Zawgyi/Unicode
ကမာၻေက်ာ္ေဘာလုံးသမား လီယိုနယ္မက္ဆီ ဘာစီလိုနာအသင္းကေနထြက္ဖို႔ဆုံးျဖတ္လိုက္တာေၾကာင့္၊ အာဂ်င္တီးနားႏုိင္ငံက ပရိသတ္ေတြကလည္း ႏုိင္ငံမွာ ျပန္လာကစားဖို႔. ေမွ်ာ္လင့္ေနၾကပါတယ္။ မက္ဆီရဲ႕ ဇာတိ Rosario ၿမိဳ႕က Newell Old Boys ပရိသတ္ေတြကလည္း လမ္းေတြေပၚကိုထြက္ၿပီး မက္ဆီျပန္လာဖို႔ ေခၚေနၾကတဲ့အေၾကာင္း ရုိက္တာသတင္းေဆာင္းပါးကို အေျခခံၿပီး ကိုရန္နုိင္က ေျပာျပေပးမွာျဖစ္ပါတယ္။
စပိန္ႏုိင္ငံဘာစီလိုနာအသင္းမွာ ကစားေနတဲ့ အာဂ်င္တီးနားတိုက္စစ္မွဴး လီယိုနယ္မက္ဆီက ဘာစီလိုနာအသင္းကေန ထြက္ေတာ့မယ္လို႔ ၾသဂုတ္လ ၂၅ ရက္ေန႔မွာ ေၾကညာလိုက္တဲ့အတြက္ ကမာၻေဘာလုံးေလာကႀကီးတခုလုံး လႈပ္လႈပ္ရွားရွား ျဖစ္သြားခဲ့ပါတယ္။
မက္ဆီ နဲ႔ ဘာစီလိုနာ၊ ဘာစီလိုနာနဲ႔မက္ဆီဆုိတာ ခဲြျခားလို႔မရေအာင္ ႏွစ္ေပါင္းမ်ားစြာတသားတည္းရွိေနခဲ့ၿပီး မက္ဆီဟာ ဘာစီလိုနာအသင္းမွာပဲ သူ႔ရဲ႕ ကစားသမားဘ၀ကို အဆုံးသတ္မွာလို႔ အေတာ္မ်ားမ်ားက ယူဆထားၾကတာပါ။ ဒါေပမဲ့ ဘာစီလိုနာအသင္းဟာ အခုႏွစ္မွာ လာလီဂါအမွတ္ေပးဖလားကို လက္လႊတ္ခဲ့ရသလို၊ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ ကြာတားဖုိင္နယ္ပဲြစဥ္မွာ ဘုိင္ယန္ျမဴးနစ္ကို ၈ ဂိုး ၂ ဂိုး နဲ႔ ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ အသင္းမွာ အေျပာင္းအလဲ အႀကီးအက်ယ္လုပ္ဖို႔လိုေနၿပီလို႔ သုံးသပ္လာၾကပါတယ္။ ၿပီးခဲ့တဲ့ နည္းျပ Setien နဲ႔ ကစားသမားေတြၾကားမွာ အဆင္မေျပတာေတြရွိခဲ့သလို၊ မက္ဆီက အသင္းအတြက္ ေခၚဖို႔ အဆုိျပဳတဲ့ ကစားသမားေတြ အသင္းက မျဖည့္ဆည္းခဲ့တာေတြေၾကာင့္ ဥကၠ႒နဲ႔ သူနဲ႔ ၾကားမွာလည္း အဖုအထစ္ေတြ ရွိေနခဲ့တာပါ။ ဒါ့အျပင္ မက္ဆီက သူနဲ႔ကစားေဖာ္ေဟာင္း Xavi ကို နည္းျပအျဖစ္ ေခၚေစခ်င္ေပမယ့္၊ အသင္းက အခုေနာက္ဆုံး နယ္သာလန္နည္းျပ Ronald Koeman ကို နည္းျပအျဖစ္ခန္႔ခဲ့ၿပီး၊ မက္ဆီ နဲ႔ ဘာစီလိုနာ လမ္းခဲြဖို႔အထိ ျဖစ္လာခဲ့တာပါ။
မက္ဆီက ဘာစီလိုနာကေန ထြက္ေတာ့မယ္ဆုိတဲ့ သတင္းေၾကာင့္၊ မန္စီးတီး နဲ႔ PSG လို ေငြေၾကးအေျမာက္အမ်ားသုံးစဲြႏုိင္တဲ့ အသင္းေတြက မက္ဆီကို ေခၚဖို႔ စိတ္၀င္စားေနၾကပါတယ္။ ဥေရာပအသင္းႀကီးေတြက မက္ဆီကိုေခၚႏုိင္ဖို႔ နည္းမ်ိဳးစုံနဲ႔ ႀကိဳးပမ္းလာေနခ်ိန္မွာပဲ၊ အာဂ်င္တီးနားမွာရွိတဲ့ သူ႔ရဲ႕ ဇာတိၿမိဳ႕ျဖစ္တဲ့ Rosario ၿမိဳ႕မွာလည္း ပရိသတ္ေတြက မက္ဆီကို အာဂ်င္တီးနားျပန္လာကစားဖို႔ ေခၚေနၾကပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းေတြအတြင္းမွာပဲ Newell ပရိသတ္ေတြဟာ Rosario ၿမိဳ႕က လမ္းေတြေပၚမွာ စုေ၀းလွည့္လည္ၿပီးေတာ့ မက္ဆီ ျပန္လာဖို႔ ေတာင္းဆုိခဲ့ၾကပါတယ္။ Newell’s ပရိသတ္ Rodlfo Olivera ကေတာ့
"မက္ဆီ ေရ- မင္းကို ငါတုိ႔ Rosario ၿမိဳက ေစာင့္ေမွ်ာ္ေနပါတယ္။ တေနတေန႔တခ်ိန္ခ်ိန္မွာ မင္းရဲ႕ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ႏုိင္မယ္လို႔ေမွ်ာ္လင့္ၿပီး၊ ဒါကလည္း ငါတုိ႔ရဲ႕ ေမွ်ာ္လင့္ခ်က္ပါ။ တကယ္လို႔ ၆ လ ေလာက္ပဲ ကစားႏုိင္တယ္ဆုိလည္း ဒီကိုျပန္လာႏုိင္ၿပီး အာဂ်င္တီးနားမွာရွိတဲ့ ငါတုိ႔ရဲ႕ အိပ္မက္ေတြကို အနည္းငယ္မက္ခြင့္ေပးပါ။ "
မက္ဆီက တခ်ိန္ခ်ိန္က်ရင္ သူ႔ငယ္ငယ္က အားေပးခဲ့တဲ့ Rosario ၿမိဳ႕က Newell’s Old Boys အသင္းမွာ ကစားခ်င္တယ္လို႔ ေျပာထားတာေၾကာင့္ မက္ဆီကို ျပန္လာဖို႔ Newell’s ပရိသတ္ Niolas Monkiovic အပါအ၀င္ အာဂ်င္တီးနားႏုိင္ငံသားေတြက ေမွ်ာ္လင့္ေနၾကတာပါ။
"လီယို ျပန္လာခဲ့ လီယို၊ ငါတုိ႔ Newelll’s Old Boys ပရိသတ္ေတြအတြက္ ျပန္လာခဲ့ပါ၊ ျပန္လာေပးပါလို႔ ေတာင္းဆုိခ်င္တယ္။ ငါတုိ႔ မင္းကို အၿမဲတမ္းတံခါးဖြင့္ၿပီး လက္ကမ္းႀကိဳဆုိေနတယ္။ မင္းက Newell’s ပရိသတ္၊ မင္းက အာဂ်င္တီးနားႏုိင္ငံသား၊ ငါတုိ႔ရဲ႕ ေသြးခ်င္း ညီအစ္ကိုပဲ။"
မက္ဆီဟာ အခုမွ အသက္ ၃၃ ႏွစ္ သာရွိေသးၿပီး ၊ ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားတစ္ေယာက္အျဖစ္ ဆက္ရွိေနေသးတာေၾကာင့္ ဥေရာပထိပ္တန္းအသင္းႀကီးေတြမွာ အမ်ားႀကီး ဆက္ကစားႏုိင္ေသးတဲ့အတြက္ အခုခ်ိန္မွာေတာ့ အာဂ်င္တီးနားႏုိင္ငံကို ျပန္လာအုံးမွာ မဟုတ္ေသးဘူးလို႔ Rosario ၿမိဳ႕ခံတဦးက ေျပာပါတယ္။
"သူ႔အေနနဲ႔ ဘာစီလိုနာအသင္းမွာလို အေကာင္းဆုံးကစားႏုိင္မယ့္ အသင္းေတြ အမ်ားအျပားရွိပါတယ္။ က်ေနာ္က Newell’s ပရိသတ္မဟုတ္ပါဘူး က်ေနာ္က Boca Juniors ပရိသတ္ပါ။ Newell’s ပရိသတ္ေတြက သူ႔ကို ျပန္လာေစခ်င္တယ္ဆုိေပမယ့္၊ ျပန္လာအုံးမွာ မဟုတ္ပါဘူး အဲဒီအခ်ိန္ေရာက္ဖို႔ လိုပါေသးတယ္။ တကယ္လို႕ သူ႔အေနနဲ႔ မန္စီးတီကို သြားရင္လည္း အဆင္ေျပမွာပါ ဟိုမွာလည္း သူ႔သူငယ္ခ်င္း အေဂြး႐ုိးရွိတယ္ေလ။"
အခုေလာေလာဆယ္မွာေတာ့ မက္ဆီဟာ မန္စီးတီးေရာက္ဖို႔မ်ားေနတယ္လို႔ ကၽြမ္းက်င္သူေတြက သုံးသပ္ေနၾကၿပီး၊ သူ႔ရဲ႕နည္းျပေဟာင္းျဖစ္တဲ့ လက္ရွိ မန္စီးတီးနည္းျပ ဂြါဒီယိုလာ နဲ႔လည္း စကားေျပာတာေတြရွိတယ္လို႔ ဆုိပါတယ္။ ၿဗိတိန္အပါအ၀င္ တခ်ိဳ႕ဥေရာပသတင္းေတြကဆုိ မက္ဆီဟာ ဘာစီလိုနာကေန ထြက္ဖို႔ကိစၥကို ဂြါဒီယိုလာကို ဖုန္းဆက္ေျပာၾကားခဲ့တယ္လို႔ ေဖာ္ျပေနပါတယ္။ ဒါေပမဲ့ Newell’s ပရိသတ္ Diego Monkovic ကေတာ့ မက္ဆီဟာ တခ်ိန္ခ်ိန္မွာေတာ့ Newell’s အသင္းကိုေရာက္လာမယ္လို႔ ယုံၾကည္ေနပါတယ္။
"က်ေနာ္တုိ႔ ဂုဏ္ယူပါတယ္။ သူျပန္လာသည္ျဖစ္ေစ၊ မလာသည္ျဖစ္ေစ၊ ဒါက အေရးမႀကီးပါဘူး။ အဲဒါထက္ ပိုၿပီးအေရးႀကီးတာက က်ေနာ္တုိ႔ သူ႔ကို ေက်းဇူးတင္တယ္၊ တခ်ိန္ခ်ိန္မွာေတာ့ သူလည္း Martino နဲ႔ Marcelo Bielsa တုိ႔လို အသင္းကို သူျပန္လာၿပီး အသင္းနဲ႔ သမုိင္းမွတ္တုိင္သစ္ေတြ စိုက္ထူႏုိင္မွာပါ။ "
အခုေလာေလာဆယ္အေနအထားအရ ၊ မက္ဆီ အေနနဲ႔ အာဂ်င္တီးနားကို ျပန္လာဦးမွာမဟုတ္ဘဲ ၊ ဥေရာပက အသင္းႀကီးတသင္းသင္းမွာပဲ ဆက္ရွိေနဖို႔မ်ားပါတယ္။ ဒီထဲမွာ မန္စီးတီး နဲ႔ PSG တုိ႔က ထိပ္ဆုံးမွာရွိေနၿပီး ၊ အင္တာမီလန္ကလည္း စိတ္၀င္စားေနတယ္လို႔ သတင္းေတြထြက္ေနပါတယ္။ ေသခ်ာတာကေတာ့ မက္ဆီကိုေခၚႏုိင္ဖို႔အတြက္ဆုိရင္ အဲဒီအသင္းအေနနဲ႔ ကမာၻ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးကို ေပးရမွာျဖစ္ၿပီး၊ ဘယ္အသင္းကို ေရာက္မယ္ဆုိတာကေတာ့ ကမာၻ႔ေဘာလုံးပရိသတ္ေတြ အားလုံး ရင္ခုန္စြာ နဲ႔ ေစာင့္ၾကည့္ေနၾကပါတယ္။
Unicode
ကမ္ဘာကျော်ဘောလုံးသမား လီယိုနယ်မက်ဆီ ဘာစီလိုနာအသင်းကနေထွက်ဖို့ဆုံးဖြတ်လိုက်တာကြောင့်၊ အာဂျင်တီးနားနိုင်ငံက ပရိသတ်တွေကလည်း နိုင်ငံမှာ ပြန်လာကစားဖို့. မျှော်လင့်နေကြပါတယ်။ မက်ဆီရဲ့ ဇာတိ Rosario မြို့က Newell Old Boys ပရိသတ်တွေကလည်း လမ်းတွေပေါ်ကိုထွက်ပြီး မက်ဆီပြန်လာဖို့ ခေါ်နေကြတဲ့အကြောင်း ရိုက်တာသတင်းဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
စပိန်နိုင်ငံဘာစီလိုနာအသင်းမှာ ကစားနေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယိုနယ်မက်ဆီက ဘာစီလိုနာအသင်းကနေ ထွက်တော့မယ်လို့ သြဂုတ်လ ၂၅ ရက်နေ့မှာ ကြေညာလိုက်တဲ့အတွက် ကမ္ဘာဘောလုံးလောကကြီးတခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။
မက်ဆီ နဲ့ ဘာစီလိုနာ၊ ဘာစီလိုနာနဲ့မက်ဆီဆိုတာ ခွဲခြားလို့မရအောင် နှစ်ပေါင်းများစွာတသားတည်းရှိနေခဲ့ပြီး မက်ဆီဟာ ဘာစီလိုနာအသင်းမှာပဲ သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်မှာလို့ အတော်များများက ယူဆထားကြတာပါ။ ဒါပေမဲ့ ဘာစီလိုနာအသင်းဟာ အခုနှစ်မှာ လာလီဂါအမှတ်ပေးဖလားကို လက်လွှတ်ခဲ့ရသလို၊ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို ၈ ဂိုး ၂ ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အသင်းမှာ အပြောင်းအလဲ အကြီးအကျယ်လုပ်ဖို့လိုနေပြီလို့ သုံးသပ်လာကြပါတယ်။ ပြီးခဲ့တဲ့ နည်းပြ Setien နဲ့ ကစားသမားတွေကြားမှာ အဆင်မပြေတာတွေရှိခဲ့သလို၊ မက်ဆီက အသင်းအတွက် ခေါ်ဖို့ အဆိုပြုတဲ့ ကစားသမားတွေ အသင်းက မဖြည့်ဆည်းခဲ့တာတွေကြောင့် ဥက္ကဋ္ဌနဲ့ သူနဲ့ ကြားမှာလည်း အဖုအထစ်တွေ ရှိနေခဲ့တာပါ။ ဒါ့အပြင် မက်ဆီက သူနဲ့ကစားဖော်ဟောင်း Xavi ကို နည်းပြအဖြစ် ခေါ်စေချင်ပေမယ့်၊ အသင်းက အခုနောက်ဆုံး နယ်သာလန်နည်းပြ Ronald Koeman ကို နည်းပြအဖြစ်ခန့်ခဲ့ပြီး၊ မက်ဆီ နဲ့ ဘာစီလိုနာ လမ်းခွဲဖို့အထိ ဖြစ်လာခဲ့တာပါ။
မက်ဆီက ဘာစီလိုနာကနေ ထွက်တော့မယ်ဆိုတဲ့ သတင်းကြောင့်၊ မန်စီးတီး နဲ့ PSG လို ငွေကြေးအမြောက်အများသုံးစွဲနိုင်တဲ့ အသင်းတွေက မက်ဆီကို ခေါ်ဖို့ စိတ်ဝင်စားနေကြပါတယ်။ ဥရောပအသင်းကြီးတွေက မက်ဆီကိုခေါ်နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းလာနေချိန်မှာပဲ၊ အာဂျင်တီးနားမှာရှိတဲ့ သူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ Rosario မြို့မှာလည်း ပရိသတ်တွေက မက်ဆီကို အာဂျင်တီးနားပြန်လာကစားဖို့ ခေါ်နေကြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာပဲ Newell ပရိသတ်တွေဟာ Rosario မြို့က လမ်းတွေပေါ်မှာ စုဝေးလှည့်လည်ပြီးတော့ မက်ဆီ ပြန်လာဖို့ တောင်းဆိုခဲ့ကြပါတယ်။ Newell’s ပရိသတ် Rodlfo Olivera ကတော့
"မက်ဆီ ရေ- မင်းကို ငါတို့ Rosario မြိုက စောင့်မျှော်နေပါတယ်။ တနေတနေ့တချိန်ချိန်မှာ မင်းရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ်လို့မျှော်လင့်ပြီး၊ ဒါကလည်း ငါတို့ရဲ့ မျှော်လင့်ချက်ပါ။ တကယ်လို့ ၆ လ လောက်ပဲ ကစားနိုင်တယ်ဆိုလည်း ဒီကိုပြန်လာနိုင်ပြီး အာဂျင်တီးနားမှာရှိတဲ့ ငါတို့ရဲ့ အိပ်မက်တွေကို အနည်းငယ်မက်ခွင့်ပေးပါ။ "
မက်ဆီက တချိန်ချိန်ကျရင် သူ့ငယ်ငယ်က အားပေးခဲ့တဲ့ Rosario မြို့က Newell’s Old Boys အသင်းမှာ ကစားချင်တယ်လို့ ပြောထားတာကြောင့် မက်ဆီကို ပြန်လာဖို့ Newell’s ပရိသတ် Niolas Monkiovic အပါအဝင် အာဂျင်တီးနားနိုင်ငံသားတွေက မျှော်လင့်နေကြတာပါ။
"လီယို ပြန်လာခဲ့ လီယို၊ ငါတို့ Newelll’s Old Boys ပရိသတ်တွေအတွက် ပြန်လာခဲ့ပါ၊ ပြန်လာပေးပါလို့ တောင်းဆိုချင်တယ်။ ငါတို့ မင်းကို အမြဲတမ်းတံခါးဖွင့်ပြီး လက်ကမ်းကြိုဆိုနေတယ်။ မင်းက Newell’s ပရိသတ်၊ မင်းက အာဂျင်တီးနားနိုင်ငံသား၊ ငါတို့ရဲ့ သွေးချင်း ညီအစ်ကိုပဲ။"
မက်ဆီဟာ အခုမှ အသက် ၃၃ နှစ် သာရှိသေးပြီး ၊ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်အဖြစ် ဆက်ရှိနေသေးတာကြောင့် ဥရောပထိပ်တန်းအသင်းကြီးတွေမှာ အများကြီး ဆက်ကစားနိုင်သေးတဲ့အတွက် အခုချိန်မှာတော့ အာဂျင်တီးနားနိုင်ငံကို ပြန်လာအုံးမှာ မဟုတ်သေးဘူးလို့ Rosario မြို့ခံတဦးက ပြောပါတယ်။
"သူ့အနေနဲ့ ဘာစီလိုနာအသင်းမှာလို အကောင်းဆုံးကစားနိုင်မယ့် အသင်းတွေ အများအပြားရှိပါတယ်။ ကျနော်က Newell’s ပရိသတ်မဟုတ်ပါဘူး ကျနော်က Boca Juniors ပရိသတ်ပါ။ Newell’s ပရိသတ်တွေက သူ့ကို ပြန်လာစေချင်တယ်ဆိုပေမယ့်၊ ပြန်လာအုံးမှာ မဟုတ်ပါဘူး အဲဒီအချိန်ရောက်ဖို့ လိုပါသေးတယ်။ တကယ်လို့ သူ့အနေနဲ့ မန်စီးတီကို သွားရင်လည်း အဆင်ပြေမှာပါ ဟိုမှာလည်း သူ့သူငယ်ချင်း အဂွေးရိုးရှိတယ်လေ။"
အခုလောလောဆယ်မှာတော့ မက်ဆီဟာ မန်စီးတီးရောက်ဖို့များနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပြီး၊ သူ့ရဲ့နည်းပြဟောင်းဖြစ်တဲ့ လက်ရှိ မန်စီးတီးနည်းပြ ဂွါဒီယိုလာ နဲ့လည်း စကားပြောတာတွေရှိတယ်လို့ ဆိုပါတယ်။ ဗြိတိန်အပါအဝင် တချို့ဥရောပသတင်းတွေကဆို မက်ဆီဟာ ဘာစီလိုနာကနေ ထွက်ဖို့ကိစ္စကို ဂွါဒီယိုလာကို ဖုန်းဆက်ပြောကြားခဲ့တယ်လို့ ဖော်ပြနေပါတယ်။ ဒါပေမဲ့ Newell’s ပရိသတ် Diego Monkovic ကတော့ မက်ဆီဟာ တချိန်ချိန်မှာတော့ Newell’s အသင်းကိုရောက်လာမယ်လို့ ယုံကြည်နေပါတယ်။
"ကျနော်တို့ ဂုဏ်ယူပါတယ်။ သူပြန်လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ၊ ဒါက အရေးမကြီးပါဘူး။ အဲဒါထက် ပိုပြီးအရေးကြီးတာက ကျနော်တို့ သူ့ကို ကျေးဇူးတင်တယ်၊ တချိန်ချိန်မှာတော့ သူလည်း Martino နဲ့ Marcelo Bielsa တို့လို အသင်းကို သူပြန်လာပြီး အသင်းနဲ့ သမိုင်းမှတ်တိုင်သစ်တွေ စိုက်ထူနိုင်မှာပါ။ "
အခုလောလောဆယ်အနေအထားအရ ၊ မက်ဆီ အနေနဲ့ အာဂျင်တီးနားကို ပြန်လာဦးမှာမဟုတ်ဘဲ ၊ ဥရောပက အသင်းကြီးတသင်းသင်းမှာပဲ ဆက်ရှိနေဖို့များပါတယ်။ ဒီထဲမှာ မန်စီးတီး နဲ့ PSG တို့က ထိပ်ဆုံးမှာရှိနေပြီး ၊ အင်တာမီလန်ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ သေချာတာကတော့ မက်ဆီကိုခေါ်နိုင်ဖို့အတွက်ဆိုရင် အဲဒီအသင်းအနေနဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို ပေးရမှာဖြစ်ပြီး၊ ဘယ်အသင်းကို ရောက်မယ်ဆိုတာကတော့ ကမ္ဘာ့ဘောလုံးပရိသတ်တွေ အားလုံး ရင်ခုန်စွာ နဲ့ စောင့်ကြည့်နေကြပါတယ်။