တပတ်အတွင်း အားကစား
ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းဆုတခုဖြစ်တဲ့ ရွှေဘောလုံးဆု Ballon d’Or ဆုကိုတော့ ဒီနှစ်အတွက် မပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုနှစ် လာလီဂါ ချန်ပီယံဆုဟာ သက်တမ်းတလျှောက် အခက်အခဲဆုံးဖြစ်တယ်လို့ ရီးယဲလ်မက်ရစ်ဥက္ကဋ္ဌ Florentino Perez က ပြောလိုက်ပါတယ် တိုကျိုအိုလံပစ်ပြိုင်ပွဲဟာ ကိုရိုနာဗိုင်းရပ်စ်အလွန်ကာလမှာ တကမ္ဘာလုံးကို စုစုစည်းစည်းနဲ့ ပထမဆုံး အောင်ပွဲခံတဲ့ပြိုင်ပွဲဖြစ်လာမယ်လို့ နိုင်ငံတကာအိုလံပစ်ကော်မတီက မျှော်လင့်နေပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။