သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်န္ပီယံလိဂ္ပြဲေတြ ၾသဂုတ္ ၂၉ ကစားႏိုင္ဖို႔ စီစဥ္ေန


ဂ်ာမနီႏိုင္ငံ Frankfurt ၿမိဳ႕က ေဘာလံုးကစားကြင္း တခု (မတ္ ၁၂၊ ၂၀၂၀)

(Zawgyi/Unicode)

ဥေရာပခ်န္ပီယံလိဂ္ဖုိင္နယ္ကို ၾသဂုတ္္လ ၂၉ ရက္ေန႔မွာ ကစားႏုိင္ဖို႔အတြက္ စီစဥ္္ေနတယ္လို႔ ဥေရာပေဘာလုံးအဖဲြ႔ခ်ဳပ္ (UEFA) က ေျပာလိုက္ပါတယ္။

ကမာၻတ၀ွမ္း ကိုရိုနာဗုိင္းရပ္စ္ကူးစက္မႈေတြေၾကာင့္ ခ်န္ပီယံလိဂ္ေဘာလုံးပဲြေတြ အပါအ၀င္ ဥေရာပက ေဘာလံုးပဲြေတြကို အာဏာပိုင္ေတြ ရပ္ဆုိင္းထားတာပါ။ ဒါေပမဲ့ ၂၀၁၉-၂၀ ေဘာလုံးရာသီကို ဘယ္လို အဆုံးသတ္ႏုိင္မလဲဆုိတာ ဥေရာပေဘာလုံးအဖဲြ႔ခ်ဳပ္က စဥ္းစားေနၾကတာျဖစ္ၿပီး လာမယ့္ ဧၿပီလ ၂၃ ရက္ေန႔မွာ ထပ္ၿပီးေဆြးေႏြးသြားမွာျဖစ္တယ္လို႔ဆုိပါတယ္။

ဒီႏွစ္ေဘာလုံးရာသီကို အဆုံးသတ္ဖို႔အတြက္ UEFA က စဥ္းစားေနတာမွာ တနည္းကေတာ့ ခ်န္ပီယံလိဂ္ ကြားတာဖုိင္နယ္ နဲ႔ ဆီမီးဖုိင္နယ္ပဲြစဥ္ေတြကို ဇူလိုင္နဲ႔ၾသဂုတ္လထဲေတြမွာ ပုံမွန္အတုိင္း အိမ္ကြင္း အေ၀းကြင္း ၂ ေက်ာ့ကစားဖို႔ျဖစ္ၿပီး ေနာက္တခုကေတာ့ အမွတ္ေပးပဲြေတြအၿပီးက်မွ ႏွစ္ေက်ာ့မကစားဘဲ တပဲြပဲ ကစားသြားဖို႔ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ဖိုင္နယ္ကို ၾသဂုတ္ ၂၉ ရက္ေန႔မွာ ကစားၿပီး ယူရိုပါလိဂ္ဖလားဖိုင္နယ္ကို ၾသဂုတ္္ ၂၆ ရက္ေန႔မွာ ကစားဖို႔ ဥေရာပေဘာလုံးအဖဲြ႔ခ်ဳပ္က ရည္မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ချန်ပီယံလိဂ်ပွဲတွေ သြဂုတ် ၂၉ ကစားနိုင်ဖို့ စီစဉ်နေ

ဥရောပချန်ပီယံလိဂ်ဖိုင်နယ်ကို သြဂုတ်လ ၂၉ ရက်နေ့မှာ ကစားနိုင်ဖို့အတွက် စီစဉ်နေတယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ပြောလိုက်ပါတယ်။

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ချန်ပီယံလိဂ်ဘောလုံးပွဲတွေ အပါအဝင် ဥရောပက ဘောလုံးပွဲတွေကို အာဏာပိုင်တွေ ရပ်ဆိုင်းထားတာပါ။ ဒါပေမဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီကို ဘယ်လို အဆုံးသတ်နိုင်မလဲဆိုတာ ဥရောပဘောလုံးအဖွဲ့ချုပ်က စဉ်းစားနေကြတာဖြစ်ပြီး လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ထပ်ပြီးဆွေးနွေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

ဒီနှစ်ဘောလုံးရာသီကို အဆုံးသတ်ဖို့အတွက် UEFA က စဉ်းစားနေတာမှာ တနည်းကတော့ ချန်ပီယံလိဂ် ကွားတာဖိုင်နယ် နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဇူလိုင်နဲ့သြဂုတ်လထဲတွေမှာ ပုံမှန်အတိုင်း အိမ်ကွင်း အဝေးကွင်း ၂ ကျော့ကစားဖို့ဖြစ်ပြီး နောက်တခုကတော့ အမှတ်ပေးပွဲတွေအပြီးကျမှ နှစ်ကျော့မကစားဘဲ တပွဲပဲ ကစားသွားဖို့ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖိုင်နယ်ကို သြဂုတ် ၂၉ ရက်နေ့မှာ ကစားပြီး ယူရိုပါလိဂ်ဖလားဖိုင်နယ်ကို သြဂုတ် ၂၆ ရက်နေ့မှာ ကစားဖို့ ဥရောပဘောလုံးအဖွဲ့ချုပ်က ရည်မှန်းထားပါတယ်။

XS
SM
MD
LG