သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းအရေး တကမ္ဘာလုံးအတွက် အန္တရာယ် (လူ့အခွင့်အရေးမဟာမင်းကြီး)


ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk
ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk

အရှေ့အလယ်ပိုင်းဒေသအရေးဟာ တကမ္ဘာလုံးအတွက် သိပ်အန္တရာယ်ကြီးတဲ့ အနေအထားကို မကြာခင် ရောက်လာနိုင်တာကြောင့် ဒီပြဿနာ ပိုကျယ်ပြန့်မလာအောင် ကာကွယ်တားဆီးဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ကုလလုံခြုံရေးကောင်စီကို အောက်တိုဘာ ၂ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

လက်ဘနွန်က အီရန်ရဲ့ မဟာမိတ် ဟက်ဇ်ဘိုလာတွေကို အစ္စရေးကတိုက်ခိုက်နေတာအတွက် လက်စားချေတဲ့အနေနဲ့ အီရန်ကအစ္စရေးကို ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံးတွေနဲ့ အောက်တိုဘာ ၁ ရက်နေ့က ပစ်ခတ်ခဲ့တဲ့နောက် အစ္စရေးဘက်ကလည်း ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ လက်ဘနွန်နယ်စပ်က Maroun el-Ras မြို့ကလေးမှာ အစ္စရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွါးခဲ့သလို တခြားနယ်စပ်မြို့ကလေးတွေ အနားရောက်လာတဲ့ အစ္စရေးတပ်တွေကို ပြန်မောင်းထုတ်ခဲ့တယ်လို့ ဟက်ဇ်ဘိုလာတွေက ပြောပါတယ်။ ဒါ့အပြင် အစ္စရေးပိုင်နက်ထဲက စစ်တပ်စခန်းတွေကိုလည်း ရော့ကက် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီအခြေအေနေမှာ ကုလလူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးက လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးအနေနဲ့ အရှေအလယ်ပိုင်းပြဿနာ ပိုကျယ်ပြန့်မလာအောင် ကာကွယ်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ နှစ်ဘက်အပစ်ရပ်ဖို့ ကမ္ဘာတဝန်း တောင်းဆိုနေတဲ့ ကြားကပဲ အစ္စရေးနဲ့လက်ဘနွန်အခြေစိုက် ဟက်ဇ်ဘိုလာအဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွါးနေတာပါ။ ဗုဒ္ဒဟူးနေ့အစောပိုင်းမှာပဲ ဟက်ဇ်ဘိုလာတွေ ခြေကုပ်ယူထားတဲ့ ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးဒေသတဝိုက်ကို အစ္စရေးက လေကြောင်းကနေ ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG