သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းသား Harry တို႔ ဇနီးေမာင္ႏွံ ဒုတိယရင္ေသြး ဖြားျမင္


ၿဗိတိန္ေတာ္ဝင္မင္းသား Harry၊ ဇနီး Meghan နဲ႔ သားေတာ္ေလး Archie. (စက္တင္ဘာ ၂၅၊ ၂၀၁၉)

(Zawgyi / Unicode)

ၿဗိတိန္ေတာ္ဝင္မိသားစုရဲ႕ မင္းသား Harry နဲ႔ ၾကင္ယာေတာ္ Meghan Markle တို႔ရဲ႕ ဒုတိယေျမာက္ရင္ေသြး သမီးေတာ္ေလးကို ေသာၾကာေန႔က ေမြးဖြားခဲ့တယ္လို႔ ေၾကညာလိုက္ပါတယ္။

သမီးေတာ္ေလးကို Lilibet "Lili" Diana Mountbatten-Windsor လို႔ အမည္မွည့္ေခၚထားတယ္လို႔ Sussex ၿမိဳ႕စား Harry နဲ႔ ၾကင္ယာေတာ္ Meghan တို႔ရဲ႕ ေျပာခြင့္ရက မေန႔တုန္းက ေျပာပါတယ္။ ကေလးငယ္ေလးက ေမြးဖြားစဥ္မွာ ၇ ေပါင္ ၁၁ ေအာင္စရွိၿပီး က်န္းမာတယ္လို႔လည္း သူကေျပာပါတယ္။

Elizabeth ဘုရင္မႀကီးကို ခ်စ္စႏိုးနဲ႔ေခၚတဲ့ Lilibet ဆိုတဲ့အမည္ကို ဒီသမီးေတာ္ေလးရဲ႕ ပထမနာမည္အျဖစ္ အစြဲျပဳ မွည့္ေခၚလိုက္တာပါ။ သူ႔နာမည္ အလယ္စာလုံး Diana ဆိုတာကေတာ့ မင္းသား Harry ရဲ႕မိခင္ Diana မင္းသမီးအမည္ကို ယူထားတာျဖစ္ပါတယ္။ သမီးေတာ္ေလး Lilibet "Lili" Diana Mountbatten-Windsor က ၿဗိတိန္ထီးနန္း အ႐ိုက္အရာ ခံယူခြင့္ အဆင့္ ၈ ေနရာမွာရွိတဲ့ မင္းသမီးေလးလည္း ျဖစ္ပါတယ္။

သမီးေတာ္ေလး ဖြားျမင္တာနဲ႔ ပတ္သက္လို႔ ေၾကညာခ်က္ ထုတ္ျပန္ေပမယ့္ ဓာတ္ပုံကိုေတာ့ ေဖာ္ျပျခင္း မရွိေသးပါဘူး။

ၿပီးခဲ့တဲ့ မတ္လတုန္းကပဲ အေမရိကန္႐ုပ္သံတင္ဆက္သူ Oprah Winfrey နဲ႔ ေတြ႔ဆုံေမးျမန္းခန္းမွာ Meghan Markle က သူ႔ရဲ႕ ပထမကေလးငယ္ သားေတာ္ေလး ေမြးဖြားတုန္းက အသားေရာင္ကြဲျပားမႈ ရွိႏိုင္တာနဲ႔ ပတ္သက္လို႔ ၿဗိတိန္နန္းတြင္းမွာ ခြဲျခားဆက္ဆံခံရတာေတြကို ေျပာဆိုခဲ့ပါတယ္။ သူ႔ရဲ႕ ဒီလို လူမ်ိဳးေရးခြဲျခားမႈ စြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္လို႔ ၿဗိတိန္နန္းေတာ္ကေတာ့ မဟုတ္မွန္ေၾကာင္း ျငင္းဆိုခဲ့ပါတယ္။

မင္းသား Harry နဲ႔ ၾကင္ယာေတာ္ Meghan Markle တို႔ဟာ ၂၀၁၈ ေမလတုန္းက ၿဗိတိန္ႏိုင္ငံ၊ ဝင္ဆာရဲတိုက္မွာ လက္ထပ္ခဲ့ၿပီး ေနာက္တႏွစ္မွာ သားေတာ္ Archie ကို ေမြးဖြားခဲ့ပါတယ္။ ၂၀၂၀ ျပည့္ႏွစ္မွာ ေတာ္ဝင္နန္းေတာ္ တာဝန္ေတြကေန ႏုတ္ထြက္ၿပီး သူတို႔မိသားစု ေျမာက္အေမရိကကို ေျပာင္းေရႊ႕ အေျခခ်ခဲ့တာ ျဖစ္ပါတယ္။ သူတို႔မိသားစုဟာ လက္ရွိမွာ ကယ္လီဖိုးနီးယားျပည္နယ္၊ Santa Barbara ၿမိဳ႕မွာ ေနထိုင္ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

မင်းသား Harry တို့ ဇနီးမောင်နှံ ဒုတိယရင်သွေး ဖွားမြင်

ဗြိတိန်တော်ဝင်မိသားစုရဲ့ မင်းသား Harry နဲ့ ကြင်ယာတော် Meghan Markle တို့ရဲ့ ဒုတိယမြောက်ရင်သွေး သမီးတော်လေးကို သောကြာနေ့က မွေးဖွားခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။

သမီးတော်လေးကို Lilibet "Lili" Diana Mountbatten-Windsor လို့ အမည်မှည့်ခေါ်ထားတယ်လို့ Sussex မြို့စား Harry နဲ့ ကြင်ယာတော် Meghan တို့ရဲ့ ပြောခွင့်ရက မနေ့တုန်းက ပြောပါတယ်။ ကလေးငယ်လေးက မွေးဖွားစဉ်မှာ ၇ ပေါင် ၁၁ အောင်စရှိပြီး ကျန်းမာတယ်လို့လည်း သူကပြောပါတယ်။

Elizabeth ဘုရင်မကြီးကို ချစ်စနိုးနဲ့ခေါ်တဲ့ Lilibet ဆိုတဲ့အမည်ကို ဒီသမီးတော်လေးရဲ့ ပထမနာမည်အဖြစ် အစွဲပြု မှည့်ခေါ်လိုက်တာပါ။ သူ့နာမည် အလယ်စာလုံး Diana ဆိုတာကတော့ မင်းသား Harry ရဲ့မိခင် Diana မင်းသမီးအမည်ကို ယူထားတာဖြစ်ပါတယ်။ သမီးတော်လေး Lilibet "Lili" Diana Mountbatten-Windsor က ဗြိတိန်ထီးနန်း အရိုက်အရာ ခံယူခွင့် အဆင့် ၈ နေရာမှာရှိတဲ့ မင်းသမီးလေးလည်း ဖြစ်ပါတယ်။

သမီးတော်လေး ဖွားမြင်တာနဲ့ ပတ်သက်လို့ ကြေညာချက် ထုတ်ပြန်ပေမယ့် ဓာတ်ပုံကိုတော့ ဖော်ပြခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လတုန်းကပဲ အမေရိကန်ရုပ်သံတင်ဆက်သူ Oprah Winfrey နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ Meghan Markle က သူ့ရဲ့ ပထမကလေးငယ် သားတော်လေး မွေးဖွားတုန်းက အသားရောင်ကွဲပြားမှု ရှိနိုင်တာနဲ့ ပတ်သက်လို့ ဗြိတိန်နန်းတွင်းမှာ ခွဲခြားဆက်ဆံခံရတာတွေကို ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ ဒီလို လူမျိုးရေးခွဲခြားမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဗြိတိန်နန်းတော်ကတော့ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

မင်းသား Harry နဲ့ ကြင်ယာတော် Meghan Markle တို့ဟာ ၂၀၁၈ မေလတုန်းက ဗြိတိန်နိုင်ငံ၊ ဝင်ဆာရဲတိုက်မှာ လက်ထပ်ခဲ့ပြီး နောက်တနှစ်မှာ သားတော် Archie ကို မွေးဖွားခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ တော်ဝင်နန်းတော် တာဝန်တွေကနေ နုတ်ထွက်ပြီး သူတို့မိသားစု မြောက်အမေရိကကို ပြောင်းရွှေ့ အခြေချခဲ့တာ ဖြစ်ပါတယ်။ သူတို့မိသားစုဟာ လက်ရှိမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ Santa Barbara မြို့မှာ နေထိုင်နေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG