မဲခေါင်မြစ်ကြောင်းထဲမှာ မြန်မာ၊ ထိုင်း၊ လာအိုနဲ့ တရုတ်တို့ ဦးဆောင်ပြီး ၇၇ ကြိမ်မြောက် ပူးတွဲကင်းလှည့်မှုကို ပူးတွဲကင်းလှည့်မှုကို အင်္ဂါနေ့မှာ စတင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်နယ်ထဲက Xishuangbanna ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မှာရှိတဲ့ ဂွမ်လီ ဆိပ်ကမ်းကနေ စတင်ကင်းလှည့်မှာ ဖြစ်ပါတယ်။
အခုလို ပူးတွဲကင်းလှည့်မှုကနေ မိုင်ပေါင်း ၃၁၀ ကျော် ဒေသအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးကိုရော လုံခြုံရေးအပြင် နယ်စပ်ကျော်ဖြတ် ဖြစ်ပွါးတတ်တဲ့ ရာဇဝတ်မှုချေမှုန်းရေးကိုပါ တိုးမြှင့် လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း ယူနန်ဒေသ လုံခြုံရေးနဲ့ နယ်စပ်ကာကွယ်ရေး ဗျူရိုက ပြောပါတယ်။
ပူးတွဲကင်းလှည့် မှုထဲမှာ အကြမ်းဖက်ချေမှုန်းရေးဆိုင်ရာ လေ့ကျင့်မှုတွေ၊ ရဲတွေရဲ့ စွမ်းရည်မြှင့်တင်ရေး လေ့ကျင့်မှုတွေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်တွေပါ ပါဝင်ပါတယ်။
၂၀၁၁ အောက်တိုဘာလ ၅ ရက်နေ့က ထိုင်းရေပြင်ထဲမှာ တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံရပြီး ကုန်သင်္ဘော ၂ စင်း ကို ပြန်ပေးဂိုဏ်းက ဆွဲသွားခဲ့ပြီးတဲ့ နောက်ပိုင်း ၂၀၁၁ ဒီဇင်ဘာလ ကစပြီး မဲခေါင်မြစ်ကြောင်း ပူးတွဲကင်းလှည့်မှုကို စတင်ခဲ့တာ ဖြစ်ပါတယ်။
မဲခေါင်မြစ်ကို တရုတ်နိုင်ငံမှာ Lancang မြစ်လို့ လူသိများပြီး ဒီမြစ်ကြောင်းလမ်းဟာ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ် နိုင်ငံတွေကြား နယ်စပ်ကျော်ဖြတ် ကူးသန်းသွားလာရာမှာ အရေးပါတဲ့ ရေလမ်းကြောင်း တခု ဖြစ်ပါတယ်။