ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲက ကုန်းလောရွာအပေါ် စစ်တပ်က နိုဝင်ဘာ ၁၅ ရက်၊ သောကြာနေ့တုန်းက လေကြောင်းကနေ ဗုံးကြဲခဲ့မှုအတွင်း သေဆုံးခဲ့သူတွေရဲ့ အသုဘအခမ်းအနားကို ဒီနေ့ နိုဝင်ဘာ ၁၆ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ KBC နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းပေါ် စစ်တပ်ရဲ့ ဗုံးကြဲမှုအတွင်း မောင်လဇွမ် ဆန်ဇောင်လီ ၄ နှစ်။ မောင်ဂေါ်လူ ဂွမ်ဆိုင်းမော် ၄ နှစ်။ မလဇွမ် မေဆိုင်းပန် ၇ နှစ်။ မလရှီး စောမ်ဆန် ၁၀ နှစ်။ မလဇွမ် ဆာရာဆိုင်း ၁၁နှစ်။ မောင်ဆွမ်လွတ် မုန်ထွယ်အောင် ၁၁ နှစ်။ မောင်လဇွမ် မျိုးဂျတ်အောင် ၁၃ နှစ်။ ဆရာမ ဂျာမွန်းမိုင် ၃၆ နှစ်နဲ့ ဦးလဇွမ်လွမ်းဝါ ၃၆ နှစ် တို့ သေဆုံးခဲ့ကြပါတယ်။ ဗုံးကြဲမှုအတွင်း ၁၁ ဦးလည်း ဒဏ်ရာတွေရခဲ့ပါတယ်။