သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



ဆွစ်ဇာလန်နိုင်ငံ Nyon မြို့ရှိ ဥရောပဘောလုံးအဖွဲ့ချုပ်က ပွဲစဉ်တွေကို ဖန်သားပြင်ပေါ်မှာ ပြသထားတဲ့ မြင်ကွင်း။ (ဇူလိုင် ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]


ဆွစ်ဇာလန်နိုင်ငံ Nyon မြို့ရှိ ဥရောပဘောလုံးအဖွဲ့ချုပ်က ပွဲစဉ်တွေကို ဖန်သားပြင်ပေါ်မှာ ပြသထားတဲ့ မြင်ကွင်း။ (ဇူလိုင် ၁၀၊ ၂၀၂၀)
ဆွစ်ဇာလန်နိုင်ငံ Nyon မြို့ရှိ ဥရောပဘောလုံးအဖွဲ့ချုပ်က ပွဲစဉ်တွေကို ဖန်သားပြင်ပေါ်မှာ ပြသထားတဲ့ မြင်ကွင်း။ (ဇူလိုင် ၁၀၊ ၂၀၂၀)








[Unicode Version]

ချန်ပီယံလိဂ် ကွာတားနဲ့ ဆီမီးပွဲစဉ်တွေ ထွက်လာပြီ

ဥရောပချန်ပီယံလိဂ် ကွားတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ထွက်လာပါပြီ။ ဆွစ်ဇာလန်နိုင်ငံ Nyon မြို့က ဥရောပဘောလုံးအဖွဲ့ချုပ်မှာ ဇူလိုင် ၁၀ သောကြာနေ့က ကွာတားဖိုင်နယ် ပွဲစဉ်တွေကို မဲနှိုက်ခဲ့ကြတာမှာ အက်တလက်တီကိုမက်ဒရစ်နဲ့ Leipzig ၊ PSG နဲ့ အတ္တလန်တာတို့ တွေကြမှာဖြစ်ပြီး မန်စီးတီးနဲ့ ရီးယဲလ်မက်ဒရစ် နိုင်တဲ့သူက ဂျူဗင်တပ် နဲ့ လီယွန် နိုင်တဲ့အသင်းနဲ့ တွေ့မှာဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ နာပိုလီ နိုင်တဲ့အသင်းက ဘိုင်ယန်မြူးနစ်နဲ့ ချယ်လ်ဆီး နိုင်တဲ့အသင်းနဲ့ တွေ့မှာပါ။

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ပြီးခဲ့တဲ့ မတ်လက ဘောလုံးပွဲတွေကို ရပ်နားထားလိုက်ရတဲ့အတွက် ဒုတိယအဆင့် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်တွေထဲက ၄ ပွဲ ကစားဖို့ ကျန်နေသေးပြီး အခုလောလောဆယ်မှာ PSG ၊ အက်တလက်တီကို မက်ဒရစ် ၊ အတ္တလန်တာနဲ့ Leipzig အသင်းတွေပဲ ကွာတားဖိုင်နယ်ကို ရောက်သေးတာဖြစ်ပါတယ်။

ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်တွေထဲက လက်ကျန် လေးပွဲကို လာမယ့် သြဂုတ်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ကစားမှာဖြစ်ပါတယ်။

ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ သြဂုတ်လ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တနေ့ကို တပွဲ ကစားသွားမှာဖြစ်ပြီး ပုံမှန်ကျင်းပနေကျအတိုင်း အိမ်ကွင်း အဝေးကွင်း မကစားတော့ဘဲ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ တပွဲတည်းကစားကြမှာ jဖစ်ပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့မှာ အတ္တလန်တာနဲ့ PSG ၊ ၁၃ ရက်နေ့မှာ RB Leipzig နဲ့ အက်တလက်တီကိုတို့ ကစားကြမှာဖြစ်ပြီး ၁၄ ရက် နဲ့ ၁၅ ရက်နေ့တွေမှာ ကျန်တဲ့ပွဲစဉ် နှစ် ခုကို ကစားကြမှာပါ။

ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို သြဂုတ်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ကစားကြမှာဖြစ်ပြီး ဖိုင်နယ်ကိုတော့ သြဂုတ်လ ၂၃ ရက်နေ့ တနင်္ဂနွေနေ့မှာ ကစားကြမှာဖြစ်ပါတယ်။

အခုလောလောဆယ်မှာတော့ ဂျာမနီက ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနှစ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်တယ်လို့ ဘောလုံးဝေဖန်သူ အတော်များများက သုံးသပ်နေကြပါတယ်။

XS
SM
MD
LG