သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မက္ဆီရဲ႕ ဘာစီလိုနာ စာခ်ဳပ္သက္တမ္း မကုန္ေသးဘူးလို႔ La Liga ေၾကညာ


မက္ဆီ။ (ဇြန္ ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻ႔ေဘာလံုးအေက်ာ္အေမာ္ လီယိုနယ္မက္ဆီရဲ႕ ဘာစီလိုနာအသင္း စာခ်ဳပ္သက္တမ္း မကုန္ေသးဘူးလို႔ La Liga စပိန္ အမွတ္ေပးေဘာလံုးၿပိဳင္ပြဲက ထုတ္ျပန္လိုက္ပါတယ္။

ခုလို ထုတ္ျပန္လိုက္တာက မက္ဆီအေနနဲ႔ ဒီ ဘာစီလိုနာ ကလပ္အသင္းကေန ႏုတ္ထြက္ခ်င္ၿပီလို႔ အံၾသစရာ ေၾကညာခ်က္ ထြက္လာအၿပီး ရက္ပိုင္းအတြင္းနဲ႔ သူ ေဘာလံုးရာသီမတိုင္ခင္ က်န္းမာေရးစစ္ေဆးဖို႔ ပ်က္ကြက္အၿပီး နာရီပိုင္းအတြင္း ထြက္လာတာပါ။

မက္ဆီကိုေမွ်ာ္ေနတဲ့ ေမြးရပ္ေျမက ပရိသတ္ေတြ
please wait

No media source currently available

0:00 0:05:22 0:00

အာဂ်င္တီးနားႏုိင္ငံသား ၃၃ ႏွစ္အရြယ္ မက္ဆီအေနနဲ႔ အခုလို က်န္းမာေရးစစ္ေဆးဖို႔ မလာေရာက္တာက သူ႔ေဘာလံုးသက္တမ္းတေလွ်ာက္လံုး လက္တြဲလာခဲ့တဲ့ ကလပ္အသင္းကေန ႏုတ္ထြက္ဖို႔ အျပတ္ဆံုးျဖတ္ထားတာကို ရည္ညႊန္းေနတယ္လို႔ သံုးသပ္သူေတြက ဆိုပါတယ္။

ႏွစ္အလိုက္ ကမာၻ႔အေကာင္းဆံုး ေဘာလံုးသမားဆုကုိ ၆ ႀကိမ္ ဆြတ္ခူးခဲ့တဲ့ မက္ဆီအေနနဲ႔ကေတာ့ စာခ်ဳပ္ထဲက အပိုဒ္တပုိဒ္အရ ေငြအေလ်ာ္ေပးစရာမလိုဘဲ ေရႊ႕ေျပာင္းခြင့္ ရွိထားတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ဘာစီလိုနာနဲ႔ အခု La Liga တို႔ကေတာ့ ခုလိုလုပ္ခြင့္မရွိဘူးလို႔ ျငင္းထားပါတယ္။

ဒီ စပိန္ေဘာလံုးၿပိဳင္ပြဲ အုပ္ခ်ဳပ္ေရးအဖြဲ႔က ဘာစီလိုနာအေနနဲ႔ မက္ဆီရဲ႕ ေတာင္းဆိုခ်က္ကို ခြင့္ျပဳေပးႏုိင္တဲ့ တခုတည္းေသာ နည္းလမ္းက သူ႔အေနနဲ႔ အေမရိကန္ေဒၚလာ ၈၃၃ သန္း အေလ်ာ္ေပးဖို႔ အခ်က္ကို လုပ္ေပးမွ ျဖစ္မယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

မက်ဆီရဲ့ ဘာစီလိုနာ စာချုပ်သက်တမ်း မကုန်သေးဘူးလို့ La Liga ကြေညာ

ကမ္ဘာ့ဘောလုံးအကျော်အမော် လီယိုနယ်မက်ဆီရဲ့ ဘာစီလိုနာအသင်း စာချုပ်သက်တမ်း မကုန်သေးဘူးလို့ La Liga စပိန် အမှတ်ပေးဘောလုံးပြိုင်ပွဲက ထုတ်ပြန်လိုက်ပါတယ်။

ခုလို ထုတ်ပြန်လိုက်တာက မက်ဆီအနေနဲ့ ဒီ ဘာစီလိုနာ ကလပ်အသင်းကနေ နုတ်ထွက်ချင်ပြီလို့ အံသြစရာ ကြေညာချက် ထွက်လာအပြီး ရက်ပိုင်းအတွင်းနဲ့ သူ ဘောလုံးရာသီမတိုင်ခင် ကျန်းမာရေးစစ်ဆေးဖို့ ပျက်ကွက်အပြီး နာရီပိုင်းအတွင်း ထွက်လာတာပါ။

အာဂျင်တီးနားနိုင်ငံသား ၃၃ နှစ်အရွယ် မက်ဆီအနေနဲ့ အခုလို ကျန်းမာရေးစစ်ဆေးဖို့ မလာရောက်တာက သူ့ဘောလုံးသက်တမ်းတလျှောက်လုံး လက်တွဲလာခဲ့တဲ့ ကလပ်အသင်းကနေ နုတ်ထွက်ဖို့ အပြတ်ဆုံးဖြတ်ထားတာကို ရည်ညွှန်းနေတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

နှစ်အလိုက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၆ ကြိမ် ဆွတ်ခူးခဲ့တဲ့ မက်ဆီအနေနဲ့ကတော့ စာချုပ်ထဲက အပိုဒ်တပိုဒ်အရ ငွေအလျော်ပေးစရာမလိုဘဲ ရွှေ့ပြောင်းခွင့် ရှိထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘာစီလိုနာနဲ့ အခု La Liga တို့ကတော့ ခုလိုလုပ်ခွင့်မရှိဘူးလို့ ငြင်းထားပါတယ်။

ဒီ စပိန်ဘောလုံးပြိုင်ပွဲ အုပ်ချုပ်ရေးအဖွဲ့က ဘာစီလိုနာအနေနဲ့ မက်ဆီရဲ့ တောင်းဆိုချက်ကို ခွင့်ပြုပေးနိုင်တဲ့ တခုတည်းသော နည်းလမ်းက သူ့အနေနဲ့ အမေရိကန်ဒေါ်လာ ၈၃၃ သန်း အလျော်ပေးဖို့ အချက်ကို လုပ်ပေးမှ ဖြစ်မယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG