သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောဒေသ သတင်းထောက်သွားခွင့် တောင်းဆို


ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ သတင်းယူဖို့ ကြိုးစားကြတဲ့ သတင်းသမားတွေကို လုံခြုံရေးတွေက တားဆီးမှုတွေနဲ့ ခြိမ်းခြောက်မှုတွေ မလုပ်ဖို့ CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အသင်းကြီးက ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်က မောင်တောဒေသတွင်း ရဲစခန်းတွေ အောက်တိုဘာလ ၉ ရက်နေ့ အတိုက်ခိုက်ခံရမှုတွေ ကြောင့် ရဲတပ်သား သေဆုံးမှု တွေနဲ့ လက်နက်တွေ ပျောက်ဆုံးခဲ့တဲ့ နောက်ပိုင်း နယ်မြေရှင်းလင်းရေး လုပ်ရာမှာ အဓမ္မပြုကျင့်မှု အပါအဝင် စစ်တပ်ရဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှု တွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေချိန်မှာ အခုလို တားဆီးမှုတွေ တွေ့ရတာလို့ ပြောပါတယ်။

ဧရာဝတီ၊ မြန်မာတိုင်းမ်စ်၊ ဒီမိုကရက်တစ် မြန်မာ့အသံနဲ့ ဆဲဗင်းဒေး နေ့စဉ် သတင်းစာအပါအဝင် သတင်းဌာန အများအပြားကို အောက်တိုဘာလလယ်မှာ နယ်ခြားစောင့်တပ်တွေနဲ့ စစ်တပ်က မောင်တောဒေသထဲက ကျီးကန်းပြင် ရဲစခန်းကို သွားရောက်ခွင့်မပေးပဲ တားဆီးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ အဲဒီအချိန်က ရဲနဲ့ စစ်တပ် ပူးတွဲ စစ်ဆင်ရေးလုပ်နေချိန်မို့ သတင်းသမားတွေ အတွက် လုံခြုံရေး စိတ်မချရတာမို့ တားဖြစ်တာလို့ လုံခြုံရေး တာဝန်ခံတွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

CPJ အဖွဲ့ရဲ့ အရှေ့တောင်အာရှ ဆိုင်ရာ အကြီးတန်းတာဝန်ခံ Shawn Crispin ကတော့ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတရပ် အနေနဲ့ အရပ်ဖက် အုပ်ချုပ်မှု အောက်မှာ သူတို့ရဲ့ လုံခြုံရေး တာဝန်ခံတွေက သတင်းသမားတွေကို လုံခြုံစိတ်ချစွာ သတင်း ယူခွင့် ပြုသင့်တယ်လို့ တောင်းဆိုလိုက်သလို အစိုးရ အနေနဲ့ ကွယ်ဝှက်စရာ ဘာမှ မရှိရင် သတင်းသမားတွေ လွတ်လွတ်လပ်လပ် သွားခွင့်ပေးသင့်တယ်လို့ ဝေဖန်ထားတာ ဖြစ်ပါတယ်။

မောင်တောဒေသ သတင်းထောက်သွားခွင့် တောင်းဆို
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG