သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီ တရုတ်မှာ ထပ်မံတွေ့ဆုံဆွေးနွေး


စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ MNDAA ၊ TNLA ၊ AA ကိုယ်စားလှယ်အဖွဲ့တို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားမြို့၊ အရှေ့တိုင်းဧည့်ရိပ်မွန်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးနေကြစဉ် (ဇွန် ၁၊ ၂၀၂၃)
စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ MNDAA ၊ TNLA ၊ AA ကိုယ်စားလှယ်အဖွဲ့တို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားမြို့၊ အရှေ့တိုင်းဧည့်ရိပ်မွန်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးနေကြစဉ် (ဇွန် ၁၊ ၂၀၂၃)

ရှမ်းမြောက်ဒေသ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတာဝန်ရှိသူတွေ မတ်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ တရုတ်နိုင်ငံတွင်း ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

အတည်မပြုနိုင်သေးတဲ့သတင်းအရတော့ အပစ်အခတ်ရပ်စဲရေးအသေးစိတ်တွေနဲ့ နယ်စပ်ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နှစ်ဘက်စလုံးကရော တရုတ်နိုင်ငံကပါ အခုတကြိမ်ဆွေးနွေးမှုနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။

ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီကြား ဟိုင်ဂင်သဘောတူညီချက်နဲ့ အခုနှစ်ဆန်း ဇန်နဝါရီ ၁၁ ရက်နေ့ကစလို အပစ်အခတ်ရပ်စဲရေးယူခဲ့ကြတာပါ။ အဲဒီနောက် MNDAA ကိုးကန့်ဒေသမှာ အပစ်ရပ်သွားတယ်ဆိုပေမဲ့ TNLA တအောင်းဝ်အဖွဲ့နဲ့ ရှမ်းမြောက်ဒေသတွေမှာ တိုက်ပွဲတချို့ရှိခဲ့သလို AA ရခိုင့်တပ်တော်နဲ့ဆိုရင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ အခုအချိန်အထိ ရှိနေတာပါ။ ရခိုင်ပြည်နယ်၊ မောင်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ မတ်လ ၂ ရက်နေ့အထိ တိုက်ပွဲတွေရှိနေတယ်လို့ AA ရခိုင့်တပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက်ဒေသမှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တိုက်ပွဲတွေဖြစ်ပြီးနောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအားလုံး ရပ်လုနီးပါးဖြစ်နေတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ တရုတ်အစိုးရနဲ့ ယူနန်ပြည်နယ်တာဝန်ရှိသူတချို့ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်နိုင်ဖို့ ဆွေးနွေးပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG