သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဒုသမ္မတ တောင်ကိုရီးယားသွားရောက်


အမေရိကန် ဒုသမ္မတ Mike Pence

ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာပဲ အမေရိကန် ဒုသမ္မတ Mike Pence ဟာ တောင်ကိုရီးယားနိုင်ငံကို တနင်္ဂနွေနေ့မှာ သွားရောက်တာ အပါအဝင် အာရှ-ပစိဖိတ်ဒေသကို ခရီးထွက်ခွာသွားပြီ ဖြစ်ပါတယ်။

အာရှ-ပစိဖိတ်ဒေသအတွင်းက တောင်ကိုရီးယား၊ ဂျပန်၊ အင်ဒိုနီးရှားနဲ့Australia တို့အပြင် Hawaii ကျွန်းကိုပါ သွားရောက်မယ့် ၁၀ ရက်ကြာ ခရီးစဉ်အတွက် ဒုသမ္မတ Pence ဟာ ဝါရှင်တန် ဒီစီမြို့ကနေ စနေနေ့မှာ စတင်ထွက်ခွာသွားတာ ဖြစ်ပါတယ်။

ဒုသမ္မတ တဦးအနေနဲ့ ပထမဆုံးအကြိမ် အာရှ-ပစိဖိတ်ဒေသကို တရားဝင် သွားရောက်တဲ့ ဒီခရီးစဉ်အတွင်း မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့ စစ်ရေးလုပ်ဆောင်မှုတွေ အပါအဝင်၊ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ခေါင်းဆောင် အသီးသီးနဲ့ တွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒုသမ္မတ Pence ဟာ အမေရိကန်အစိုးရ အနေနဲ့ အာရှ-ပစိဖိတ်ဒေသအတွင်းက မဟာမိတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက် နိုင်ငံတွေအပေါ် အထူး တန်ဖိုးထားပြီး ချဉ်းကပ် လုပ်ဆောင်သွားမယ်ဆိုတာကို ထပ်လောင်း ပြောကြားသွားမှာ ဖြစ်ကြောင်း ဒုသမ္မတရဲ့ ပြောခွင့်ရ Marc Lotter က ဗွီအိုအေကို ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ စနေနေ့မှာ အများက မျှော်လင့်ထားတဲ့အတိုင်း နျူကလီးယား စမ်းသပ် ဖောက်ခွဲမှု မပြုလုပ်ခဲ့ပေမယ့်လည်း ဧပြီလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ မြောက်ကိုရီးယားနိုင်ငံကို စတင်တည်ထောင်သူလည်းဖြစ်၊ လက်ရှိခေါင်းဆောင် Kim Jong Un ရဲ့ အဖိုးဖြစ်သူ Kim Il Sung ရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ စစ်ရေးပြ အခမ်းအနားကို Kim Jong Un ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

အမေရိကန် ဒုသမ္မတ တောင်ကိုရီးယားသွားရောက်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG