သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈေၾကာင့္ ျမန္မာ့လယ္ယာစိုက္ပ်ဳိးေရးအေပၚ ႐ိုက္ခတ္မႈ 


ျမန္မာႏိုင္ငံက စပါးစိုက္ခင္းမ်ား

စစ္အာဏာသိမ္းမႈေၾကာင့္ ျမန္မာ့လယ္ယာစိုက္ပ်ဳိးေရးအေပၚ ႐ိုက္ခတ္မႈ

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီး တႏွစ္အၾကာမွာ အဓိက လယ္ယာေျမအပါအဝင္ စုိက္ပ်ဳိးေရးလုပ္ငန္းေတြရဲ႕ အေျခအေနဟာ က်ဆင္းေနတယ္လို႔သိရပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး စစ္အာဏာသိမ္းတာ ႏွစ္ပတ္လည္ကာလအတြင္း စုိက္ပ်ိဳးေရးနဲ႔ ပတ္သက္တဲ့သုံးသပ္ခ်က္အေနနဲ႔ျမန္မာႏုိင္ငံဆန္စပါး လုပ္ငန္းရွင္မ်ားအသင္း ဒုဥကၠဌ ေဒါက္တာ စုိးထြန္း၊ စစ္ကိုင္းတိုင္း ကနီၿမိဳ႕နယ္ တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းထြန္းဝင္ နဲ႔ မေကြးတိုင္းက လယ္သမားအေရးေဆာင္ရြက္ေနသူ ဦးေအာင္ေက်ာ္ေက်ာ္ တို႔ကို ေမးျမန္းၿပီး ကိုခင္ေမာင္စုိးမင္း က တင္ဆက္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ လယ္ယာလုပ္ငန္းအပါအဝင္ စိုက္ပ်ဳိးေရးဟာ အဓိကအသက္ေမြးလုပ္ငန္းျဖစ္ၾကတဲ့အတြက္ ဟုိးတခ်ိန္ ကိုလိုနီေခတ္၊ ပါလီမန္ဒီမိုကေခတ္ေတြမွာ ဆိုရင္ ျပည္တြင္းစားသုံးမႈဖူလုံရုံသာမက ျပည္ပကို အမ်ားဆုံး စံခ်ိန္တင္ တင္ပို႔ႏိုင္ခဲ့ၾကပါတယ္။

၁၉၆၂ ခုႏွစ္ မတ္လ ၂ ရက္ေန႔ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း စစ္အာဏာသိမ္းခဲ့စဥ္ကလည္း အဲဒီေန႔ကို ေတာင္သူလယ္သမားေန႔အျဖစ္ေတာင္မွ သတ္မွတ္ခဲ့ၿပီး ေတာ္လွန္ေရးေကာင္စီအဖြဲ႔ဝင္ေတြကိုယ္တိုင္ပါဝင္ကာေတာင္သူလယ္သမားႏွီးေႏွာ္ဖလွယ္ပြဲေတြ ခမ္းခမ္းနားနားက်င္းပခဲ့ၾကပါတယ္။

ဒါေပမယ္လည္း မူလစိုက္ပ်ဳိးေျမနဲ႔ မကိုက္ညီတဲ့ စီမံကိန္းသီးႏွံသတ္မွတ္ စုိက္ခိုင္းတာေတြ၊ တာဝန္ေၾကသီးႏွံဆိုၿပီး အတင္းအဓမၼ ေစ်းႏွိမ္ဝယ္ယူတာေတြ ၊ ေျမခြန္ယာခြန္ေတြ ႀကီးေလးတာေတြေၾကာင့္ ၁၉၆၇ ခုႏွစ္မွာဆိုရင္ ျမန္မာႏိုင္ငံမွာ ဆန္ရွားပါးမႈနဲ႔ ႀကဳံေတြခဲ့ရၿပီး ရခိုင္ေဒသမွာဆိုရင္ ပစ္ခတ္ႏိုမ္နင္းခဲ့လို႔ လူေသဆုံးမႈေတြပင္ရွိခဲ့ပါတယ္။

အဲဒီကစၿပီး မဆလ ျမန္မာဆိုရွယ္လစ္လမ္းစဥ္တပါတီေခတ္မွာလည္း ေတာင္သူလယ္သမားေတြဟာ အလားတူအေျခအေနေတြနဲ႔ ႀကဳံေတြ႔ခဲ့ရၿပီး ဆင္းရဲႏြမ္းပါးခဲ့ၾကရပါတယ္။ ဒီလိုနဲ႔ ၁၉၈၈လူထု႔အုံၾကြမႈျဖစ္ေပၚလာခဲ့ၿပီး စစ္တပ္ကအာဏာသိမ္း နဝတ ၊ နအဖ အမည္အမ်ဳိးေျပာင္းလည္းအုပ္ခ်ဳပ္ခဲ့တဲ့အခါမွာလည္း ေတာင္သူလယ္သမားေတြဟာ ေစ်းကြက္လည္းမရွိ၊ လုပ္သားရွားပါးမႈေတြကလည္း ႀကဳံၾကရတဲ့အတြက္ စုိက္ပ်ဳိးတဲ့ အရင္းေတာင္မွမရတဲ့ႏွစ္ေတြ မၾကာခဏႀကဳံခဲ့ၾကရပါတယ္။

အဆိုးဆုံးကေတာ့ ၿမိဳ႕ျပနဲ႔နီးတဲ့ ေဒသေတြမွာ ေတာင္သူလယ္သမားေတြပိုင္တဲ့ စိုက္ပ်ဳိးေျမေတြကို ခရုိနီကုမၸဏီေတြက စက္မႈေျမလိုအပ္ခ်က္အေၾကာင္းျပ ေဒသအာဏာပိုင္ေတြနဲ႔ ေပါင္းၿပီး အဓမၼသိမ္းယူကာ ၿမိဳ႕တိုးခ်ဲ႕ အိမ္ဝုိင္းကြက္ေတြအေနနဲ႔ ေစ်းေကာင္းယူ ျပန္ေရာင္းခ်ၾကတာ ခံရတာပါပဲ။ ဒါအျပင္ စစ္တပ္ေတြကလည္း တပ္ပိုင္ဆိုၿပီး အဓမၼသိမ္းယူခဲ့တဲ့အတြက္ေၾကာင့္လည္း ေတာင္သူေတြ ေျမမဲ့ယာမဲ့ျဖစ္ကုန္ၾကရပါတယ္။

အဲဒီလိုနဲ႔ NLD အမ်ဳိးသားဒီမုိကေရစီအစိုးရလက္ထက္မွာေတာ့ ေက်းလက္ဖြံၿဖိဳးေရးအတြက္ဆိုၿပီး လွ်ပ္စစ္မီးရရွိေရး ၊ ေက်းရြာခ်င္းဆက္ ကြန္ကရက္လမ္းေတြခင္းေပးတာေတြ ၊ စိုက္ပ်ဳိးေရးလုပ္ငန္း ႏွီးေႏွာ္ဖလွယ္ပြဲေတြ ျပဳလုပ္ေပးခဲ့တာ ရွိခဲ့ေပမယ့္ ခိုင္မာတဲ့ မူဝါဒေတြ လုပ္ငန္းစဥ္ေတြ တိတိက်က်ခ်မွတ္ႏိုင္ခဲ့ျခင္းမရွိတဲ့အတြက္ အရင္ကနဲ႔စာရင္ တိုးတက္မႈအနည္းငယ္ပဲ ရွိခဲ့တယ္လို႔ဆိုၾကပါတယ္။

ဒီလိုနဲ႔၂ဝ၂၁ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္က အာဏာသိမ္းခဲ့တဲ့အခါမွာေတာ့ ျမန္မာႏိုင္ငံရဲ႕ စုိက္ပ်ဳိးေရး အေျခအေနေတြဘယ္လိုရွိလာပါသလဲ။ အခုဆိုရင္ တႏွစ္ျပည့္ၿပီျဖစ္လို႔ အဓိက ဆန္စပါးအေျခအေနနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံ ဆန္စပါးလုပ္ငန္းရွင္မ်ားအသင္းရဲ႕ဒုဥကၠဌ ေဒါက္တာ စိုးထြန္း ကို ေမးျမန္းၾကည့့္ရာမွာေတာ့ အဆိုးဆုံးအေျခအေနကို ႀကဳံေတြ႔ရတယ္လို႔ သူကေျပာပါတယ္။

" ၿပီးခဲ့တဲ့ တႏွစ္တာကာလျပန္သုံးသပ္ရမယ္ဆိုရင္ အဆိုးဆုံးအေျခအေနေပါ့။ ကိုဗစ္ကလည္း အဆိုးဆုံးအေျခအေန၊ ႏိုင္ငံေရးကလည္း အျပင္းထန္ဆုံးအေျခအေန ၊ ေငြေၾကးနဲ႔ပတ္သက္လို႔လည္း ဘဏ္ေတြပိတ္သြားရတဲ့အေနအထား ဆန္စပါး စိုက္ပ်ဳိးထုတ္လုပ္မႈအေျခအေနက က်သြားတာေပါ့။အရင္တုံးက လယ္သမားေတြက ပိုးသတ္ေဆး၊ ယူရီးယားဓါတ္ေျမၾသဇာဝယ္ရင္ အေၾကြးနဲ႔ဝယ္လို႔ရတယ္။ အခုဟာကေတာ့ ေဒၚလာေစ်းတက္ၿပီးေနာက္ပိုင္း လက္ငင္းေပးေခ်တဲ့ စနစ္ေျပာင္းလည္းလိုက္တဲ့အတြက္ေၾကာင့္သူတို႔အတြက္က ဝန္ထုပ္ဝန္ပိုး ပိုျဖစ္ေစတယ္လို႔ က်ေနာ္ျမင္ပါတယ္ ။ အထြက္ႏႈန္းကေတာ့ က်သြားပါတယ္။ ျပည္ပ Export ကလည္းက်သြားပါတယ္။ ဒီႏွစ္ကေတာ့ က်ေနာ္တို႔က ဆန္တန္ခ်ိန္ ၁ ဒသမ ၈ သန္းေလာက္ပဲ ျပည္ပကိုတင္ပို႔ႏုိင္ခဲ့တယ္။ အရင္တုံးက တႏွစ္ကို တန္ခ်ိန္ ၂ သန္းခြဲေလာက္ တင္ပို႔ႏိုင္တာေပါ့။ အထြက္ႏႈန္းက်ၿပီးေတာ့ တင္ပို႔မႈကလည္း ၇သိန္းေလာက္ေလ်ာ့က်သြားတယ္။ ဆန္နဲ႔စာရင္ ဆန္ကြဲတင္ပို႔မႈကပိုလာတယ္။ တိရစၦာန္အစာတင္ပို႔မႈေပါ့ ။လာမယ့္ ၂ဝ၂၂ မွာေတာ့ အမ်ားႀကီးေမွ်ာ္လင့္လို႔မရဘူး။ က်ေနာ္ျမင္တာကေတာ့ လယ္သမားေတြအေနနဲ႔ အက်ဳိးအျမတ္ရရွိမႈနည္းတယ္။ လက္ရွိအေနအထားမွာေတာ့ လယ္သမားေတြအေနနဲ႔ အရင္းေၾကေအာင္ ႀကိဳးစားရမယ့္အေနအထားလို႔ျမင္တယ္ "

NLD အမ်ဳိးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အစိုးရလက္ထက္မွာ ေတာင္သူလယ္သမားအေရးေဆာင္ရြက္ေနတဲ့အဖြဲ႔စည္းေတြ ၾကားခံၿပီး လုပ္ကြက္ငယ္ ေတာင္သူေတြနဲ႔ ကုမၸဏီအၾကား ပူးေပါင္း ေဆာင္ရြက္ခဲ့ၾကတာေတြ တေျဖးေျဖးက်ယ္ျပန္႔လာပါတယ္။ ေတာင္သူလယ္သမားအေရးေဆာင္ရက္ေပးေနတဲ့ အဖြဲ႔အစည္းေတြရဲ႕ ယုံၾကည္မႈအာမခံမႈနဲ႔ လုပ္ကြက္ငယ္ေတာင္သူေတြ စုေပါင္းရရွိလာတဲ့သီးႏွံကို ကုမၸဏီက ဝယ္ယူတဲ့လုပ္ငန္းျဖစ္ပါတယ္။ ကုမၸဏီနဲ႔ ေတာင္သူေတြ ညိွႏိႈင္းၿပီး ဓါတု႔ေျမၾသဇာ၊ ဓါတုပိုးသတ္ေဆးမသုံးတဲ့ သဘာဝသီးႏွံထုတ္လုပ္မႈလုပ္ငန္းဟာ တေျဖးေျဖးနဲ႔ ေနရာအေတာ္မ်ားမ်ားမွာ ေအာင္ျမင္ေနၾကရာကေန စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း လုံးဝပ်က္စီးသြားတယ္လို႔ သိရပါတယ္။ ဒီအလုပ္ကို ဦးေဆာင္လုပ္ေနသူတဦးျဖစ္တဲ့ မေကြးတိုင္း ေတာင္သူလယ္သမားအေရး ကူညီေဆာင္ရြက္ေပးေနသူ ကိုေအာင္ေက်ာ္ေက်ာ္ က သူအေတြ႔အႀကဳံကို အခုလိုရွင္းျပပါတယ္။

"စစ္အာဏာသိမ္းလိုက္ေတာ့ အခက္ခဲ့အေႏွာက္အယွက္ေတြ အမ်ားႀကီးျဖစ္လာတယ္။ အဓိကၿပိဳလဲသြားတာက ဘဏ္စနစ္ဗ်၊ မေကြးတိုင္း ေတာင္သူလယ္သမားသမဂၢက ဧက၃ဝဝ ေလာက္ပိုင္တဲ့ ေတာင္သူေတြ ၂ဝဝ ေလာက္နဲ႔ ဇနက္မႏၱေလးကုမၸဏီနဲ႔ စာခ်ဳပ္ခ်ဳပ္လုပ္တဲ့အခါမွာ ဇနက္မႏၱေလးကုမၸဏီက သူတို႔ေငြထုတ္ရတဲ့အခက္ခဲေတြသူတို႔စျဖစ္တယ္။ ေငြတခါထုတ္ရင္ ကုမၸဏီကို သိန္း ၅ဝ ပဲခြင့္ျပဳေတာ့ ေတာင္သူေတြကို ငရုတ္တခါပို႔တဲ့အခါမွာ သိန္း ၂ဝဝ ေလာက္ရွင္းရတယ္။ တေျဖးေျဖးနဲ႔ မရွင္းႏိုင္ဘူး။ စစ္အာဏာသိမ္းခါနီး ရက္သတၱတပတ္မွာ ထုတ္ရတာက သိန္း ၅ဝ ေလးကို ။ ငရုတ္ေတာင္သူေတြကို မွ်တေပးရင္းနဲ႔ တေျဖးေျဖးနဲ႔ အေၾကြးေတြက ေတာင္သူေတြကို ေပးရမွာ ပုံသြားတယ္။ ေတာင္သူေတြမွာ စိုက္ပ်ဳိးစရိတ္မရွိေတာ့ပဲနဲ႔စိုက္ဖို႔အခက္ခဲျဖစ္တဲ့အထိ ရင္ဆုိင္ရတယ္။ အခုက အဆိုးဆုံးျဖစ္သြားၿပီေပါ့ဗ်ာ။ တဧကကို လယ္ယာလုပ္သား ၄ ေယာက္ေလာက္အလုပ္ရတယ္။ အခုေတာ့ သူတို႔လည္း ဝင္ေငြမရွိၾကေတာ့ဘူး "

စစ္တပ္ အာဏာသိ္မ္းၿပီးေနာက္ပိုင္းမွာ စစ္တပ္က လူထုအုံႀကြမႈကို အျပင္းထန္ဆုံး အရက္စက္ဆုံး ဖိႏိုပ္လာခဲ့ရာမွာ စစ္ကိုင္းတိုင္းက ၿမိဳ႕နယ္အေတာ္မ်ားမ်ားဟာ တူမီးလက္လုပ္ေသနတ္အပါအဝင္ ရရာလက္နက္စြဲကိုင္ခုခံခဲ့ၾကပါတယ္။အဲဒီလိုအေျခအေနေတြရွိေနေပမယ့္ ဆန္စပါးထြက္ရွိမႈ အေျခအေနေတြက သိပ္မဆိုးဘူးလို႔ ကနီၿမိဳ႕နယ္ စစ္ကိုင္းတိုင္းေဒသႀကီးေရြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းထြန္းဝင္း က ေျပာပါတယ္။

" အာဏာသိမ္းတဲ့ ႏွစ္ပတ္လည္မွာ အခုဟာက စစ္ပြဲေတြက ျဖစ္ေနတာဆိုေတာ့ လယ္ယာေျမတခ်ုိ႕ကေတာ့ မစိုက္ရဘူး။ ကြက္လပ္ေတြအမ်ားႀကီးက်န္ရစ္ခဲ့တယ္။ ဒါေပမယ္ အမ်ားစုကေတာ့ စိုက္ၾကရပါတယ္။ ေျပးလာတဲ့အခ်ိန္ ေျပးရင္းနဲ႔ လစ္တဲ့အခ်ိန္ဝင္စိုက္ၾကရတာေပါ့။ ဒီႏွစ္ေတာ့ မိုးေလးက အဆင္ေျပေတာ့ လယ္ေတြက ေကာင္းတယ္။ ေစ်းကြက္ကေတာ့ မဆိုးလွဘူး။ တခ်ုိ႕ဆိုလို႔ရွိရင္ လယ္ေတြ ရိတ္သိမ္းရိတ္စဲေတြကို စစ္တပ္ကေန မီးေတြဘာေတြရိႈ႔သြားတာေတြ ေတြ႔ရတယ္။ စပါးပုံေတြမီးရိႈ႕သြားတာေတြေတြ႔ရတယ္။ အခုဟာကေတာ့ ေလယာဥ္ေတြနဲ႔လာေတာ့ ေျပးရတာေပါ့ဗ်ာ။ အသက္လု႔ေျပးရတာဆိုေတာ့ ရာႏႈန္းျပည့္မလုပ္ႏိုင္ဘူး။ ဥပမာ ၁၀ဝ ရာခိုင္ႏႈန္း ပုံမွန္မဟုတ္ေပမယ့္ ၇၅ ရာခုိင္ႏႈန္း ၆၅ ရာခိုင္ႏႈန္းျပန္ၿပီးေတာ့ သိမ္းႏိုင္ၾကပါတယ္ "

ဒါေပမယ့္လည္း လမ္းခရီးမွာ စစ္တပ္က အစစ္အေဆး အဖမ္းအဆီးေတြမ်ားလြန္းတဲ့အတြက္ လယ္သမားေတြဟာ အႀကိဳးအေၾကနည္းတဲ့ ဆန္လုံးေတြရဖို႔အတြက္ ၿမိဳ႕ေပၚက ဆန္စက္ႀကီးေတြကို သြားမႀကိတ္ရဲၾကဘူးလို႔ သူကေျပာပါတယ္။ လယ္သမားအေရးေဆာင္ရြက္နဲ႔ ကိုေအာင္ေက်ာ္ေက်ာ္ ကလည္း စစ္ေဆးေရးဂိတ္ေတြဟာ အရင္ကထက္ ပိုမ်ားလာတာေတြ၊ ေလာင္စာဆီေစ်းေတြ အဆမတန္တက္လာတာေတြေၾကာင့္ ကုန္စည္စီးဆင္းမႈ အခက္အခဲေၾကာင့္ စိုက္ပ်ဳိးေရးထြက္ကုန္ေတြ တေနရာက တေနရာ ေရာင္းခ်ဖို႕ အခက္အခဲေတြေတာ္ေတာ္ကို ႀကီးမာတယ္လို႔ဆိုပါတယ္။

တခါ ေတာင္ေပၚေဒသတခုျဖစ္တဲ့ ခ်င္းျပည္နယ္မွာလည္း အာဏာသိမ္းၿပီးေနာက္ပိုင္း ရိတ္သိ္မ္းခါနီး ေတာင္ယာေတြကို စြန္႔ခြာထြက္ေျပးခဲ့ၾကရတယ္လို႔ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းက ထန္တလန္ၿမိဳ႕ မီးရိႈ႕ခံခဲ့ရစဥ္ ေဒသခံခ်င္းအမ်ဳိးသမီး ၂ ဦးက ဗြီအိုေအကို ေျပာခဲ့ပါတယ္။

အခုအခါမွာေက်းလက္က လူငယ္အမ်ားအျပားဟာ စိုက္ပ်ဳိးေရးလုပ္ငန္းနဲ႔ ရပ္တည္ဖို႔ ခက္ခဲလာတဲ့အတြက္ ထိုင္းအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံတခ်ဳိ႕ နဲ႔ ျပည္တြင္းက အလုပ္အကိုင္ရွိႏိုင္တဲ့ေနရာေတြကို ထြက္ခြာသြားၾကတဲ့အတြက္ အရင္ကတည္းက လယ္ယာလုပ္သားရွားပါးမႈႀကဳံေတြ႔ေနရတဲ့ အေျခအေနဟာလည္း ပိုၿပီးဆိုးလာမယ္လို႔ ေျပာဆုိမႈေတြရွိေနၾကပါတယ္။

..................................

တိုက္႐ိုက္ လင့္ခ္

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့လယ်ယာစိုက်ပျိုးရေးအပေါ် ရိုက်ခတ်မှု
{{Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး တနှစ်အကြာမှာ အဓိက လယ်ယာမြေအပါအဝင် စိုက်ပျိုးရေးလုပ်ငန်းတွေရဲ့ အခြေအနေဟာ ကျဆင်းနေတယ်လို့သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စစ်အာဏာသိမ်းတာ နှစ်ပတ်လည်ကာလအတွင်း စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့သုံးသပ်ချက်အနေနဲ့ မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဒေါက်တာ စိုးထွန်း၊ စစ်ကိုင်းတိုင်း ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင် နဲ့ မကွေးတိုင်းက လယ်သမားအရေးဆောင်ရွက်နေသူ ဦးအောင်ကျော်ကျော် တို့ကို မေးမြန်းပြီး ကိုခင်မောင်စိုးမင်း က တင်ဆက်ထားပါတယ်။

မြန်မာနိုင်ငံမှာ လယ်ယာလုပ်ငန်းအပါအဝင် စိုက်ပျိုးရေးဟာ အဓိကအသက်မွေးလုပ်ငန်းဖြစ်ကြတဲ့အတွက် ဟိုးတချိန် ကိုလိုနီခေတ်၊ ပါလီမန်ဒီမိုကခေတ်တွေမှာ ဆိုရင် ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပြည်ပကို အများဆုံး စံချိန်တင် တင်ပို့နိုင်ခဲ့ကြပါတယ်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ ဗိုလ်ချုပ်ကြီးနေဝင်း စစ်အာဏာသိမ်းခဲ့စဉ်ကလည်း အဲဒီနေ့ကို တောင်သူလယ်သမားနေ့အဖြစ်တောင်မှ သတ်မှတ်ခဲ့ပြီး တော်လှန်ရေးကောင်စီအဖွဲ့ဝင်တွေကိုယ်တိုင်ပါဝင်ကာ တောင်သူလယ်သမားနှီးနှော်ဖလှယ်ပွဲတွေ ခမ်းခမ်းနားနားကျင်းပခဲ့ကြပါတယ်။

ဒါပေမယ်လည်း မူလစိုက်ပျိုးမြေနဲ့ မကိုက်ညီတဲ့ စီမံကိန်းသီးနှံသတ်မှတ် စိုက်ခိုင်းတာတွေ၊ တာဝန်ကြေသီးနှံဆိုပြီး အတင်းအဓမ္မ ဈေးနှိမ်ဝယ်ယူတာတွေ ၊ မြေခွန်ယာခွန်တွေ ကြီးလေးတာတွေကြောင့် ၁၉၆၇ ခုနှစ်မှာဆိုရင် မြန်မာနိုင်ငံမှာ ဆန်ရှားပါးမှုနဲ့ ကြုံတွေခဲ့ရပြီး ရခိုင်ဒေသမှာဆိုရင် ပစ်ခတ်နိုမ်နင်းခဲ့လို့ လူသေဆုံးမှုတွေပင်ရှိခဲ့ပါတယ်။

အဲဒီကစပြီး မဆလ မြန်မာဆိုရှယ်လစ်လမ်းစဉ်တပါတီခေတ်မှာလည်း တောင်သူလယ်သမားတွေဟာ အလားတူအခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ဆင်းရဲနွမ်းပါးခဲ့ကြရပါတယ်။ ဒီလိုနဲ့ ၁၉၈၈ လူထု့အုံကြွမှုဖြစ်ပေါ်လာခဲ့ပြီး စစ်တပ်ကအာဏာသိမ်း နဝတ ၊ နအဖ အမည်အမျိုးပြောင်းလည်းအုပ်ချုပ်ခဲ့တဲ့အခါမှာလည်း တောင်သူလယ်သမားတွေဟာ ဈေးကွက်လည်းမရှိ၊ လုပ်သားရှားပါးမှုတွေကလည်း ကြုံကြရတဲ့အတွက် စိုက်ပျိုးတဲ့ အရင်းတောင်မှမရတဲ့နှစ်တွေ မကြာခဏကြုံခဲ့ကြရပါတယ်။

အဆိုးဆုံးကတော့ မြို့ပြနဲ့နီးတဲ့ ဒေသတွေမှာ တောင်သူလယ်သမားတွေပိုင်တဲ့ စိုက်ပျိုးမြေတွေကို ခရိုနီကုမ္ပဏီတွေက စက်မှုမြေလိုအပ်ချက်အကြောင်းပြ ဒေသအာဏာပိုင်တွေနဲ့ ပေါင်းပြီး အဓမ္မသိမ်းယူကာ မြို့တိုးချဲ့ အိမ်ဝိုင်းကွက်တွေအနေနဲ့ ဈေးကောင်းယူ ပြန်ရောင်းချကြတာ ခံရတာပါပဲ။ ဒါအပြင် စစ်တပ်တွေကလည်း တပ်ပိုင်ဆိုပြီး အဓမ္မသိမ်းယူခဲ့တဲ့အတွက်ကြောင့်လည်း တောင်သူတွေ မြေမဲ့ယာမဲ့ဖြစ်ကုန်ကြရပါတယ်။

အဲဒီလိုနဲ့ NLD အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာတော့ ကျေးလက်ဖွံဖြိုးရေးအတွက်ဆိုပြီး လျှပ်စစ်မီးရရှိရေး ၊ ကျေးရွာချင်းဆက် ကွန်ကရက်လမ်းတွေခင်းပေးတာတွေ ၊ စိုက်ပျိုးရေးလုပ်ငန်း နှီးနှော်ဖလှယ်ပွဲတွေ ပြုလုပ်ပေးခဲ့တာ ရှိခဲ့ပေမယ့် ခိုင်မာတဲ့ မူဝါဒတွေ လုပ်ငန်းစဉ်တွေ တိတိကျကျချမှတ်နိုင်ခဲ့ခြင်းမရှိတဲ့အတွက် အရင်ကနဲ့စာရင် တိုးတက်မှုအနည်းငယ်ပဲ ရှိခဲ့တယ်လို့ဆိုကြပါတယ်။

ဒီလိုနဲ့ ၂ဝ၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းခဲ့တဲ့အခါမှာတော့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး အခြေအနေတွေဘယ်လိုရှိလာပါသလဲ။ အခုဆိုရင် တနှစ်ပြည့်ပြီဖြစ်လို့ အဓိက ဆန်စပါးအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းရဲ့ဒုဥက္ကဌ ဒေါက်တာ စိုးထွန်း ကို မေးမြန်းကြည့်ရာမှာတော့ အဆိုးဆုံးအခြေအနေကို ကြုံတွေ့ရတယ်လို့ သူကပြောပါတယ်။

" ပြီးခဲ့တဲ့ တနှစ်တာကာလပြန်သုံးသပ်ရမယ်ဆိုရင် အဆိုးဆုံးအခြေအနေပေါ့။ ကိုဗစ်ကလည်း အဆိုးဆုံးအခြေအနေ၊ နိုင်ငံရေးကလည်း အပြင်းထန်ဆုံးအခြေအနေ ၊ ငွေကြေးနဲ့ပတ်သက်လို့လည်း ဘဏ်တွေပိတ်သွားရတဲ့အနေအထား ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုအခြေအနေက ကျသွားတာပေါ့။ အရင်တုံးက လယ်သမားတွေက ပိုးသတ်ဆေး၊ ယူရီးယားဓါတ်မြေသြဇာဝယ်ရင် အကြွေးနဲ့ဝယ်လို့ရတယ်။ အခုဟာကတော့ ဒေါ်လာဈေးတက်ပြီးနောက်ပိုင်း လက်ငင်းပေးချေတဲ့ စနစ်ပြောင်းလည်းလိုက်တဲ့အတွက်ကြောင့် သူတို့အတွက်က ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေတယ်လို့ ကျနော်မြင်ပါတယ် ။ အထွက်နှုန်းကတော့ ကျသွားပါတယ်။ ပြည်ပ Export ကလည်းကျသွားပါတယ်။ ဒီနှစ်ကတော့ ကျနော်တို့က ဆန်တန်ချိန် ၁ ဒသမ ၈ သန်းလောက်ပဲ ပြည်ပကိုတင်ပို့နိုင်ခဲ့တယ်။ အရင်တုံးက တနှစ်ကို တန်ချိန် ၂ သန်းခွဲလောက် တင်ပို့နိုင်တာပေါ့။ အထွက်နှုန်းကျပြီးတော့ တင်ပို့မှုကလည်း ၇သိန်းလောက်လျော့ကျသွားတယ်။ ဆန်နဲ့စာရင် ဆန်ကွဲတင်ပို့မှုကပိုလာတယ်။ တိရစ္ဆာန်အစာတင်ပို့မှုပေါ့ ။လာမယ့် ၂ဝ၂၂ မှာတော့ အများကြီးမျှော်လင့်လို့မရဘူး။ ကျနော်မြင်တာကတော့ လယ်သမားတွေအနေနဲ့ အကျိုးအမြတ်ရရှိမှုနည်းတယ်။ လက်ရှိအနေအထားမှာတော့ လယ်သမားတွေအနေနဲ့ အရင်းကြေအောင် ကြိုးစားရမယ့်အနေအထားလို့မြင်တယ် "

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ တောင်သူလယ်သမားအရေးဆောင်ရွက်နေတဲ့အဖွဲ့စည်းတွေ ကြားခံပြီး လုပ်ကွက်ငယ် တောင်သူတွေနဲ့ ကုမ္ပဏီအကြား ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာတွေ တဖြေးဖြေးကျယ်ပြန့်လာပါတယ်။ တောင်သူလယ်သမားအရေးဆောင်ရက်ပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှုအာမခံမှုနဲ့ လုပ်ကွက်ငယ်တောင်သူတွေ စုပေါင်းရရှိလာတဲ့သီးနှံကို ကုမ္ပဏီက ဝယ်ယူတဲ့လုပ်ငန်းဖြစ်ပါတယ်။ ကုမ္ပဏီနဲ့ တောင်သူတွေ ညှိနှိုင်းပြီး ဓါတု့မြေသြဇာ၊ ဓါတုပိုးသတ်ဆေးမသုံးတဲ့ သဘာဝသီးနှံထုတ်လုပ်မှုလုပ်ငန်းဟာ တဖြေးဖြေးနဲ့ နေရာအတော်များများမှာ အောင်မြင်နေကြရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုံးဝပျက်စီးသွားတယ်လို့ သိရပါတယ်။ ဒီအလုပ်ကို ဦးဆောင်လုပ်နေသူတဦးဖြစ်တဲ့ မကွေးတိုင်း တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုအောင်ကျော်ကျော် က သူအတွေ့အကြုံကို အခုလိုရှင်းပြပါတယ်။

"စစ်အာဏာသိမ်းလိုက်တော့ အခက်ခဲ့အနှောက်အယှက်တွေ အများကြီးဖြစ်လာတယ်။ အဓိကပြိုလဲသွားတာက ဘဏ်စနစ်ဗျ၊ မကွေးတိုင်း တောင်သူလယ်သမားသမဂ္ဂက ဧက၃ဝဝ လောက်ပိုင်တဲ့ တောင်သူတွေ ၂ဝဝ လောက်နဲ့ ဇနက်မန္တလေးကုမ္ပဏီနဲ့ စာချုပ်ချုပ်လုပ်တဲ့အခါမှာ ဇနက်မန္တလေးကုမ္ပဏီက သူတို့ငွေထုတ်ရတဲ့အခက်ခဲတွေသူတို့စဖြစ်တယ်။ ငွေတခါထုတ်ရင် ကုမ္ပဏီကို သိန်း ၅ဝ ပဲခွင့်ပြုတော့ တောင်သူတွေကို ငရုတ်တခါပို့တဲ့အခါမှာ သိန်း ၂ဝဝ လောက်ရှင်းရတယ်။ တဖြေးဖြေးနဲ့ မရှင်းနိုင်ဘူး။ စစ်အာဏာသိမ်းခါနီး ရက်သတ္တတပတ်မှာ ထုတ်ရတာက သိန်း ၅ဝ လေးကို ။ ငရုတ်တောင်သူတွေကို မျှတပေးရင်းနဲ့ တဖြေးဖြေးနဲ့ အကြွေးတွေက တောင်သူတွေကို ပေးရမှာ ပုံသွားတယ်။ တောင်သူတွေမှာ စိုက်ပျိုးစရိတ်မရှိတော့ပဲနဲ့ စိုက်ဖို့အခက်ခဲဖြစ်တဲ့အထိ ရင်ဆိုင်ရတယ်။ အခုက အဆိုးဆုံးဖြစ်သွားပြီပေါ့ဗျာ။ တဧကကို လယ်ယာလုပ်သား ၄ ယောက်လောက်အလုပ်ရတယ်။ အခုတော့ သူတို့လည်း ဝင်ငွေမရှိကြတော့ဘူး "

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က လူထုအုံကြွမှုကို အပြင်းထန်ဆုံး အရက်စက်ဆုံး ဖိနိုပ်လာခဲ့ရာမှာ စစ်ကိုင်းတိုင်းက မြို့နယ်အတော်များများဟာ တူမီးလက်လုပ်သေနတ်အပါအဝင် ရရာလက်နက်စွဲကိုင်ခုခံခဲ့ကြပါတယ်။ အဲဒီလိုအခြေအနေတွေရှိနေပေမယ့် ဆန်စပါးထွက်ရှိမှု အခြေအနေတွေက သိပ်မဆိုးဘူးလို့ ကနီမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

" အာဏာသိမ်းတဲ့ နှစ်ပတ်လည်မှာ အခုဟာက စစ်ပွဲတွေက ဖြစ်နေတာဆိုတော့ လယ်ယာမြေတချို့ကတော့ မစိုက်ရဘူး။ ကွက်လပ်တွေအများကြီးကျန်ရစ်ခဲ့တယ်။ ဒါပေမယ် အများစုကတော့ စိုက်ကြရပါတယ်။ ပြေးလာတဲ့အချိန် ပြေးရင်းနဲ့ လစ်တဲ့အချိန်ဝင်စိုက်ကြရတာပေါ့။ ဒီနှစ်တော့ မိုးလေးက အဆင်ပြေတော့ လယ်တွေက ကောင်းတယ်။ ဈေးကွက်ကတော့ မဆိုးလှဘူး။ တချို့ဆိုလို့ရှိရင် လယ်တွေ ရိတ်သိမ်းရိတ်စဲတွေကို စစ်တပ်ကနေ မီးတွေဘာတွေရှို့သွားတာတွေ တွေ့ရတယ်။ စပါးပုံတွေမီးရှို့သွားတာတွေတွေ့ရတယ်။ အခုဟာကတော့ လေယာဉ်တွေနဲ့လာတော့ ပြေးရတာပေါ့ဗျာ။ အသက်လု့ပြေးရတာဆိုတော့ ရာနှုန်းပြည့်မလုပ်နိုင်ဘူး။ ဥပမာ ၁၀ဝ ရာခိုင်နှုန်း ပုံမှန်မဟုတ်ပေမယ့် ၇၅ ရာခိုင်နှုန်း ၆၅ ရာခိုင်နှုန်းပြန်ပြီးတော့ သိမ်းနိုင်ကြပါတယ် "

ဒါပေမယ့်လည်း လမ်းခရီးမှာ စစ်တပ်က အစစ်အဆေး အဖမ်းအဆီးတွေများလွန်းတဲ့အတွက် လယ်သမားတွေဟာ အကြိုးအကြေနည်းတဲ့ ဆန်လုံးတွေရဖို့အတွက် မြို့ပေါ်က ဆန်စက်ကြီးတွေကို သွားမကြိတ်ရဲကြဘူးလို့ သူကပြောပါတယ်။ လယ်သမားအရေးဆောင်ရွက်နဲ့ ကိုအောင်ကျော်ကျော် ကလည်း စစ်ဆေးရေးဂိတ်တွေဟာ အရင်ကထက် ပိုများလာတာတွေ၊ လောင်စာဆီဈေးတွေ အဆမတန်တက်လာတာတွေကြောင့် ကုန်စည်စီးဆင်းမှု အခက်အခဲကြောင့် စိုက်ပျိုးရေးထွက်ကုန်တွေ တနေရာက တနေရာ ရောင်းချဖို့ အခက်အခဲတွေတော်တော်ကို ကြီးမာတယ်လို့ဆိုပါတယ်။

တခါ တောင်ပေါ်ဒေသတခုဖြစ်တဲ့ ချင်းပြည်နယ်မှာလည်း အာဏာသိမ်းပြီးနောက်ပိုင်း ရိတ်သိမ်းခါနီး တောင်ယာတွေကို စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ထန်တလန်မြို့ မီးရှို့ခံခဲ့ရစဉ် ဒေသခံချင်းအမျိုးသမီး ၂ ဦးက ဗွီအိုအေကို ပြောခဲ့ပါတယ်။

အခုအခါမှာ ကျေးလက်က လူငယ်အများအပြားဟာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ရပ်တည်ဖို့ ခက်ခဲလာတဲ့အတွက် ထိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံတချို့ နဲ့ ပြည်တွင်းက အလုပ်အကိုင်ရှိနိုင်တဲ့နေရာတွေကို ထွက်ခွာသွားကြတဲ့အတွက် အရင်ကတည်းက လယ်ယာလုပ်သားရှားပါးမှုကြုံတွေ့နေရတဲ့ အခြေအနေဟာလည်း ပိုပြီးဆိုးလာမယ်လို့ ပြောဆိုမှုတွေရှိနေကြပါတယ်။

XS
SM
MD
LG