သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက်ဆီ အမေရိကန် အင်တာမိုင်ယာမီအသင်းမှာ ပြောင်းကစားတော့မည် 


Paris St Germain နဲ့ OGC Nice အသင်းတို့ ကစားခဲ့ကြတဲ့ပွဲစဉ်အတွင်း ဂိုးသွင်းယူအပြီးအောင်ပွဲခံနေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယိုနယ်မက်ဆီ (ဧပြီ ၈၊ ၂၀၂၃)
Paris St Germain နဲ့ OGC Nice အသင်းတို့ ကစားခဲ့ကြတဲ့ပွဲစဉ်အတွင်း ဂိုးသွင်းယူအပြီးအောင်ပွဲခံနေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယိုနယ်မက်ဆီ (ဧပြီ ၈၊ ၂၀၂၃)

အာဂျင်တီးနားက ကမ္ဘာကျော်ဘောလုံးသမား လီယိုနယ်မက်ဆီ (Lionel Messi) က ဘာစီလိုနာမဟုတ်တဲ့ တခြားဥရောပအသင်းမှာ ထပ်မကစားချင် တာကြောင့် အမေရိကန် မေဂျာလိဂ်က အင်တာမိုင်ယာမီ (Inter Miami) အသင်းကို ပြောင်းဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ မက်ဆီဟာ PSG အသင်းနဲ့ စာချုပ်သက်တမ်းကုန်ပြီးတဲ့နောက် အမေရိကန် မေဂျာလိဂ်က ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီအသင်းမှာ ကစားဖို့ မနေ့က ဆုံးဖြတ်လိုက်တာပါ။

“တကယ်လို့ ဘာစီလိုနာကို ပြောင်းဖို့ အဆင်မပြေရင်၊ အားလုံးရဲ့ အာရုံစိုက်စောင့်ကြည့်မှုတွေမခံရဘဲ၊ မိသားစုအတွက် ပိုပြီးအချိန်ပေး စဉ်းစားနိုင်အောင် ဥရောပမြေကနေ ထွက်ချင်တာဖြစ်တယ်"လို့ အမေရိကန်ကို ပြောင်းလာတာနဲ့ ပတ်သက်ပြီး မက်ဆီက သတင်းမီဒီယာတွေကို ပြောပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ ပိုက်ဆံကြောင့် မေဂျာလိဂ်ကို ပြောင်းခဲ့တာမဟုတ်ဘဲ ၊ ဘောလုံးကို နောက်ပုံစံတခုနဲ့ အေးအေးဆေးဆေး ကစားချင်တာကြောင့် ပြောင်းခဲ့တာဖြစ်ကြောင်း၊ ပိုက်ဆံကြောင့်ဆိုရင် သူ့အနေနဲ့ ဆော်ဒီကို ပြောင်းခဲ့မှာဖြစ်တယ်လို့ ပြောပါတယ်။ မက်ဆီကို ဆော်ဒီအာရေဗျနိုင်ငံ Al-Hilal အသင်းက တနှစ်ကို ဒေါ်လာ သန်း ၄၀၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် မက်ဆီက ဒါကို ငြင်းပယ်ပြီး မေဂျာလိဂ်ကို ပြောင်းခဲ့တာဖြစ်ပါတယ်။

မက်ဆီ အခုလို မေဂျာလိဂ်ကို ပြောင်းလိုက်တဲ့အတွက် ဒါက အမေရိကန်ဘောလုံးလောကအတွက်သာမက၊ မေဂျာလိဂ်ဘောလုံးပွဲတွေကို ထုတ်လွှင့်ပေးနေတဲ့ Apple TV အတွက်လည်း ကြီးမားတဲ့အကျိုးအမြတ်တွေ ရရှိစေမှာဖြစ်ပါတယ်။ တချို့သတင်းတွေမှာတော့ မက်ဆီအခုလို အင်တာမိုင်ယာမီအသင်းကို ပြောင်းလိုက်တဲ့အတွက် သူအနေနဲ့ အသင်းရဲ့ ပိုင်ဆိုင်မှုအစုရှယ်ယာအချို့ကို နောက်ပိုင်းမှာ ဖြည်းဖြည်းချင်းရရှိလာမှာဖြစ်တယ်လို့ ဖော်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG