(Zawgyi / Unicode)
ျမန္မာ့အေရး အာဆီယံရဲ႕ ေဆာင္ရြက္မႈေတြ ထိေရာက္မႈ မရွိဘူးဆိုရင္ စြမ္းအင္လုပ္ငန္း အပါအ၀င္ စစ္အာဏာပိုင္ေတြအတြက္ ၀င္ေငြ ရလမ္းေတြကို အေမရိကန္အစိုးရက ပိတ္ဆို႔ဒဏ္ခတ္ အေရးယူဖို႔ အထက္လႊတ္ေတာ္ ရီပတ္ဘလစ္ကန္ ေခါင္းေဆာင္ Mitch McConnell က တိုက္တြန္းလိုက္ပါတယ္။
အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း (အာဆီယံ) နဲ႔ ေတြ႕ဆုံဖို႔ ရွိေနတဲ့ ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken အေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္းေတြ၊ အာဆီယံအဖဲြ႕၀င္ေတြကို ျပတ္ျပတ္သားသား သတင္းစကားပါးဖို႔ ေမွ်ာ္လင့္ေၾကာင္းနဲ႔ စစ္အာဏာပိုင္ေတြရဲ႕ လုပ္ရပ္ေတြအတြက္ အက်ဳိးဆက္ေတြ ရင္ဆိုင္ဖို႔ အခ်ိန္တန္ၿပီျဖစ္ေၾကာင္း ဗုဒၶဟူးေန႔က ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုလိုက္တာပါ။
စစ္အာဏာရွင္ရဲ႕ ရက္စက္မႈေတြနဲ႔ တရားမ၀င္တဲ့ အုပ္ခ်ဳပ္မႈေအာက္က ျမန္မာျပည္သူေတြကို ျမန္မာ့အိမ္နီးခ်င္းေတြနဲ႔ အာဆီယံက ကူညီဖို႔ ဆႏၵမရွိဘူး ဆိုရင္ေတာ့ အေမရိကန္ အစိုးရအေနနဲ႔ ကြန္ဂရက္လႊတ္ေတာ္က အခြင့္အာဏာအပ္ႏွင္းထားတဲ့ အတိုင္း စစ္တပ္အေပၚ ဖိအားေပးဖို႔နဲ႔ ဘ႑ာေရးအရ ျဖတ္ေတာက္ဖို႔ လုပ္ရလိမ့္မယ္လို႔လည္း ေျပာပါတယ္။
ဒီအထဲမွာ ျမန္မာ့ေရနံနဲ႔ ဓာတ္ေငြ႕လုပ္ငန္းအေပၚ ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ထည့္သြင္းရလိမ့္မယ္လို႔လည္း တိုက္တြန္းခဲ့တာပါ။ တခ်ိန္တည္းမွာပဲ ဗုဒၶဟူးေန႔က ႐ုရွားႏိုင္ငံျခားေရး၀န္ႀကီး Sergey Lavrov ျမန္မာႏိုင္ငံကို သြားေရာက္ၿပီး ျမန္မာစစ္ေခါင္းေဆာင္နဲ႔ ေတြ႕ဆုံခဲ့တဲ့ အေပၚမွာလည္း ရီပတ္ဘလစ္ကန္ ထိပ္တန္းေခါင္းေဆာင္ McConnell ကေ၀ဖန္ခဲ့ပါတယ္။ အၾကမ္းဖက္မႈေတြ က်ဳးလြန္ေနတဲ့သူ အခ်င္းခ်င္း ေတြ႕ဆုံမႈအျဖစ္နဲ႔လည္း ထုတ္ျပန္ခ်က္မွာ ေျပာဆိုထားပါတယ္။
(Unicode)
မြန်မာ့အရေး အာဆီယံ မရှင်းနိုင်လျှင် MOGE ကို အရေးယူမည် (Senator McCornell)
မြန်မာ့အရေး အာဆီယံရဲ့ ဆောင်ရွက်မှုတွေ ထိရောက်မှု မရှိဘူးဆိုရင် စွမ်းအင်လုပ်ငန်း အပါအဝင် စစ်အာဏာပိုင်တွေအတွက် ဝင်ငွေ ရလမ်းတွေကို အမေရိကန်အစိုးရက ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့ အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ခေါင်းဆောင် Mitch McConnell က တိုက်တွန်းလိုက်ပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့ တွေ့ဆုံဖို့ ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken အနေနဲ့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေ၊ အာဆီယံအဖွဲ့ဝင်တွေကို ပြတ်ပြတ်သားသား သတင်းစကားပါးဖို့ မျှော်လင့်ကြောင်းနဲ့ စစ်အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေအတွက် အကျိုးဆက်တွေ ရင်ဆိုင်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။
စစ်အာဏာရှင်ရဲ့ ရက်စက်မှုတွေနဲ့ တရားမဝင်တဲ့ အုပ်ချုပ်မှုအောက်က မြန်မာပြည်သူတွေကို မြန်မာ့အိမ်နီးချင်းတွေနဲ့ အာဆီယံက ကူညီဖို့ ဆန္ဒမရှိဘူး ဆိုရင်တော့ အမေရိကန် အစိုးရအနေနဲ့ ကွန်ဂရက်လွှတ်တော်က အခွင့်အာဏာအပ်နှင်းထားတဲ့ အတိုင်း စစ်တပ်အပေါ် ဖိအားပေးဖို့နဲ့ ဘဏ္ဍာရေးအရ ဖြတ်တောက်ဖို့ လုပ်ရလိမ့်မယ်လို့လည်း ပြောပါတယ်။
ဒီအထဲမှာ မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်းအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ထည့်သွင်းရလိမ့်မယ်လို့လည်း တိုက်တွန်းခဲ့တာပါ။ တချိန်တည်းမှာပဲ ဗုဒ္ဓဟူးနေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ အပေါ်မှာလည်း ရီပတ်ဘလစ်ကန် ထိပ်တန်းခေါင်းဆောင် McConnell ကဝေဖန်ခဲ့ပါတယ်။ အကြမ်းဖက်မှုတွေ ကျုးလွန်နေတဲ့သူ အချင်းချင်း တွေ့ဆုံမှုအဖြစ်နဲ့လည်း ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။