သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားလေယာဉ် ပစ်ချမှု ရုရှားစစ်ဗိုလ်ချုပ် ပတ်သက်ခဲ့ဖွယ်ရှိ


ဇူလိုင် ၂၀၁၄ နှစ်က ပစ်ချခံရတဲ့ MH17 လေယာဉ်
ဇူလိုင် ၂၀၁၄ နှစ်က ပစ်ချခံရတဲ့ MH17 လေယာဉ်

၂၀၁၄ ခုနှစ်တုန်းက ယူကရိန်း အရှေ့ပိုင်း ဝေဟင်မှာ အရပ်ဖက်လေယာဉ်တစင်း ပစ်အချခံရမှုအတွက် သံသယရှိသူဟာ ရုရှား အကြီးတန်းဗိုလ်ချုပ်ကြီး တဦးဖြစ်တာကို တွေ့ရကြောင်း အများလေးစားတဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့ကြီးဖြစ်တဲ့ The Bellingcat စုံစမ်းရေး အဖွဲ့က ပြောကြား လိုက်ပါတယ်။

သူတို့အဖွဲ့က အဆင့်မြင့် ဒစ်ဂျစ်တယ် နည်းပညာတွေ သုံးပြီး ရရှိတဲ့အသံနဲ့ မြင်ကွင်းဆိုင်ရာ အချက်အလက်တွေကို ဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့က ဒီဇင်ဘာလ ၈ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး ကြားဖြတ်ဖမ်းယူ ရရှိတဲ့ ဆက်သွယ်ချက်တွေထဲမှာ "Delfin" ဆိုတဲ့ သူဟာ အငြိမ်းစား ရုရှား ဗိုလ်ချုပ်ကြီး Nikolai Tkachyov ကာရှော့ ဖြစ်ပြီး သူဟာ လက်ရှိမှာ ရုရှား အလယ်ပိုင်း စစ်ဒေသ စစ်ဆေးရေးမှုးချုပ် အဖြစ် တာဝန်ထမ်းဖြစ်ကြောင်း တွေ့ရှိရတယ်လို့ ဖေါ်ပြထားပါတယ်။

နယ်သာလန်နိုင်ငံ ဦးဆောင်တဲ့ JIT ပူးတွဲစုံစမ်းရေးအဖွဲ့က ယူကရန်းအရှေ့ပိုင်းမှာ ဖြတ်ကျော်ပျံသန်းစဉ် ပစ်အချခံခဲ့ရတဲ့ မလေးရှား လေကြောင်းလိုင်းရဲ့ MH17 လေယာဉ်ပျက်ကျမှုကို စုံစမ်း စစ်ဆေး ခဲ့တာဖြစ်ပြီး ၂၀၁၆ စက်တင်ဘာတုန်းက သူတို့ရဲ့ တွေ့ရှိချက်ကို ထုတ်ပြန်ခဲ့ရာမှာ Delfin နဲ့ Orion ဆိုတဲ့ နာမည်ဝှက်နဲ့ လူ ၂ ဦးရဲ့ ဆက်သွယ် ပြောကြားမှု အသံဖိုင် ၅ ခုကိုပါ ထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။

JIT က ဒီလူ ၂ ဦးနဲ့ ပတ်သက်တဲ့ အချက်လက်တွေကို လိုက်လံရှာဖွေခဲ့ပေမယ့် လေယာဉ်ပစ်ချမှုမှာ သူတို့ ဘယ်အခန်းကဏ္ဍကနေ ပါဝင် တယ် ဆိုတာကို ခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီဇင်ဘာ ၈ ရက်မှာတော့ JIT က ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပြီး Bellingcat အဖွဲ့ရဲ့ အစီရင်ခံစာကို သူတို့ မှတ်တမ်းအဖြစ်ယူ ထားကြောင်း ပြောခဲ့ပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

MH17 လေယာဉ်ဟာ ၂၀၁၄ ဇူလိုင်လ ၁၇ ရက်နေ့မှာ ယူကရိန်းရဲ့ တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ Donetsk ဒေသပေါ် ဖြတ်ပြီး ပျံသန်းစဉ်မှာ အပစ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG