သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကူးစက္ေသဆံုးမႈ တိုးလာတဲ့ ကိုဗစ္ျပႆနာ ဘယ္လိုေျဖရွင္းမလဲ


လွည္းကူးၿမိဳ႕မွာ ကိုဗစ္နဲ႔ ကြယ္လြန္သြားသူကို သၿဂႋဳဟ္ႏုိင္ေရး ပို႔ေဆာင္ဖုိ႔ ျပင္ဆင္ေနတဲ့ ေစတနာ့ဝန္ထမ္းမ်ား။ (ဇူလုိင္ ၁၀၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကူးစက္မႈနဲ႔ ေသဆံုးမႈေတြ ဆက္တိုးလာေနတာေၾကာင့္ ျပည္သူေတြေရာ က်န္းမာေရးတာဝန္ခံေတြပါ အထူးစိုးရိမ္လာေနၾကပါတယ္။ ကူးစက္ေသဆံုးမႈေတြ ဘယ္လိုတိုးလာတာပါလဲ။ ဒါကို ဘယ္လိုေျဖရွင္းသင့္ပါသလဲ။ လံုၿခံဳေရးေၾကာင့္ အမည္ရင္းမေဖာ္လိုသူ က်န္းမာေရးတာဝန္ရွိသူ တဦးကေတာ့ ေဆး႐ုံတြင္းမွာပဲ ခုတင္ေတြ ထပ္တိုးထားရွိဖို႔၊ ေစာင့္ၾကည္လူနာစင္တာေတြ ထပ္တိုးေပးဖို႔နဲ႔ က်န္းမာေရးနဲ႔ ေစတနာ့ဝန္ထမ္းေတြကို စည္း႐ုံးဖို႔ေတြ လိုေနၿပီလို႔ အႀကံျပဳပါတယ္။ အျပည့္အစုံကုိ ကိုဝင္းမင္း ဆက္သြယ္ေမးျမန္း တင္ျပေပးထားပါတယ္။

အမည္ရင္း မေဖာ္လိုတဲ့ ေဒါက္တာေရႊဘက လက္ရွိ အေရးႀကီးဆုံး ျဖစ္ေနတာကို အခုလုိ စေျပာျပပါတယ္။

“အကုန္လုံး ဖ်ားတယ္ နာတယ္ဆုိရင္ က်ေနာ္တုိ႔ဆီမွာ စစ္လိုက္လို႔ရွိရင္္၊ ဥပမာ လူ ၇၀ စစ္မယ္ဆုိရင္ ၄၀ ေလာက္ကေတာ့ က်ိန္းေသတယ္ ကိုဗစ္ျဖစ္ေနၿပီေပါ့။ လူနာေတြကို ပိုရွာဖို႔လုိသလုိ ျဖစ္ေနတဲ့ လူနာေတြကိုလည္း အကုန္လုံးကို ေဆးကုသမႈေတြ ပိုၿပီးေတာ့ လုပ္ေပးႏုိင္ဖုိ႔လည္း လုိတယ္။ အခုက လူနာေတာ္ေတာ္မ်ားမ်ားကို အိမ္ေတြမွာပဲထားၿပီး က်ေနာ္တုိ႔က ဖုန္းနဲ႔ပဲ အႀကံဉာဏ္ေတြ ေပးေနရတယ္။ ေဆး႐ုံေတြ လြတ္တဲ့အခ်ိန္ကုိ ေစာင့္ဆုိင္းေနရတယ္။ ေစာင့္ဆုိင္းတဲ့အခ်ိန္က ႏွစ္ရက္ သုံးရက္ ၾကာခ်င္လည္း ၾကာမယ္၊ ငါးရက္ ၾကာခ်င္လည္း ၾကာမယ္။ အဲဒီလို ၾကာထားတဲ့အခ်ိန္မွာ ေဆး႐ုံရၿပီဆုိလုိ႔ရွိရင္ လူနာေတြကို ျပန္ဆက္သြယ္တဲ့အခါမွာ တခ်ဳိ႕လူနာေတြက ဆုံးပါးသြားတာေတြ ေတြ႔ရတယ္။”

ကိုဝင္းမင္း - ေရွ႕မွာေရာ ဘယ္လိုျဖစ္လာဖို႔ မွန္းထားလဲ။

ေဒါက္တာေရႊဘ - “ဒီလုိႏႈန္းအတုိင္း ေျမျပင္မွာ အခုျဖစ္ေနတဲ့ ပုံစံအတုိင္း ဆက္ၿပီးေတာ့ ျဖစ္ေနမယ္ဆုိရင္ ဒီ့ထက္ပုိၿပီးေတာ့ ျမင့္တက္လာမယ္။ COVID-19 Positive ျဖစ္တဲ့လူ မ်ားလာတာနဲ႔အမွ် ေအာက္ဆီဂ်င္ လိုအပ္ခ်က္ေတြကလည္း ပုိမ်ားလာမယ္။ ဥပမာ ၈၀ ရာခုိင္ႏႈန္းက ေကာင္းေပမယ့္ အဓိကေတာ့ ၂၀ ရာခုိင္ႏႈန္းေလာက္ပဲ လိုတယ္ပဲထားဦး၊ ဦးေရ ျဖစ္တာ မ်ားလာတာနဲ႔အမွ် ၂၀ ရာခုိင္ႏႈန္းဆုိတာလည္း ေအာက္ဆီဂ်င္မွာလည္း ေတာ္ေတာ္ေလး လုိအပ္ခ်က္ စကားေတာ္ေတာ္ေျပာလာမယ္ေလ။”

ကိုဝင္းမင္း - ဒီအတြက္ ဘယ္လိုႀကိဳၿပီး ေျဖရွင္းသင့္လဲဆရာ။

ေဒါက္တာေရႊဘ - “အေရးအႀကီးဆုံးကေတာ့ ကုသေရးေဆး႐ုံေတြ ေလာေလာဆယ္ ေနာက္ လူနာေတြထားဖုိ႔ စင္တာေတြ ပိုၿပီးေတာ့ တုိးခ်ဲ႕ႏုိင္မယ္ဆုိရင္ေတာ့ အေကာင္းဆုံးေပါ့။ ေနာက္တခုကေတာ့ အဲလုိ တုိးခ်ဲ႕လုိက္ရင္ ေအာက္ေျခ ရင္ဆုိင္ေနရတဲ့ ေအာက္ဆီဂ်င္ ျပႆနာလည္း အထုိက္အေလ်ာက္ ေျပလည္သြားမယ္။ ေဆး႐ုံေတြ တုိးခ်ဲ႕ဖို႔မွာ က်န္းမာေရးဝန္ထမ္းေတြ ေတာ္ေတာ္မ်ားမ်ားလိုတယ္။ Second Wave ကအတုိင္းေပါ့။ အားႀကိဳးမာန္တက္ လုပ္ေပးမယ့္ Volunteer ေတြ လုိမယ္။ Volunteer ေတြကို ေထာက္ပံ့မယ့္ ေငြေရးေၾကးေရး၊ ေနာက္ ပစၥည္းေတြ PPE တုိ႔ ေအာက္ဆီဂ်င္အုိးေတြ အေရးေပၚသြားရတဲ့အခါမွာ သုံးဖို႔။”

ကိုဝင္းမင္း - ဒီအတြက္ေရာ အျမန္ ဘာလုပ္သင့္လဲ။

ေဒါက္တာေရႊဘ - “Second Wave ကအတုိင္း၊ ဥပမာ ေဆး႐ုံထဲမွာ လူနာျပည့္ေနတဲ့အတြက္ေၾကာင့္ ေဆး႐ုံရဲ႕ ကြက္လပ္ အျပင္မွာ က်ေနာ္တို႔က Tent ထုိးၿပီးေတာ့ လူနာ ၃၀ စာေပါ့ ခုတင္ေတြ လုပ္လုိက္တယ္။ လုပ္လုိက္ၿပီးေတာ့ တခါ ေအာက္ဆီဂ်င္ကို ပုိက္ေတြနဲ႔ ခုတင္တုိင္း ခုတင္တုိင္းကို ေပးႏုိင္ဖို႔ သြယ္တန္းၿပီးေတာ့ စီမံခဲ့တာ။ အဲဒါၾကေတာ့ ဥပမာ ေဆး႐ုံ ၁၀ ႐ုံရွိတယ္ဆိုရင္ လူ ၃၀၀ စာ အထုိက္အေလ်ာက္ ေျပလည္သြားတယ္။ အရင္ကလုပ္ခဲ့တဲ့ ေဖာင္ႀကီးမွာဆုိရင္ အခု စဖြင့္ေတာ့ သိရသေလာက္ လူနာ ၂၀၀ လက္ခံတယ္။ အရင္တုန္းက လူနာ ၈၀၀ ေလာက္ လက္ခံတယ္လို႔ သိရတယ္။ အဲဒီမွာ လူနာခုတင္ေတြ ထပ္တုိးမယ္၊ က်န္းမာေရးနဲ႔ Volunteer ေတြ အဲဒီမွာ ထပ္တုိးခ်မယ္ဆိုရင္ ေနာက္ထပ္ ခုတင္အသစ္က ၆၀၀ ေလာက္ တုိးထြက္လာမယ္ေပါ့။”

ကိုဝင္းမင္း - အခုလို ဝန္ထမ္းေတြ ပါလာေအာင္ ဘယ္လိုလုပ္သင့္လဲဆရာ။

ေဒါက္တာေရႊဘ - “အခုဟာက အစိုးရအလုပ္ မလုပ္ဘဲနဲ႔ အျပင္မွာ လူငယ္ဆရာဝန္ ေတာ္ေတာ္မ်ားမ်ား သူတုိ႔အတုိင္းအတာနဲ႔ ရပ္တည္ခ်က္နဲ႔ပဲ အျပင္မွာ လႈပ္ရွားေနၾကေတာေတာ့ ေတြ႔ရတယ္။ အဲဒါေတြအကုန္လုံး ပူးေပါင္းၿပီး လုပ္မယ္ဆုိရင္ေတာ့ အထိုက္အေလ်ာက္ေတာ့ အဆင္ေျပမယ္။ သူတုိ႔ကုိ စည္း႐ုံးဖို႔ေတာ့ လုိတာေပါ့။ က်ေနာ္တုိ႔ရဲ႕ အမွန္အတုိင္းေပါ့ ေမတၱာတရားနဲ႔ တကယ့္ ျပည္သူလူထုေတြ ဒုကၡေရာက္ေနတဲ့ အေနအထားမ်ဳိးမွာ လူထုရဲ႕ အခုခံစားေနရတဲ့ ဒုကၡသုတ္ခေတြကို ငိုေႂကြးေနၾကတဲ့၊ တမ္းတေနၾကတဲ့၊ ေတာင့္တေနၾကတဲ့ မ်က္ႏွာကို ၾကည့္ၿပီးေတာ့ စုစုစည္းစည္းနဲ႔ အကုန္လုံး လုပ္ၾကမယ္ဆိုရင္ေတာ့ အဆင္ေျပမယ္လို႔ ထင္ပါတယ္။”

ကိုဝင္းမင္း - ေနာက္တခုက လက္ရွိ ေဆး႐ုံတက္ႏုိင္ဖို႔ ေစာင့္ေနရၿပီး အိမ္မွာေနေနရတဲ့ လူနာေတြအတြက္ အဓိက ဘာမွာခ်င္လဲ။

ေဒါက္တာေရႊဘ - “ေအာက္ဆီဂ်င္ Situation SpO2 Level က ၈၀ ပတ္ဝန္းက်င္ ျဖစ္ေနတာမ်ားတယ္၊ ၇၀ ေက်ာ္ေတြမ်ားတယ္။ အဲဒီလူနာေတြၾကရင္ ေတာင့္ခံႏုိင္ဖို႔ အႀကံဉာဏ္ေပးတယ္။ ေနာက္တခုက လူနာက ေမာတယ္ ေမာတယ္ဆုိရင္ သူတုိ႔က အဓိက အစာေကၽြးဖို႔ ေမ့ေနၾကတယ္။ အစာကို ပုံမွန္ေလး သူ မစားခ်င္ စားခ်င္ က်ေနာ္တုိ႔က အားရွိတဲ့ အစားအစာေလးေပါ့၊ ဒါကို အႀကံဉာဏ္ေပးတယ္။ ေနာက္ၿပီးေတာ့ သူသက္သာသလုိ က်န္းမာေရးဌာနက ေဖ့စ္ဘုတ္ေတြမွာ ျပထားတဲ့ အသက္႐ွဴနည္းတို႔၊ ဘယ္လုိေန၊ ေအာက္ဆီဂ်င္လယ္ဗယ္ ဘယ္လိုေလး တက္လာႏုိင္တာတုိ႔ အဲဒါဆုိ သူတို႔ သေဘာေပါက္တယ္။ အဲဒီလိုေျပာလုိက္ရင္ သူတုိ႔က အားတက္သြားတယ္။ ေနာက္တခုက တခ်ဳိ႕ေတြက ဘာေဆးေသာက္လို႔ ေသာက္ရမွန္း မသိဘူး။ အဲဒီေတာ့ က်ေနာ္တို႔က Guideline အတုိင္း ေဆးေလးေတြ ေျပာျပတယ္ဆုိရင္ အင္မတန္ ေက်းဇူးတင္ၿပီး အားတက္ၿပီးေတာ့ ေတာ္ေတာ္ေလး ကေ်ာ္ျဖတ္သြားႏုိင္တာ ေတြ႔ရတယ္။”

ကိုဝင္းမင္း - ဟုတ္ကဲ့၊ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ေဒါက္တာေရႊဘခင္ဗ်ား။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ကူးစက်သေဆုံးမှု တိုးလာတဲ့ ကိုဗစ်ပြဿနာ ဘယ်လိုဖြေရှင်းမလဲ

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ ဆက်တိုးလာနေတာကြောင့် ပြည်သူတွေရော ကျန်းမာရေးတာဝန်ခံတွေပါ အထူးစိုးရိမ်လာနေကြပါတယ်။ ကူးစက်သေဆုံးမှုတွေ ဘယ်လိုတိုးလာတာပါလဲ။ ဒါကို ဘယ်လိုဖြေရှင်းသင့်ပါသလဲ။ လုံခြုံရေးကြောင့် အမည်ရင်းမဖော်လိုသူ ကျန်းမာရေးတာဝန်ရှိသူ တဦးကတော့ ဆေးရုံတွင်းမှာပဲ ခုတင်တွေ ထပ်တိုးထားရှိဖို့၊ စောင့်ကြည်လူနာစင်တာတွေ ထပ်တိုးပေးဖို့နဲ့ ကျန်းမာရေးနဲ့ စေတနာ့ဝန်ထမ်းတွေကို စည်းရုံးဖို့တွေ လိုနေပြီလို့ အကြံပြုပါတယ်။ အပြည့်အစုံကို ကိုဝင်းမင်း ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။

အမည်ရင်း မဖော်လိုတဲ့ ဒေါက်တာရွှေဘက လက်ရှိ အရေးကြီးဆုံး ဖြစ်နေတာကို အခုလို စပြောပြပါတယ်။

“အကုန်လုံး ဖျားတယ် နာတယ်ဆိုရင် ကျနော်တို့ဆီမှာ စစ်လိုက်လို့ရှိရင်၊ ဥပမာ လူ ၇၀ စစ်မယ်ဆိုရင် ၄၀ လောက်ကတော့ ကျိန်းသေတယ် ကိုဗစ်ဖြစ်နေပြီပေါ့။ လူနာတွေကို ပိုရှာဖို့လိုသလို ဖြစ်နေတဲ့ လူနာတွေကိုလည်း အကုန်လုံးကို ဆေးကုသမှုတွေ ပိုပြီးတော့ လုပ်ပေးနိုင်ဖို့လည်း လိုတယ်။ အခုက လူနာတော်တော်များများကို အိမ်တွေမှာပဲထားပြီး ကျနော်တို့က ဖုန်းနဲ့ပဲ အကြံဉာဏ်တွေ ပေးနေရတယ်။ ဆေးရုံတွေ လွတ်တဲ့အချိန်ကို စောင့်ဆိုင်းနေရတယ်။ စောင့်ဆိုင်းတဲ့အချိန်က နှစ်ရက် သုံးရက် ကြာချင်လည်း ကြာမယ်၊ ငါးရက် ကြာချင်လည်း ကြာမယ်။ အဲဒီလို ကြာထားတဲ့အချိန်မှာ ဆေးရုံရပြီဆိုလို့ရှိရင် လူနာတွေကို ပြန်ဆက်သွယ်တဲ့အခါမှာ တချို့လူနာတွေက ဆုံးပါးသွားတာတွေ တွေ့ရတယ်။”

ကိုဝင်းမင်း - ရှေ့မှာရော ဘယ်လိုဖြစ်လာဖို့ မှန်းထားလဲ။

ဒေါက်တာရွှေဘ - “ဒီလိုနှုန်းအတိုင်း မြေပြင်မှာ အခုဖြစ်နေတဲ့ ပုံစံအတိုင်း ဆက်ပြီးတော့ ဖြစ်နေမယ်ဆိုရင် ဒီ့ထက်ပိုပြီးတော့ မြင့်တက်လာမယ်။ COVID-19 Positive ဖြစ်တဲ့လူ များလာတာနဲ့အမျှ အောက်ဆီဂျင် လိုအပ်ချက်တွေကလည်း ပိုများလာမယ်။ ဥပမာ ၈၀ ရာခိုင်နှုန်းက ကောင်းပေမယ့် အဓိကတော့ ၂၀ ရာခိုင်နှုန်းလောက်ပဲ လိုတယ်ပဲထားဦး၊ ဦးရေ ဖြစ်တာ များလာတာနဲ့အမျှ ၂၀ ရာခိုင်နှုန်းဆိုတာလည်း အောက်ဆီဂျင်မှာလည်း တော်တော်လေး လိုအပ်ချက် စကားတော်တော်ပြောလာမယ်လေ။”

ကိုဝင်းမင်း - ဒီအတွက် ဘယ်လိုကြိုပြီး ဖြေရှင်းသင့်လဲဆရာ။

ဒေါက်တာရွှေဘ - “အရေးအကြီးဆုံးကတော့ ကုသရေးဆေးရုံတွေ လောလောဆယ် နောက် လူနာတွေထားဖို့ စင်တာတွေ ပိုပြီးတော့ တိုးချဲ့နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ နောက်တခုကတော့ အဲလို တိုးချဲ့လိုက်ရင် အောက်ခြေ ရင်ဆိုင်နေရတဲ့ အောက်ဆီဂျင် ပြဿနာလည်း အထိုက်အလျောက် ပြေလည်သွားမယ်။ ဆေးရုံတွေ တိုးချဲ့ဖို့မှာ ကျန်းမာရေးဝန်ထမ်းတွေ တော်တော်များများလိုတယ်။ Second Wave ကအတိုင်းပေါ့။ အားကြိုးမာန်တက် လုပ်ပေးမယ့် Volunteer တွေ လိုမယ်။ Volunteer တွေကို ထောက်ပံ့မယ့် ငွေရေးကြေးရေး၊ နောက် ပစ္စည်းတွေ PPE တို့ အောက်ဆီဂျင်အိုးတွေ အရေးပေါ်သွားရတဲ့အခါမှာ သုံးဖို့။”

ကိုဝင်းမင်း - ဒီအတွက်ရော အမြန် ဘာလုပ်သင့်လဲ။

ဒေါက်တာရွှေဘ - “Second Wave ကအတိုင်း၊ ဥပမာ ဆေးရုံထဲမှာ လူနာပြည့်နေတဲ့အတွက်ကြောင့် ဆေးရုံရဲ့ ကွက်လပ် အပြင်မှာ ကျနော်တို့က Tent ထိုးပြီးတော့ လူနာ ၃၀ စာပေါ့ ခုတင်တွေ လုပ်လိုက်တယ်။ လုပ်လိုက်ပြီးတော့ တခါ အောက်ဆီဂျင်ကို ပိုက်တွေနဲ့ ခုတင်တိုင်း ခုတင်တိုင်းကို ပေးနိုင်ဖို့ သွယ်တန်းပြီးတော့ စီမံခဲ့တာ။ အဲဒါကြတော့ ဥပမာ ဆေးရုံ ၁၀ ရုံရှိတယ်ဆိုရင် လူ ၃၀၀ စာ အထိုက်အလျောက် ပြေလည်သွားတယ်။ အရင်ကလုပ်ခဲ့တဲ့ ဖောင်ကြီးမှာဆိုရင် အခု စဖွင့်တော့ သိရသလောက် လူနာ ၂၀၀ လက်ခံတယ်။ အရင်တုန်းက လူနာ ၈၀၀ လောက် လက်ခံတယ်လို့ သိရတယ်။ အဲဒီမှာ လူနာခုတင်တွေ ထပ်တိုးမယ်၊ ကျန်းမာရေးနဲ့ Volunteer တွေ အဲဒီမှာ ထပ်တိုးချမယ်ဆိုရင် နောက်ထပ် ခုတင်အသစ်က ၆၀၀ လောက် တိုးထွက်လာမယ်ပေါ့။”

ကိုဝင်းမင်း - အခုလို ဝန်ထမ်းတွေ ပါလာအောင် ဘယ်လိုလုပ်သင့်လဲဆရာ။

ဒေါက်တာရွှေဘ - “အခုဟာက အစိုးရအလုပ် မလုပ်ဘဲနဲ့ အပြင်မှာ လူငယ်ဆရာဝန် တော်တော်များများ သူတို့အတိုင်းအတာနဲ့ ရပ်တည်ချက်နဲ့ပဲ အပြင်မှာ လှုပ်ရှားနေကြတောတော့ တွေ့ရတယ်။ အဲဒါတွေအကုန်လုံး ပူးပေါင်းပြီး လုပ်မယ်ဆိုရင်တော့ အထိုက်အလျောက်တော့ အဆင်ပြေမယ်။ သူတို့ကို စည်းရုံးဖို့တော့ လိုတာပေါ့။ ကျနော်တို့ရဲ့ အမှန်အတိုင်းပေါ့ မေတ္တာတရားနဲ့ တကယ့် ပြည်သူလူထုတွေ ဒုက္ခရောက်နေတဲ့ အနေအထားမျိုးမှာ လူထုရဲ့ အခုခံစားနေရတဲ့ ဒုက္ခသုတ်ခတွေကို ငိုကြွေးနေကြတဲ့၊ တမ်းတနေကြတဲ့၊ တောင့်တနေကြတဲ့ မျက်နှာကို ကြည့်ပြီးတော့ စုစုစည်းစည်းနဲ့ အကုန်လုံး လုပ်ကြမယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။”

ကိုဝင်းမင်း - နောက်တခုက လက်ရှိ ဆေးရုံတက်နိုင်ဖို့ စောင့်နေရပြီး အိမ်မှာနေနေရတဲ့ လူနာတွေအတွက် အဓိက ဘာမှာချင်လဲ။

ဒေါက်တာရွှေဘ - “အောက်ဆီဂျင် Situation SpO2 Level က ၈၀ ပတ်ဝန်းကျင် ဖြစ်နေတာများတယ်၊ ၇၀ ကျော်တွေများတယ်။ အဲဒီလူနာတွေကြရင် တောင့်ခံနိုင်ဖို့ အကြံဉာဏ်ပေးတယ်။ နောက်တခုက လူနာက မောတယ် မောတယ်ဆိုရင် သူတို့က အဓိက အစာကျွေးဖို့ မေ့နေကြတယ်။ အစာကို ပုံမှန်လေး သူ မစားချင် စားချင် ကျနော်တို့က အားရှိတဲ့ အစားအစာလေးပေါ့၊ ဒါကို အကြံဉာဏ်ပေးတယ်။ နောက်ပြီးတော့ သူသက်သာသလို ကျန်းမာရေးဌာနက ဖေ့စ်ဘုတ်တွေမှာ ပြထားတဲ့ အသက်ရှူနည်းတို့၊ ဘယ်လိုနေ၊ အောက်ဆီဂျင်လယ်ဗယ် ဘယ်လိုလေး တက်လာနိုင်တာတို့ အဲဒါဆို သူတို့ သဘောပေါက်တယ်။ အဲဒီလိုပြောလိုက်ရင် သူတို့က အားတက်သွားတယ်။ နောက်တခုက တချို့တွေက ဘာဆေးသောက်လို့ သောက်ရမှန်း မသိဘူး။ အဲဒီတော့ ကျနော်တို့က Guideline အတိုင်း ဆေးလေးတွေ ပြောပြတယ်ဆိုရင် အင်မတန် ကျေးဇူးတင်ပြီး အားတက်ပြီးတော့ တော်တော်လေး ကျော်ဖြတ်သွားနိုင်တာ တွေ့ရတယ်။”

ကိုဝင်းမင်း - ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာရွှေဘခင်ဗျား။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG