သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီတလီမွာ အားကစားၿပိဳင္ပြဲေတြ ျပန္က်င္းပခြင့္ျပဳၿပီ


Atalanta နဲ႔ Juventus တို႔ရဲ႕ေဘာလံုးပြဲ

Zawgyi/Unicode

အီတလီနိုင္ငံမွာ အားကစားၿပိဳင္ပြဲေတြကို လာမယ့္ဇြန္လ ၁၂ ရက္ေန႔က စၿပီး ျပန္စေတာ့မွာျဖစ္တယ္လို႔ အီတလီ ဝန္ႀကီးခ်ဳပ္ Giuseppe Conte က ၾကာသပေတးေန႔က ေၾကညာလိုက္ပါတယ္။ ဒါေပမဲ့ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ျပန္႔ႏွံ့တာကို ထိန္းခ်ဳပ္တဲ့ အေနနဲ႔ အားကစားပြဲေတြမွာ ပရိသတ္ေတြေတာ့ လာေရာက္ၾကည့္ရႈခြင့္ျပဳမွာ မဟုတ္ပါဘူး။

အီတလီမွာ COVID-19 ကူးစက္မႈႏႈန္းက်ဆင္းလာေၾကာင္း အာဏာပိုင္ေတြက အတည္ျပဳထားၿပီး အေပ်ာ္တမ္း အားကစား ၿပိဳင္ပြဲေတြကိုေတာ့ ဇြန္လ ၂၅ ရက္ေန႔ေလာက္က စၿပီး က်င္းပခြင့္ျပဳသြားမွာျဖစ္ပါတယ္။ ေဖ်ာ္ေျဖေရးပြဲတခ်ိဳ႕ကို ျပန္ခြင့္ျပဳထား ေပမဲ့ တခ်ိဳ႕ကို ေတာ့ ဆက္ၿပီး ပိတ္ထားပါတယ္။

ဂီတပြဲေတြနဲ႔ ႐ုပ္ရွင္႐ုံေတြကို ျပန္ဖြင့္ေပးမွာ ျဖစ္သလို တျခား အျပင္မွာ လုပ္တဲ့ အခမ္းအနားေတြကိုလည္း သတ္မွတ္ခ်က္ေတြနဲ႔ ခြင့္ျပဳမွာ ျဖစ္ေၾကာင္း၊ ဒါေပမဲ့ ကပြဲခန္းမေတြ၊ ဒစၥကိုနဲ႔ ကလပ္ေတြကိုေတာ့ အထဲပဲျဖစ္ျဖစ္၊ အျပင္ပဲ ျဖစ္ျဖစ္ ဆက္ၿပီး ပိတ္ထားမွာ ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ Conte ကေျပာပါတယ္။

အီတလီကာ ဥေရာပနိုင္ငံ အမ်ားစုက လာေရာက္တဲ့ ခရီးသြားေတြကို ကန္႔သတ္ထားေပမဲ့ အာရွ၊ ေတာင္ အေမရိကနဲ႔ ေျမာက္အေမရိကတို႔က အလုပ္ကိစၥလာေရာက္သူေတြနဲ႔ မလာမျဖစ္ အေရးႀကီးကိစၥနဲ႔ အခ်ိန္တိုလာေရာက္သူ ေတြကို ခြင့္ျပဳထားပါတယ္။

ဒါ့အျပင္ ဝန္ႀကီးခ်ဳပ္ Conte က ေနာက္သီတင္းပတ္က စၿပီး တနိုင္ငံလုံးမွာ ပထမဆုံး အႀကိမ္ အသုံးျပဳမယ့္ ေရာဂါကူးစက္မႈ ေျခရာခံေပးတဲ့ Immuni app ကို ဖုန္းေတြမွာ ထည့္သြင္း ထားၾကဖို႔လည္း ျပည္သူေတြကို တိုက္တြန္းခဲ့ပါတယ္။ ဒီ Immuni app က Bluetoothနည္းပညာကို အသုံးျပဳထားၿပီး COVID-19 ကူးစက္ထားသူနဲ႔ ၾကာရွည္ထိေတြ႕မႈရွိတဲ့ သူေတြ အနားကို ေရာက္လာရင္ သတိေပးမွာျဖစ္ပါတယ္။ အခုထိ လူ ၂သန္းေလာက္ Immuni app ကို ဖုန္းေတြထဲထည့္သြင္းထားၾကၿပီလို႔ ဒီဂ်စ္တယ္ နည္းပညာေျပာင္းလဲေရးဆိုင္ရာ ဝန္ႀကီး Paola Pisano က ၾကာသပေတးေန႔ ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode]

အီတလီနိုင်ငံမှာ အားကစားပြိုင်ပွဲတွေကို လာမယ့်ဇွန်လ ၁၂ ရက်နေ့က စပြီး ပြန်စတော့မှာဖြစ်တယ်လို့ အီတလီ ဝန်ကြီးချုပ် Giuseppe Conte က ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့တာကို ထိန်းချုပ်တဲ့ အနေနဲ့ အားကစားပွဲတွေမှာ ပရိသတ်တွေတော့ လာရောက်ကြည့်ရှုခွင့်ပြုမှာ မဟုတ်ပါဘူး။

အီတလီမှာ COVID-19 ကူးစက်မှုနှုန်းကျဆင်းလာကြောင်း အာဏာပိုင်တွေက အတည်ပြုထားပြီး အပျော်တမ်း အားကစား ပြိုင်ပွဲတွေကိုတော့ ဇွန်လ ၂၅ ရက်နေ့လောက်က စပြီး ကျင်းပခွင့်ပြုသွားမှာဖြစ်ပါတယ်။ ဖျော်ဖြေရေးပွဲတချို့ကို ပြန်ခွင့်ပြုထား ပေမဲ့ တချို့ကို တော့ ဆက်ပြီး ပိတ်ထားပါတယ်။

ဂီတပွဲတွေနဲ့ ရုပ်ရှင်ရုံတွေကို ပြန်ဖွင့်ပေးမှာ ဖြစ်သလို တခြား အပြင်မှာ လုပ်တဲ့ အခမ်းအနားတွေကိုလည်း သတ်မှတ်ချက်တွေနဲ့ ခွင့်ပြုမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ကပွဲခန်းမတွေ၊ ဒစ္စကိုနဲ့ ကလပ်တွေကိုတော့ အထဲပဲဖြစ်ဖြစ်၊ အပြင်ပဲ ဖြစ်ဖြစ် ဆက်ပြီး ပိတ်ထားမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် Conte ကပြောပါတယ်။

အီတလီကာ ဥရောပနိုင်ငံ အများစုက လာရောက်တဲ့ ခရီးသွားတွေကို ကန့်သတ်ထားပေမဲ့ အာရှ၊ တောင် အမေရိကနဲ့ မြောက်အမေရိကတို့က အလုပ်ကိစ္စလာရောက်သူတွေနဲ့ မလာမဖြစ် အရေးကြီးကိစ္စနဲ့ အချိန်တိုလာရောက်သူ တွေကို ခွင့်ပြုထားပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ် Conte က နောက်သီတင်းပတ်က စပြီး တနိုင်ငံလုံးမှာ ပထမဆုံး အကြိမ် အသုံးပြုမယ့် ရောဂါကူးစက်မှု ခြေရာခံပေးတဲ့ Immuni app ကို ဖုန်းတွေမှာ ထည့်သွင်း ထားကြဖို့လည်း ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။ ဒီ Immuni app က Bluetoothနည်းပညာကို အသုံးပြုထားပြီး COVID-19 ကူးစက်ထားသူနဲ့ ကြာရှည်ထိတွေ့မှုရှိတဲ့ သူတွေ အနားကို ရောက်လာရင် သတိပေးမှာဖြစ်ပါတယ်။ အခုထိ လူ ၂သန်းလောက် Immuni app ကို ဖုန်းတွေထဲထည့်သွင်းထားကြပြီလို့ ဒီဂျစ်တယ် နည်းပညာပြောင်းလဲရေးဆိုင်ရာ ဝန်ကြီး Paola Pisano က ကြာသပတေးနေ့ ကပြောပါတယ်။

XS
SM
MD
LG