရင္ဆိုင္ေနၾကရပါတယ္။ ဒီအေၾကာင္း AFP သတင္းကို အေျခခံၿပီး ကုိဝင္းမင္း တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံတဝန္း ေန႔စဥ္ ကိုဗစ္ကူးစက္မႈႏႈန္း ျမင့္တက္လာေနသလို ေဆး႐ုံ ေဆးခန္းေတြမွာ ကုသေရး ေဆးပစၥည္းေတြ ျပတ္လပ္ေနတဲ့ ျပႆနာနဲ႔လည္း ႀကဳံေနရပါတယ္။ ကေလးၿမိဳ႕ ေဆး႐ုံတ႐ုံမွာဆိုရင္ ေဆး႐ုံခုတင္ေတြ မလုံေလာက္ေတာ့သလို လူနာေတြကို အေရးေပၚ ေဆးကုသေရး ပစၥည္းေတြလည္း လိုအပ္ေနတာပါ။ အခု တတိယလႈိင္းက အရင္ကူးစက္မႈလႈိင္းေတြနဲ႔မတူ ႏိုင္ငံေရး အေျခအေနေတြေၾကာင့္လည္း ကူးစက္မႈ ပိုတိုးေနသလို က်န္းမာေရးေစာင့္ေရွာက္မႈ အခက္အခဲေတြလည္း ရွိေနပါတယ္လို႔ ကေလးၿမိဳ႕ ပရဟိတအသင္းက John Dawt Lian Sang က ေျပာပါတယ္။

“ပထမအသုတ္၊ ဒုတိယအသုတ္အထိက Home Quarantine အေနနဲ႔ျဖစ္ျဖစ္ ၿပီးေတာ့ ေရာဂါကူးစက္ႏႈန္း အေနနဲ႔ျဖစ္ျဖစ္ ေတာ္ေတာ္ေလး တတိယလႈိင္းနဲ႔ ကြာျခားတာကို ေတြ႔ရပါတယ္။ ဒီတတိယလႈိင္းမွာၾကေတာ့ ႏုိင္ငံေရးအေျခအေန မေကာင္းတာေၾကာင့္လည္း အမ်ားႀကီးပါမယ္လို႔ က်ေနာ္ ျမင္မိပါတယ္။ ၿပီးေတာ့ ဒီတတိယလႈိင္းက ကေလးၿမိဳ႕ အေနအထားနဲ႔ဆုိ ေတာ္ေတာ္ ေၾကာက္ဖုိ႔ေကာင္းတယ္လုိ႔ ျမင္မိပါတယ္။”

အခု ကိုဗစ္မ်ိဳးဗီဇကြဲ ကူးစက္မႈေတြက ျမန္ဆန္သလို လူေတြ ေန႔ျမင္ညေပ်ာက္ ေသဆုံးေနၾကတဲ့ အေၾကာင္းလည္း သူက ေျပာပါတယ္။

ဒါ့အျပင္ ေဆး႐ုံသုံး ေအာက္စီဂ်င္ဘူးေတြ မလုံေလာက္တာေၾကာင့္ ေဆးကုသေရး ခက္ခဲေနရတဲ့ အေၾကာင္းလည္း Wesley ေဆး႐ုံက ၫႊန္ၾကားေရးမွဴး ေဒါက္တာ Than Bil Luai က ေျပာပါတယ္။

“က်ေနာ္တုိ႔ေဆး႐ုံမွာဆုိ အလုံး ၇၀ ေလာက္ သုံးပါတယ္။ အဲဒါလည္း သိပ္ၿပီးေတာ့ မလုံေလာက္ပါဘူး။ သုိ႔ေသာ္ အျပင္က အိမ္တုိင္းအိမ္တုိင္းမွာ ဒုကၡေရာက္ေနတယ္ဆုိေတာ့ သူတို႔ကို မွ်ၿပီးေတာ့ ေပးရတယ္။ တုိင္းရင္းေဆး႐ုံ ကုိဗစ္ေဆး႐ုံကုိလည္း မွ်ေပးရတယ္။ ၿပီးေတာ့ လူမႈအဖြဲ႔အစည္းေတြကုိလည္း မွ်ေပးရတယ္ဆိုေတာ့ ဦးေႏွာက္အစားဆုံးကေတာ့ ေအာက္ဆီဂ်င္ျပႆနာ ျဖစ္ပါတယ္။”

အခုလို ေရာဂါကူးစက္မႈေတြ ပိုတိုးလာေနတဲ့ အခ်ိန္မွာ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ ၿပိဳလဲေနတာေၾကာင့္ ေဆး႐ုံေတြ၊ ေဆးခန္းေတြ ရွိေပမယ့္ ေဆးကုသေပးမယ့္ က်န္းမာေရးဝန္ထမ္းေတြ မရွိတာကလည္း ျပႆနာျဖစ္ေနတာပါ။ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈမွာ ပါဝင္ၾကတဲ့ ဝန္ထမ္းေတြထဲ က်န္းမာေရးဝန္ထမ္း အေတာ္မ်ားမ်ားလည္း ပါဝင္တာေၾကာင့္ အခုလို ဝန္ထမ္းအင္အား နည္းပါးေနရတာ ျဖစ္တယ္လို႔လည္း Dr.Than Bil Luai က ေျပာပါတယ္။

“ၿပိဳလဲသြားတာက Health Care Service Delivery ေပ့ါ၊ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္း၊ ေဆး႐ုံေတြ အကုန္ရွိတယ္၊ ခြဲခန္းေတြ ပစၥည္းပစၥယ အကုန္လုံး သူ႔ System နဲ႔ သူကေတာ့ အကုန္လုံးရွိၿပီးသား။ အဲေတာ့ က်န္းမာေရးကုိ ေစာင့္ေရွာက္မယ့္ ပုဂၢိဳလ္မ်ား မရွိတဲ့အခါၾကေတာ့ အဲဒီ System ေတြ အကုန္လုံးက သုံးလုိ႔မရေတာ့ဘူး။”

တခ်ိဳ႕လူနာေတြကလည္း ေဆး႐ုံမသြားလိုတာေၾကာင့္ အိမ္မွာပဲ ေဆးကုသမႈ ခံယူၾကပါတယ္။ လူနာဆိုတာ လိုအပ္ရင္ ေဆး႐ုံသြားရမွာျဖစ္ေပမယ့္ အခုေတာ့ လူနာေတြက ေဆး႐ုံကို ျငင္းဆန္ၾကတဲ့ အေၾကာင္းလည္း ကိုဗစ္ကူးစက္ခံရသူ တဦးရဲ႕ မိသားစုဝင္တဦးက ေျပာပါတယ္။

“ဘာျဖစ္လို႔လဲဆုိေတာ့ ေဆး႐ုံမွာသြားရင္ တျဖဳတ္ျဖဳတ္ ဆုံးတယ္ဆုိတာလည္း ၾကားတယ္ေလ။ ၾကားေတာ့ မသြားဘူး။ အဲဒါေၾကာင့္ သမားေတာ္နဲ႔ အိမ္မွာ ကုလုိက္ရတယ္။ ဒါက ကြာျခားခ်က္ႀကီးေပါ့။ ေဆး႐ုံသြားရမွာေလ လူနာဆုိရင္။ ဒါေပမယ့္ ေဆး႐ုံမသြားခ်င္တဲ့ ကြာျခားခ်က္က ေတာ္ေတာ္ကြာျခားတယ္ေနာ္။”

အေစာပိုင္း ကိုဗစ္ကူးစက္မႈေတြတုန္းက ႏိုင္ငံတဝန္း ဆႏၵျပပြဲေတြနဲ႔ ေရာဂါကူးစက္မႈေတြကို သတိမရၾကသလို အခုလို ကိုဗစ္လႈိင္း တေက်ာ့ျပန္ ႐ိုက္ခတ္ခံရတဲ့အခါ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္မထားႏိုင္ခဲ့တာကိုလည္း သူက အခုလိုေျပာပါတယ္။

“အာဏာမသိမ္းခင္ကေတာ့ ေသခ်ာ Prevention လုပ္တယ္ေလ။ ေနာက္ ညႊန္ၾကားခ်က္ေတြက အၿမဲတမ္းရွိတယ္။ ဒါေပမယ့္ ေနာက္ပုိင္းၾကေတာ့ ေၾကာက္ေနရတာေလ။ ဘယ္အခ်ိန္ ဘာျဖစ္မလဲ ေၾကာက္ေနရေတာ့ ဒီကုိဗစ္က ဘယ္ေရာက္သြားမွန္းေတာင္ မသိဘူး။ ဒါေပမယ့္ ကုိဗစ္က ဒီလုိ ေပ်ာက္သြားတဲ့အခ်ိန္မွာ ႐ုတ္တရက္ ထေပၚလာတယ္။ ဘယ္လိုမွ Prevention က No Prevention ျဖစ္သြားတာေလ။”

အခုလို ႏိုင္ငံေရးအေျခအေနေတြေအာက္ ကူးစက္မႈေတြ ပိုတိုးလာေနတာေၾကာင့္ တဦးခ်င္းစီနဲ႔ မိသားစုတိုင္း ကိုယ္ပိုင္အသိနဲ႔ ကာကြယ္ေစာင့္ေရွာက္မႈ လိုအပ္ေၾကာင္းလည္း သူကေျပာပါတယ္။

“အခုဟာ ေတာ္ေတာ္ကုိ Outbreak ျဖစ္ေနတာ ကေလးၿမိဳ႕ဆုိရင္။ ဆုိေတာ့ မိသားစုတုိင္း၊ တေယာက္ခ်င္းစီီတုိင္းက ဒီ Knowledge ရွိရမယ္၊ Knowledge ရွိၿပီးေတာ့ ကုိယ္တုိင္ တဦးခ်င္းစီက လုပ္ေဆာင္၊ ၿပီးေတာ့ မိသားစုက လုပ္ေဆာင္၊ ကိုယ့္ရဲ႕ Prevention ကို မလုပ္ဘူးဆုိရင္ေတာ့ အင္မတန္မွ လူမ်ဳိးတုံးေတာင္ ျဖစ္သြားႏုိင္တယ္။”

ျမန္မာႏိုင္ငံမွာ အခုထိ ကိုဗစ္ကူးစက္သူ စုစုေပါင္း ၂ သိန္းေက်ာ္နဲ႔ ေသဆုံးသူ ၄,၅၀၀ ေက်ာ္ေနၿပီ ျဖစ္ပါတယ္။ အခု ကိုဗစ္တတိယလႈိင္းအတြင္း အျပင္းအထန္ ကူးစက္တာနဲ႔ ေသဆုံးႏႈန္းမ်ားတဲ့ ေဒသေတြ ရွိေနၿပီး အဲဒီလိုေနရာေတြမွာ ေအာက္ဆီဂ်င္ မလုံေလာက္တဲ့ အေျခအေနေတြနဲ႔လည္း ရင္ဆိုင္ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ချည့်နဲ့နေတဲ့ မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်နဲ့ တတိယလှိုင်းကပ်ဘေး

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ကျန်းမာရေးဝန်ထမ်းတွေလည်း ပါဝင်တာကြောင့် ဆေးရုံတွေမှာ ဝန်ထမ်းအင်အား နည်းပါးနေတဲ့ တချိန်တည်းမှာ ကိုဗစ်ကူးစက်မှု တတိယလှိုင်း ရိုက်ခတ်မှုဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေကြရပါတယ်။ ဒီအကြောင်း AFP သတင်းကို အခြေခံပြီး ကိုဝင်းမင်း တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတဝန်း နေ့စဉ် ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာနေသလို ဆေးရုံ ဆေးခန်းတွေမှာ ကုသရေး ဆေးပစ္စည်းတွေ ပြတ်လပ်နေတဲ့ ပြဿနာနဲ့လည်း ကြုံနေရပါတယ်။ ကလေးမြို့ ဆေးရုံတရုံမှာဆိုရင် ဆေးရုံခုတင်တွေ မလုံလောက်တော့သလို လူနာတွေကို အရေးပေါ် ဆေးကုသရေး ပစ္စည်းတွေလည်း လိုအပ်နေတာပါ။ အခု တတိယလှိုင်းက အရင်ကူးစက်မှုလှိုင်းတွေနဲ့မတူ နိုင်ငံရေး အခြေအနေတွေကြောင့်လည်း ကူးစက်မှု ပိုတိုးနေသလို ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲတွေလည်း ရှိနေပါတယ်လို့ ကလေးမြို့ ပရဟိတအသင်းက John Dawt Lian Sang က ပြောပါတယ်။

“ပထမအသုတ်၊ ဒုတိယအသုတ်အထိက Home Quarantine အနေနဲ့ဖြစ်ဖြစ် ပြီးတော့ ရောဂါကူးစက်နှုန်း အနေနဲ့ဖြစ်ဖြစ် တော်တော်လေး တတိယလှိုင်းနဲ့ ကွာခြားတာကို တွေ့ရပါတယ်။ ဒီတတိယလှိုင်းမှာကြတော့ နိုင်ငံရေးအခြေအနေ မကောင်းတာကြောင့်လည်း အများကြီးပါမယ်လို့ ကျနော် မြင်မိပါတယ်။ ပြီးတော့ ဒီတတိယလှိုင်းက ကလေးမြို့ အနေအထားနဲ့ဆို တော်တော် ကြောက်ဖို့ကောင်းတယ်လို့ မြင်မိပါတယ်။”

အခု ကိုဗစ်မျိုးဗီဇကွဲ ကူးစက်မှုတွေက မြန်ဆန်သလို လူတွေ နေ့မြင်ညပျောက် သေဆုံးနေကြတဲ့ အကြောင်းလည်း သူက ပြောပါတယ်။

ဒါ့အပြင် ဆေးရုံသုံး အောက်စီဂျင်ဘူးတွေ မလုံလောက်တာကြောင့် ဆေးကုသရေး ခက်ခဲနေရတဲ့ အကြောင်းလည်း Wesley ဆေးရုံက ညွှန်ကြားရေးမှူး ဒေါက်တာ Than Bil Luai က ပြောပါတယ်။

“ကျနော်တို့ဆေးရုံမှာဆို အလုံး ၇၀ လောက် သုံးပါတယ်။ အဲဒါလည်း သိပ်ပြီးတော့ မလုံလောက်ပါဘူး။ သို့သော် အပြင်က အိမ်တိုင်းအိမ်တိုင်းမှာ ဒုက္ခရောက်နေတယ်ဆိုတော့ သူတို့ကို မျှပြီးတော့ ပေးရတယ်။ တိုင်းရင်းဆေးရုံ ကိုဗစ်ဆေးရုံကိုလည်း မျှပေးရတယ်။ ပြီးတော့ လူမှုအဖွဲ့အစည်းတွေကိုလည်း မျှပေးရတယ်ဆိုတော့ ဦးနှောက်အစားဆုံးကတော့ အောက်ဆီဂျင်ပြဿနာ ဖြစ်ပါတယ်။”

အခုလို ရောဂါကူးစက်မှုတွေ ပိုတိုးလာနေတဲ့ အချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲနေတာကြောင့် ဆေးရုံတွေ၊ ဆေးခန်းတွေ ရှိပေမယ့် ဆေးကုသပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေ မရှိတာကလည်း ပြဿနာဖြစ်နေတာပါ။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ ဝန်ထမ်းတွေထဲ ကျန်းမာရေးဝန်ထမ်း အတော်များများလည်း ပါဝင်တာကြောင့် အခုလို ဝန်ထမ်းအင်အား နည်းပါးနေရတာ ဖြစ်တယ်လို့လည်း Dr.Than Bil Luai က ပြောပါတယ်။

“ပြိုလဲသွားတာက Health Care Service Delivery ပေ့ါ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း၊ ဆေးရုံတွေ အကုန်ရှိတယ်၊ ခွဲခန်းတွေ ပစ္စည်းပစ္စယ အကုန်လုံး သူ့ System နဲ့ သူကတော့ အကုန်လုံးရှိပြီးသား။ အဲတော့ ကျန်းမာရေးကို စောင့်ရှောက်မယ့် ပုဂ္ဂိုလ်များ မရှိတဲ့အခါကြတော့ အဲဒီ System တွေ အကုန်လုံးက သုံးလို့မရတော့ဘူး။”

တချို့လူနာတွေကလည်း ဆေးရုံမသွားလိုတာကြောင့် အိမ်မှာပဲ ဆေးကုသမှု ခံယူကြပါတယ်။ လူနာဆိုတာ လိုအပ်ရင် ဆေးရုံသွားရမှာဖြစ်ပေမယ့် အခုတော့ လူနာတွေက ဆေးရုံကို ငြင်းဆန်ကြတဲ့ အကြောင်းလည်း ကိုဗစ်ကူးစက်ခံရသူ တဦးရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ ဆေးရုံမှာသွားရင် တဖြုတ်ဖြုတ် ဆုံးတယ်ဆိုတာလည်း ကြားတယ်လေ။ ကြားတော့ မသွားဘူး။ အဲဒါကြောင့် သမားတော်နဲ့ အိမ်မှာ ကုလိုက်ရတယ်။ ဒါက ကွာခြားချက်ကြီးပေါ့။ ဆေးရုံသွားရမှာလေ လူနာဆိုရင်။ ဒါပေမယ့် ဆေးရုံမသွားချင်တဲ့ ကွာခြားချက်က တော်တော်ကွာခြားတယ်နော်။”

အစောပိုင်း ကိုဗစ်ကူးစက်မှုတွေတုန်းက နိုင်ငံတဝန်း ဆန္ဒပြပွဲတွေနဲ့ ရောဂါကူးစက်မှုတွေကို သတိမရကြသလို အခုလို ကိုဗစ်လှိုင်း တကျော့ပြန် ရိုက်ခတ်ခံရတဲ့အခါ ကြိုတင်ပြင်ဆင်မှုတွေ လုပ်မထားနိုင်ခဲ့တာကိုလည်း သူက အခုလိုပြောပါတယ်။

“အာဏာမသိမ်းခင်ကတော့ သေချာ Prevention လုပ်တယ်လေ။ နောက် ညွှန်ကြားချက်တွေက အမြဲတမ်းရှိတယ်။ ဒါပေမယ့် နောက်ပိုင်းကြတော့ ကြောက်နေရတာလေ။ ဘယ်အချိန် ဘာဖြစ်မလဲ ကြောက်နေရတော့ ဒီကိုဗစ်က ဘယ်ရောက်သွားမှန်းတောင် မသိဘူး။ ဒါပေမယ့် ကိုဗစ်က ဒီလို ပျောက်သွားတဲ့အချိန်မှာ ရုတ်တရက် ထပေါ်လာတယ်။ ဘယ်လိုမှ Prevention က No Prevention ဖြစ်သွားတာလေ။”

အခုလို နိုင်ငံရေးအခြေအနေတွေအောက် ကူးစက်မှုတွေ ပိုတိုးလာနေတာကြောင့် တဦးချင်းစီနဲ့ မိသားစုတိုင်း ကိုယ်ပိုင်အသိနဲ့ ကာကွယ်စောင့်ရှောက်မှု လိုအပ်ကြောင်းလည်း သူကပြောပါတယ်။

“အခုဟာ တော်တော်ကို Outbreak ဖြစ်နေတာ ကလေးမြို့ဆိုရင်။ ဆိုတော့ မိသားစုတိုင်း၊ တယောက်ချင်းစီတိုင်းက ဒီ Knowledge ရှိရမယ်၊ Knowledge ရှိပြီးတော့ ကိုယ်တိုင် တဦးချင်းစီက လုပ်ဆောင်၊ ပြီးတော့ မိသားစုက လုပ်ဆောင်၊ ကိုယ့်ရဲ့ Prevention ကို မလုပ်ဘူးဆိုရင်တော့ အင်မတန်မှ လူမျိုးတုံးတောင် ဖြစ်သွားနိုင်တယ်။”

မြန်မာနိုင်ငံမှာ အခုထိ ကိုဗစ်ကူးစက်သူ စုစုပေါင်း ၂ သိန်းကျော်နဲ့ သေဆုံးသူ ၄,၅၀၀ ကျော်နေပြီ ဖြစ်ပါတယ်။ အခု ကိုဗစ်တတိယလှိုင်းအတွင်း အပြင်းအထန် ကူးစက်တာနဲ့ သေဆုံးနှုန်းများတဲ့ ဒေသတွေ ရှိနေပြီး အဲဒီလိုနေရာတွေမှာ အောက်ဆီဂျင် မလုံလောက်တဲ့ အခြေအနေတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG