သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အထက်လွှတ်တော် ရီပတ်ဘလစ်ကန်ခေါင်းဆောင် မတော်တဆ ချော်လဲပြီး ဆေးရုံရောက်


Kentucky ပြည်နယ် အထက်လွှတ်တော်အမတ် Mitch McConnell ကို သတင်းစာရှင်းလင်းပွတြခုအတွင်းတွေ့ရစဉ် (မတ် ၇၊ ၂၀၂၃)
Kentucky ပြည်နယ် အထက်လွှတ်တော်အမတ် Mitch McConnell ကို သတင်းစာရှင်းလင်းပွတြခုအတွင်းတွေ့ရစဉ် (မတ် ၇၊ ၂၀၂၃)

အမေရိကန်မှာ သြဇာညောင်းတဲ့ အထက်လွှတ်တော်က Republican ပါတီခေါင်းဆောင် Mitch McConnell ဟာ ဗုဒ္ဓဟူးနေ့ညက ချော်လဲလို့ ဆေးရုံတင်ထားရတယ်လို့ သူ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ ဝါရှင်တန်မြို့တော်က ညစာစားပွဲတခုတက်ရောက်စဉ် အသက် ၈၁ နှစ်အရွယ် Kentucky ပြည်နယ်က အထက်လွှတ်တော်အမတ် Mr. McConnell ခလုပ်တိုက် ချော်လဲလို့ ဆေးရုံတင်ခဲ့ရတယ်လို့ ပြောပါတယ်။ ဘယ်လောက်ကြာကြာ ကုသမှုခံရမယ်ဆိုတာတော့ အသေးစိတ် မပြောပါဘူး။

၁၉၈၄ ခုနှစ်ကစပြီး လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရတဲ့ အထက်လွှတ်တော်အမတ် Mitch McConnell ဟာ အထက်လွှတ်တော်မှာ သက်တမ်းအကြာဆုံး လွှတ်တော်အမတ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးနောက်ပိုင်း စစ်တပ်အာဏာသိမ်းအုပ်ချုပ်ခဲ့ချိန်ထဲကစလို့ မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေးကို ရှေ့တန်းက အားပေးဆောင်ရွက်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီရေးကို တွန်းအားပေးတဲ့ ဆုံးဖြတ်ချက်တွေ၊ အရေးယူပိတ်ဆို့မှုတွေကို အထက်လွှတ်တော်မှာ ဦးဆောင်ချမှတ်ခဲ့သူဖြစ်ပါတယ်။ အရင်စစ်အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်အရင် နေအိမ်အကျယ်ချုပ်ကျနေစဉ်က သူ့လွတ်မြောက်ရေးအတွက်လည်း တက်တက်ကြွကြွဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံကို သွားရောက်ပြီး အဲဒီအချိန်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို ပုဂ္ဂိုလ်ရေးအရလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG