သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဝန်ကြီး Mike Pompeo နဲ့ မြန်မာဝန်ကြီး ဦးကျော်တင့်ဆွေ တွေ့ဆုံ


 ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တို့ တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တို့ တွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တို့ စက်တင်ဘာလ ၂၇ ရက်၊ ကြာသပတေးနေ့က နယူးယောက်မှာ တွေ့ဆုံ ဆွေးနွေးကြတယ်လို့ အမေရိကန်နိုင်ငံခြား ရေးဌာနက ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။ ဒါပေမဲ့ တွေ့ဆုံပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်တွေကိုတော့ ဖော်ပြမထားပါဘူး။

ဝန်ကြီး ဦးကျော်တင့်ဆွေဟာ စက်တင်ဘာလ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့ုတုန်းကတော့ ဝါရှင်တန် ဒီစီမြို့တော်၊ ကွန်ဂရက်လွှတ်တော်မှာ အထက်လွှတ်တော် လူများစုခေါင်းဆောင်၊ ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ် Mitch McConnell နဲ့ တွေ့ဆုံ ဆွေးနွေး တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီတွေ့ဆုံပွဲမှာတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ၊ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ပတ်သက်လို့ နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေးနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်း ဆောင်ရွက်မှု စတာတွေကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကန်ဝန်ကြီး Mike Pompeo နဲ့ မြန်မာဝန်ကြီး ဦးကျော်တင့်ဆွေ တွေ့ဆုံ
please wait

No media source currently available

0:00 0:02:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG