သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် ၃၀ ကြာ တိမ်းရှောင်နေတဲ့ မာဖီးယားဂိုဏ်းခေါင်းဆောင် အီတလီဖမ်းဆီး 


နှစ်ပေါင်း ၃၀ ကြာ မျက်ကွယ်ထောင်ဒဏ် တသက်ချခံထားရပြီး အခုမှ ဖမ်းမိတဲ့ အီတလီမာမီးယားဂိုဏ်းခေါင်းဆောင် Matteo Messina Denaro
နှစ်ပေါင်း ၃၀ ကြာ မျက်ကွယ်ထောင်ဒဏ် တသက်ချခံထားရပြီး အခုမှ ဖမ်းမိတဲ့ အီတလီမာမီးယားဂိုဏ်းခေါင်းဆောင် Matteo Messina Denaro

[[Zawgyi/Unicode]]

အီတလီနိုင်ငံမှာအလိုအရှိဆုံး မာဖီးယားဂိုဏ်းခေါင်းဆောင် Matteo Messina Denaro ကို ဖမ်းဆီးလိုက်ပါတယ်။ စစ္စလီကျွန်းက Cosa Nostra မာဖီးယားဂိုဏ်းရဲ့ခေါင်းဆောင်ကို Palermo မြို့ပေါ်က ပုဂ္ဂိုလိကဆေးခန်းတခုမှာ ရဲတပ်ဖွဲ့ကဖမ်းမိခဲ့ကြောင်း အီတလီသတင်းဌာန ANSA က တနင်္လာနေ့က ဖော်ပြလိုက်ပါတယ်။

ဖမ်းမိပြီးနောက် ချက်ခြင်းဆိုသလို လျှို့ဝှက်နေရာတခုကို ခေါ်ဆောင်သွားတယ်လို့လည်း နိုင်ငံပိုင်ရုပ်သံသတင်းက ကြေညာပါတယ်။ မာဖီးယားဂိုဏ်းတွေတိုက်ဖျက်ရေး ဆောင်ရွက်ခဲ့ကြတဲ့အစိုးရရှေ့နေ Paolo Borsellino နဲ့ Giovanni Falcone တို့ ၁၉၉၂ ခုနှစ်က သေဆုံးခဲ့မှုအပါအဝင် ဒါဇင်နဲ့ချီရှိတဲ့လူသတ်မှုတွေအတွက် Matteo Messina Denaro ကို မျက်ကွယ်မှာ တရားစီရင်ခဲ့ပြီး ထောင်ဒဏ်တသက် ပြစ်ဒဏ်တွေကျခံထားရတာပါ။

အသက် ၆ဝ ရှိပြီဖြစ်တဲ့ Denaro ဟာ သူသတ်ခဲ့တဲ့သူတွေဟာ သင်္ချိုင်းကုန်းတခုစာလောက် ရှိတယ်ဆိုပြီး တချိန်က ပြောခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။ နှစ်ပေါင်း ၃ဝ လောက် တိမ်းရှောင်နေရပေမဲ့ စစ္စလီကျွန်းအနောက်ပိုင်း Trapani တဝိုက်က မာဖီးယားဂိုဏ်းတွေကို ဆက်လက်ပြီး ကြိုးကိုင်ညွှန်ကြားခဲ့တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ရဲတပ်ဖွဲ့က ပြောဖူးပါတယ်။

၂ဝ၁၅ ခုနှစ်က သူနဲ့ အနီးကပ်ဆုံ လုပ်ဖော်ကိုင်ဖက်တွေကို လျှို့ဝှက်ဆက်သွယ်ထားတဲ့စာတစောင်ကို စစ္စလီကျွန်းပေါ်က စိုက်ပျိုးခင်းတွေထဲက ကျောက်တုံးတတုံးအောက်မှာ တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ Denaro ကို ဖမ်းဆီးနိုင်တာဟာ အီတလီနိုင်ငံမှာ ရာဇဝတ်မှုတိုက်ဖျက်ရေးအတွက် မဟာအောင်ပွဲဖြစ်တယ်လို့ အီတလီဝန်ကြီးချုပ် Giorgia Meloni က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

နှစ် ၃၀ ကြာ တိမ်းရှောင်နေတဲ့ မာဖီးယားဂိုဏ်းခေါင်းဆောင် အီတလီဖမ်းဆီး.mp3
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

================

[[Unicode]]






XS
SM
MD
LG