သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ အေျခအေန ပိုဆိုးလာႏိုင္ဖြယ္ရွိ (ေဒါက္တာ ေဇယ်ာသက္)


ကုိဗစ္လူနာအတြက္ ေအာက္စီဂ်င္ရရွိေရး တန္းစီေနသူမ်ား

[ Zawgyi ]

ျမန္မာႏိုင္ငံ လက္ရွိရင္ဆိုင္ေနရတဲ့ ကိုဗစ္ ကူးစက္ေသဆုံးမႈ အေျခအေနဟာ ေနာက္သီတင္းပတ္ေတြအထိ စိုးရိမ္ဖြယ္ အေျခအေနမွာ ဆက္ရွိေနဦးမယ္လို႔ ကူးစက္ေရာဂါအထူးကု ပညာရွင္တခ်ိဳ႕က သုံးသပ္ပါတယ္။ ဒီရက္ပိုင္းထဲ ျမန္မာႏိုင္ငံမွာ ကိုဗစ္ေၾကာင့္ေသဆုံးသူ ေန႔စဥ္ ရာနဲ႔ခ်ီ ရွိလာၿပီးေနာက္ အခုလို သုံးသပ္မႈ ထြက္ေပၚ လာတာပါ။ ဆက္သြယ္ ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က တင္ျပမွာျဖစ္ပါတယ္။

ကိုဗစ္ တတိယလႈိင္းဒဏ္ ႀကဳံေနရတဲ့ ျမန္မာႏိုင္ငံမွာ ဇူလိုင္(၁၆)ရက္ ေသာၾကာ တရက္ထဲကိုၾကည့္ရင္ ကိုဗစ္ကူးစက္ခံရသူ (၆၂၀၀) နီးပါးနဲ႔ ကိုဗစ္ေၾကာင့္ ေသဆုံးသူ (၁၉၀) ရွိတယ္လို႔ က်န္းမာေရးဌာနက စာရင္းထုတ္ျပတ္ထားေပမယ့္ လက္ေတြ႕မွာ ေသဆုံးသူ သုံးဆေလာက္ ပိုမ်ားေနတယ္လို႔ ေသာၾကာေန႔က သူမရဲ႕ဖခင္ကို က်ည္စုသုသာန္မွာ မီးသၿဂႋဳလ္ခဲ့သူ မေနျခည္က ေျပာပါတယ္။

" ေသဆုံးသူ ၆၀၀ ေလာက္ဆိုတာ ျဖစ္ႏိုင္ေလာက္တယ္။ ဘာျဖစ္လို႔လည္း ဆိုေတာ့ ရန္ကုန္မွာ နာမည္ႀကီးတဲ့ နာေရးကူညီမႈ အသင္းေတြ ရွိတယ္။ ဥပမာ ဦးေက်ာ္သူ အသင္းတို႔ ၊ ေဝလုေက်ာ္အသင္းတို႔ေပါ့။ အဲဒီအသင္းေတြမွာေတာင္မွ အေလာင္းေတြကို မသယ္ႏိုင္ ေတာ့လို႔ေပါ့ေနာ္။ လူ ၄၀ - ၅၀ စာရင္းျပည့္လာရင္ ပိတ္လိုက္တယ္ လက္မခံေတာ့ဘူး ။ အဲဒီ ႏွစ္သင္းနဲ႔တင္ကို ရာခ်ီမွာဆိုေတာ့ အျခားဟာေတြနဲ႔ပါ ဆိုရင္ ေတာ္ေတာ္ကိုမ်ားမွာ။ ၿပီးေတာ့ တေယာက္ခ်င္း မီးသၿဂႋဳလ္တာ မဟုတ္ပဲနဲ႔ ၃-၄ ေယာက္ တခါထဲ မီးသၿဂႋဳလ္ပစ္တာမ်ဳိး လုပ္တာ။ "

တရားဝင္စာရင္း မေပါက္ေပမယ့္လည္း ကိုဗစ္ေၾကာင့္ အခုလို ေန႔စဥ္ ရာဂဏန္းခ်ီ ေသဆုံး ၊ မီးသၿဂႋဳလ္ေနရတဲ့ အေျခအေနကိုၾကည့္ရင္ ကူးစက္ေသဆုံးမႈအရွိန္က ခုမွ အစပိုင္းမွာသာ ရွိေသးၿပီး ၊ ကိုဗစ္ရဲ႕ သေဘာသဘာဝအတိုင္း ေရွ႕သီတင္းပတ္ေတြအတြင္း အေျခအေန ပိုဆိုးလာႏိုင္ဖြယ္ရာ ရွိတယ္လို႔ အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕ Wyckoff Heights ေဆး႐ုံ ဒုဥကၠဌ ကူးစက္ေရာဂါ အထူးကုဆရာဝန္ ေဒါက္တာ ေဇယ်ာသက္က သုံးသပ္ပါတယ္။

" က်ေနာ္ထင္တာကို ေျပာရရင္ေတာ့ စိုးရိမ္အမွတ္ ေရခ်ိန္ကေတာ့ ေတာ္ေတာ္ေလးေတာ့ တက္ေနၿပီေပါ့။ အခုက ျဖစ္ခါစ အခ်ိန္လို႔ပဲ က်ေနာ္တို႔က သတ္မွတ္ထားတယ္။ ဘာလို႔လဲဆိုေတာ့ ေသဆုံးနံပါတ္က ေန႔စဥ္နဲ႔အမွ် တက္ေနတာပဲ ရွိတယ္။ ေသႏႈန္းေတြကလည္း မ်ားလာတယ္။ လူေတြကလည္း တကယ္ပဲ ကူးေနတယ္။ ဥပမာ- အိမ္ထဲမွာေနရင္း ကူးေနတာေတြလည္း ရွိေနတယ္ဆိုေတာ့ ျခဳံၿပီး ေျပာရလို႔ရွိရင္ ၊ သူတို႔ ေသေသခ်ာခ်ာ မလုပ္လို႔ရွိရင္ေတာ့ ေနာက္ထပ္ အနည္းဆုံး ၄ ပတ္ေလာက္အထိကို ေတာ္ေတာ္ႀကီး ေတာင့္ခံထားရမယ့္ သေဘာ ရွိတယ္။"

အခုတေခါက္ တတိတယလႈိင္းမွာ ကိုဗစ္ကူးစက္ ျပန႔္ပြားမႈ ျပင္းထန္လာႏိုင္တဲ့ လကၡဏာေတြ ရွိခဲ့ေပမယ့္ ၊ တာဝန္ရွိသူေတြ ႀကိဳတင္ျပင္ဆင္မႈ အားနည္းခဲ့တာေတြက အခုလို ရာခ်ီေသဆုံးမႈေတြ တိုးလာေနရတာ ျဖစ္တယ္လို႔ ေဒါက္တာ ေဇယ်ာသက္က တြက္ျပပါတယ္။

" ျမန္မာႏိုင္ငံမွာလည္း လြန္ခဲ့တဲ့ ၂ ပတ္ေလာက္ အခ်ိန္အတြင္းမွာ အရိပ္အေယာင္ေတြ ရွိေနတယ္။ အိမ္နီးခ်င္း ႏိုင္ငံေတြမွာလည္း ျဖစ္လာေနၿပီ။ အဲဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ ျမန္မာႏိ္ုင္ငံမွာ ပထမတႀကိမ္ ျဖစ္တုန္းက Plan ဆိုတာ ရွိထားတယ္။ ဒါေတြျဖစ္ရင္ ဘာေတြ လုပ္မလဲဆိုတဲ့ အစီအစဥ္ေတြ ရွိထားတဲ့အခါက်ေတာ့ အေသအေပ်ာက္ႏႈန္းက နည္းတယ္။ အေသအေပ်ာက္ နည္းတယ္ဆိုတာက ေရာဂါ မျပင္းလို႔ မဟုတ္ဘူး။ ေရာဂါရတဲ့ လူပမာဏ နည္းလို႔ အေသေပ်ာက္နည္းတာ။ က်ေနာ္တို႔အခု လူအေယာက္ (၆၀၀) ေသသြားတယ္ဆိုတာ မွန္တယ္။ အမ်ားႀကီးလည္း ဆုံးရႈံးသြားတယ္။ ဒီလူ အေယာက္ ၆၀၀ သည္ .. ေရာဂါကူးေနတဲ့လူ လကၡဏာျပေနတဲ့လူက က်ေနာ္ေျပာရဲတယ္... အနည္းဆုံး မရွိဘူးဆိုရင္ သန္းနဲ႔ခ်ီ ရွိေနၿပီ။ "

ေဖေဖၚဝါရီလ စစ္တပ္က အာဏာသိမ္းခ်ိန္မွာ ျမန္မာႏိုင္ငံတြင္း ကိုဗစ္ကာကြယ္ေဆးထိုးတဲ့ ႏိုင္ငံလုံးဆိုင္ရာ လုပ္ငန္းစဥ္ႀကီးလည္း ရပ္တန႔္ သြားခဲ့တာပါ။

ဒါေပမဲ့ အာဏာသိမ္း စစ္ေကာင္စီကေတာ့ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံေတြဆီကေန ကိုဗစ္ကာကြယ္ေဆးေတြ မွာယူထားၿပီး ျပည္သူေတြကို ထိုးႏွံေပးသြားမယ္လို႔ မၾကာေသးမီက ေျပာထားေပမယ့္ အဲဒီ ကာကြယ္ေဆးေတြဟာ WHO ကမာၻ႔က်န္းမာေရးအဖြဲ႕က အတည္ျပဳထားတာ မ်ိဳးေတာ့ မရွိေသးပါဘူး။

ကိုဗစ္ကာကြယ္ေဆးေကာင္းေတြ ထုတ္ေနတဲ့ အေမရိကန္ျပည္ေထာင္စုကလည္း အျခားကမာၻ႔ႏိုင္ငံေတြကို 'ေႏွာင္ႀကိဳးမဲ့ ကိုဗစ္ကာကြယ္ေဆးေတြ အခမဲ့ ေပးပို႔လႉဒါန္းသြားမယ္ ' လို႔ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ သမၼတ ဂ်ိဳးဘိုင္ဒန္က ေျပာၾကားထားပါတယ္။ ဒါဆိုရင္ အေမရိကန္က ေပးေဝမယ္ဆိုတဲ့ ကာကြယ္ေဆးကို ျမန္မာႏိုင္ငံကေရာ ရဖို႔ အလားအလား ဘယ္ေလာက္ ရွိပါသလဲ။ ကိုဗစ္အထူးကု ဆရာဝန္ႀကီး ေဒါက္တာ ေဇယ်ာသက္က ခုလို ျမင္ပါတယ္။

" ဒီလိုမ်ဳိး သူတို႔ ေႏွာင္ၾကဳိးမဲ့- ဆိုတဲ့ စကားလုံးကို သုံးတယ္ဆိုေပမယ့္လည္း ကိုဗစ္ေဆး ရႏိုင္မယ့္အခြင့္အေရးကေတာ့ နည္းမယ္လို႔ ထင္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ အျခား အိမ္နီးခ်င္းႏိုင္ငံေတြမွာလည္း ျဖစ္ေနတာဆိုေတာ့ အဲဒီႏိုင္ငံေတြကို သူတို႔ ပိုၿပီး ဦးစားေပးလိမ့္မယ္လို႔ က်ေနာ္ထင္တယ္။ ယိုးဒယားမွာ ေတာ္ေတာ္ေလးဆိုးေနတယ္လို႔ သတင္းေတြမွာ ေတြ႕ရတယ္။ ျမန္မာကိစၥမွာ ႏိုင္ငံေရးအရလည္း ေတာ္ေတာ္ေလး ဆိုင္လိမ့္မယ္။ ဘာလို႔လဲ ဆိုေတာ့ အခုလက္ရွိ ျမန္မာႏိုင္ငံက ဘယ္ကေန ကိုဗစ္ကာကြယ္ေဆး ရေနလဲ ျပန္ၾကည့္ရင္ ဒီ ႐ုရွားကိုသြားၿပီးေတာ့ အကုန္လုံး လုပ္ေနလို႔ရွိရင္ အေမရိကန္ဆီက ရႏိုင္မယ့္အခြင့္အေရးကေတာ့ နည္းမယ္လို႔ ထင္ပါတယ္။ "

ေသာၾကာေန႔က ဝါရွင္တန္ဒီစီမွာျပဳလုပ္တဲ့ အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ ပုံမွန္ သတင္းစာရွင္းလင္းပြဲအတြင္း ကိုဗစ္ကူးစက္မႈ မ်ားေနတဲ့ ျမန္မာႏိုင္ငံကို အေမရိကန္ရဲ႕ ကိုဗစ္ကာကြယ္ေဆးေတြ ေပးဖို႔ရွိမရွိ VOA သတင္းေထာက္က ေမးျမန္းရာမွာ ၊ လြန္ခဲ့တဲ့ ဇြန္လတုန္းက လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Wendy Sherman ထိုင္းႏိုင္ငံကို သြားေရာက္ခ်ိန္မွာ ျမန္မာျပည္သူေတြအတြက္ လူသားခ်င္းစာနာနဲ႔အဖြဲ႕ေတြကတဆင့္ ကိုဗစ္ကိစၥ အကူညီေပးဖို႔ ေဆြးေႏြးခဲ့ေပမယ့္ ၊ လက္ေတြ႕မွာ ကာကြယ္ေဆးေတြ ပို႔ေပးတာမ်ိဳး ရွိမရွိ မသိရေသးေၾကာင္း ၊ ဒါေပမဲ့ အေမရိကန္အေနနဲ႔ ျမန္မာကိုဗစ္ကိစၥကုိ အလြန္ စိုးရိမ္မႈရွိေၾကာင္းကိုသာ ေျဖၾကားခဲ့ပါတယ္။

ျမန္မာကိုဗစ္ အေျခအေန ပိုဆိုးလာႏိုင္ဖြယ္ရွိ
please wait

No media source currently available

0:00 0:04:59 0:00
တိုက္႐ိုက္ လင့္ခ္



[ Unicode ]

မြန်မာကိုဗစ် အခြေအနေ ပိုဆိုးလာနိုင်ဖွယ်ရှိ (ဒေါက်တာ ဇေယျာသက်)

မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ ကိုဗစ် ကူးစက်သေဆုံးမှု အခြေအနေဟာ နောက်သီတင်းပတ်တွေအထိ စိုးရိမ်ဖွယ် အခြေအနေမှာ ဆက်ရှိနေဦးမယ်လို့ ကူးစက်ရောဂါအထူးကု ပညာရှင်တချို့က သုံးသပ်ပါတယ်။ ဒီရက်ပိုင်းထဲ မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့်သေဆုံးသူ နေ့စဉ် ရာနဲ့ချီ ရှိလာပြီးနောက် အခုလို သုံးသပ်မှု ထွက်ပေါ်လာတာပါ။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာဖြစ်ပါတယ်။

ကိုဗစ် တတိယလှိုင်းဒဏ် ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ ဇူလိုင်(၁၆)ရက် သောကြာ တရက်ထဲကိုကြည့်ရင် ကိုဗစ်ကူးစက်ခံရသူ (၆၂၀၀) နီးပါးနဲ့ ကိုဗစ်ကြောင့် သေဆုံးသူ (၁၉၀) ရှိတယ်လို့ ကျန်းမာရေးဌာနက စာရင်းထုတ်ပြတ်ထားပေမယ့် လက်တွေ့မှာ သေဆုံးသူ သုံးဆလောက် ပိုများနေတယ်လို့ သောကြာနေ့က သူမရဲ့ဖခင်ကို ကျည်စုသုသာန်မှာ မီးသင်္ဂြိုလ်ခဲ့သူ မနေခြည်က ပြောပါတယ်။

" သေဆုံးသူ ၆၀၀ လောက်ဆိုတာ ဖြစ်နိုင်လောက်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ရန်ကုန်မှာ နာမည်ကြီးတဲ့ နာရေးကူညီမှု အသင်းတွေ ရှိတယ်။ ဥပမာ ဦးကျော်သူ အသင်းတို့ ၊ ဝေလုကျော်အသင်းတို့ပေါ့။ အဲဒီအသင်းတွေမှာတောင်မှ အလောင်းတွေကို မသယ်နိုင် တော့လို့ပေါ့နော်။ လူ ၄၀ - ၅၀ စာရင်းပြည့်လာရင် ပိတ်လိုက်တယ် လက်မခံတော့ဘူး ။ အဲဒီ နှစ်သင်းနဲ့တင်ကို ရာချီမှာဆိုတော့ အခြားဟာတွေနဲ့ပါ ဆိုရင် တော်တော်ကိုများမှာ။ ပြီးတော့ တယောက်ချင်း မီးသင်္ဂြိုလ်တာ မဟုတ်ပဲနဲ့ ၃-၄ ယောက် တခါထဲ မီးသင်္ဂြိုလ်ပစ်တာမျိုး လုပ်တာ။ "

တရားဝင်စာရင်း မပေါက်ပေမယ့်လည်း ကိုဗစ်ကြောင့် အခုလို နေ့စဉ် ရာဂဏန်းချီ သေဆုံး ၊ မီးသင်္ဂြိုလ်နေရတဲ့ အခြေအနေကိုကြည့်ရင် ကူးစက်သေဆုံးမှုအရှိန်က ခုမှ အစပိုင်းမှာသာ ရှိသေးပြီး ၊ ကိုဗစ်ရဲ့ သဘောသဘာဝအတိုင်း ရှေ့သီတင်းပတ်တွေအတွင်း အခြေအနေ ပိုဆိုးလာနိုင်ဖွယ်ရာ ရှိတယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Wyckoff Heights ဆေးရုံ ဒုဥက္ကဌ ကူးစက်ရောဂါ အထူးကုဆရာဝန် ဒေါက်တာ ဇေယျာသက်က သုံးသပ်ပါတယ်။

" ကျနော်ထင်တာကို ပြောရရင်တော့ စိုးရိမ်အမှတ် ရေချိန်ကတော့ တော်တော်လေးတော့ တက်နေပြီပေါ့။ အခုက ဖြစ်ခါစ အချိန်လို့ပဲ ကျနော်တို့က သတ်မှတ်ထားတယ်။ ဘာလို့လဲဆိုတော့ သေဆုံးနံပါတ်က နေ့စဉ်နဲ့အမျှ တက်နေတာပဲ ရှိတယ်။ သေနှုန်းတွေကလည်း များလာတယ်။ လူတွေကလည်း တကယ်ပဲ ကူးနေတယ်။ ဥပမာ- အိမ်ထဲမှာနေရင်း ကူးနေတာတွေလည်း ရှိနေတယ်ဆိုတော့ ခြုံပြီး ပြောရလို့ရှိရင် ၊ သူတို့ သေသေချာချာ မလုပ်လို့ရှိရင်တော့ နောက်ထပ် အနည်းဆုံး ၄ ပတ်လောက်အထိကို တော်တော်ကြီး တောင့်ခံထားရမယ့် သဘော ရှိတယ်။"

အခုတခေါက် တတိတယလှိုင်းမှာ ကိုဗစ်ကူးစက် ပြန့်ပွားမှု ပြင်းထန်လာနိုင်တဲ့ လက္ခဏာတွေ ရှိခဲ့ပေမယ့် ၊ တာဝန်ရှိသူတွေ ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တာတွေက အခုလို ရာချီသေဆုံးမှုတွေ တိုးလာနေရတာ ဖြစ်တယ်လို့ ဒေါက်တာ ဇေယျာသက်က တွက်ပြပါတယ်။

" မြန်မာနိုင်ငံမှာလည်း လွန်ခဲ့တဲ့ ၂ ပတ်လောက် အချိန်အတွင်းမှာ အရိပ်အယောင်တွေ ရှိနေတယ်။ အိမ်နီးချင်း နိုင်ငံတွေမှာလည်း ဖြစ်လာနေပြီ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ မြန်မာနိုင်ငံမှာ ပထမတကြိမ် ဖြစ်တုန်းက Plan ဆိုတာ ရှိထားတယ်။ ဒါတွေဖြစ်ရင် ဘာတွေ လုပ်မလဲဆိုတဲ့ အစီအစဉ်တွေ ရှိထားတဲ့အခါကျတော့ အသေအပျောက်နှုန်းက နည်းတယ်။ အသေအပျောက် နည်းတယ်ဆိုတာက ရောဂါ မပြင်းလို့ မဟုတ်ဘူး။ ရောဂါရတဲ့ လူပမာဏ နည်းလို့ အသေပျောက်နည်းတာ။ ကျနော်တို့အခု လူအယောက် (၆၀၀) သေသွားတယ်ဆိုတာ မှန်တယ်။ အများကြီးလည်း ဆုံးရှုံးသွားတယ်။ ဒီလူ အယောက် ၆၀၀ သည် .. ရောဂါကူးနေတဲ့လူ လက္ခဏာပြနေတဲ့လူက ကျနော်ပြောရဲတယ်... အနည်းဆုံး မရှိဘူးဆိုရင် သန်းနဲ့ချီ ရှိနေပြီ။ "

ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းချိန်မှာ မြန်မာနိုင်ငံတွင်း ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ နိုင်ငံလုံးဆိုင်ရာ လုပ်ငန်းစဉ်ကြီးလည်း ရပ်တန့် သွားခဲ့တာပါ။

ဒါပေမဲ့ အာဏာသိမ်း စစ်ကောင်စီကတော့ ရုရှားနဲ့ တရုတ်နိုင်ငံတွေဆီကနေ ကိုဗစ်ကာကွယ်ဆေးတွေ မှာယူထားပြီး ပြည်သူတွေကို ထိုးနှံပေးသွားမယ်လို့ မကြာသေးမီက ပြောထားပေမယ့် အဲဒီ ကာကွယ်ဆေးတွေဟာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုထားတာ မျိုးတော့ မရှိသေးပါဘူး။

ကိုဗစ်ကာကွယ်ဆေးကောင်းတွေ ထုတ်နေတဲ့ အမေရိကန်ပြည်ထောင်စုကလည်း အခြားကမ္ဘာ့နိုင်ငံတွေကို 'နှောင်ကြိုးမဲ့ ကိုဗစ်ကာကွယ်ဆေးတွေ အခမဲ့ ပေးပို့လှူဒါန်းသွားမယ် ' လို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားထားပါတယ်။ ဒါဆိုရင် အမေရိကန်က ပေးဝေမယ်ဆိုတဲ့ ကာကွယ်ဆေးကို မြန်မာနိုင်ငံကရော ရဖို့ အလားအလား ဘယ်လောက် ရှိပါသလဲ။ ကိုဗစ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဇေယျာသက်က ခုလို မြင်ပါတယ်။

" ဒီလိုမျိုး သူတို့ နှောင်ကြိုးမဲ့- ဆိုတဲ့ စကားလုံးကို သုံးတယ်ဆိုပေမယ့်လည်း ကိုဗစ်ဆေး ရနိုင်မယ့်အခွင့်အရေးကတော့ နည်းမယ်လို့ ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ အခြား အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဖြစ်နေတာဆိုတော့ အဲဒီနိုင်ငံတွေကို သူတို့ ပိုပြီး ဦးစားပေးလိမ့်မယ်လို့ ကျနော်ထင်တယ်။ ယိုးဒယားမှာ တော်တော်လေးဆိုးနေတယ်လို့ သတင်းတွေမှာ တွေ့ရတယ်။ မြန်မာကိစ္စမှာ နိုင်ငံရေးအရလည်း တော်တော်လေး ဆိုင်လိမ့်မယ်။ ဘာလို့လဲ ဆိုတော့ အခုလက်ရှိ မြန်မာနိုင်ငံက ဘယ်ကနေ ကိုဗစ်ကာကွယ်ဆေး ရနေလဲ ပြန်ကြည့်ရင် ဒီ ရုရှားကိုသွားပြီးတော့ အကုန်လုံး လုပ်နေလို့ရှိရင် အမေရိကန်ဆီက ရနိုင်မယ့်အခွင့်အရေးကတော့ နည်းမယ်လို့ ထင်ပါတယ်။ "

သောကြာနေ့က ဝါရှင်တန်ဒီစီမှာပြုလုပ်တဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ကိုဗစ်ကူးစက်မှု များနေတဲ့ မြန်မာနိုင်ငံကို အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ပေးဖို့ရှိမရှိ VOA သတင်းထောက်က မေးမြန်းရာမှာ ၊ လွန်ခဲ့တဲ့ ဇွန်လတုန်းက လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Wendy Sherman ထိုင်းနိုင်ငံကို သွားရောက်ချိန်မှာ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာနဲ့အဖွဲ့တွေကတဆင့် ကိုဗစ်ကိစ္စ အကူညီပေးဖို့ ဆွေးနွေးခဲ့ပေမယ့် ၊ လက်တွေ့မှာ ကာကွယ်ဆေးတွေ ပို့ပေးတာမျိုး ရှိမရှိ မသိရသေးကြောင်း ၊ ဒါပေမဲ့ အမေရိကန်အနေနဲ့ မြန်မာကိုဗစ်ကိစ္စကို အလွန် စိုးရိမ်မှုရှိကြောင်းကိုသာ ဖြေကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG