သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း ခင်ဦးမြို့နယ်တွင်း ကျေးရွာ ၇ ရွာမီးရှို့ဖျက်စီးခံရ


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ဒေသခံများ (သြဂုတ် ၉၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ဒေသခံများ (သြဂုတ် ၉၊ ၂၀၂၃)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေက နယ်မြေရှင်း စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၇ ရွာက နေအိမ်တွေ ၄ ရက်ဆက်တိုက် မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရသလို အကူအညီတွေလည်း လိုအပ်နေပါတယ်။ ခင်ဦးမြို့နယ်ထဲက အရပ်သားနေအိမ်တွေ မီးရှို့ခံရတဲ့အခြေအနေ ရန်ကုန်က သတင်းပေးပို့တာကို ကိုဉာဏ်ဝင်းအောင်ကတင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မြောက်ခြမ်းက စစ်တပ်ထောက်သူတွေ အများဆုံးနေထိုင်တဲ့ မဒေါင်းလှကျေးရွာက ပျူစောထီးတွေဟာ စက်တင်ဘာ ၂ ရက်ကစပြီး အနီးနားက ကျေးရွာတွေဆီ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတာပါ။
နယ်မြေရှင်းလင်းရေးအတွင်း စက်တင်ဘာ ၅ ရက်အထိ ကျေးရွာ ၇ ရွာက နေအိမ်တွေ မီးရှို့ခံရပြီး ဒေသခံ ၂,၀၀၀ ကျော်ဟာ ဘေးလွတ်ရာတွေ ပြောင်းရွှေ့နေရပါတယ်။ နေအိမ်တွေ မီးရှို့ခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

"အင်္ဂလိပ်လို ၂ ရက်နေ့က ငါးကြိုင်းရွာ၊ ၃ ရက်နေ့ကျတော့ အင်ကြင်းပင်ရွာ၊ သနပ်စိန်ရွာ၊ ဖန်ခါးကုန်းရွာ။ ၄ ရက်နေ့က ပေါက်တောရွာ။ ၅ ရက်နေ့က ဆီဆုံလေးရွာ၊ နှဲတွင်းရွာ၊ ကန့်ဘလူနယ်ထဲက အားလုံးပေါင်း ၄ ရက်အတွင်း ရွာပေါင်း ၇ ရွာအရှို့ခံရတယ်။ အိမ်ခြေကတော့ ၁၀၀ ကျော် စစ်ဘေးရှောင်ကတော့ ၂,၀၀၀ ကျော်လောက်ပေါ့။ ပျူခြံက ပျူတွေနဲ့ ကန့်ဘလူ အမှတ် (၁) သကြားစက်ရုံက အင်အားနဲ့ ပေါင်းထားတယ်ပေါ့။ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ် ၂ တပ်ပေါင်းပြီးရှို့ကြတာ။ စားနပ်ရိက္ခာနဲ့ မိုးကာနဲ့လိုအပ်တယ်။ အခုက သူတို့က တောထဲမှာပဲနေကြရတာ ရွာထဲကို လုံးဝကပ်လို့မရဘူး။"

စက်တင်ဘာ ၁ ရက်က ကန့်ဘလူမြို့နယ် အမှတ် (၁) သကြားစက်ရုံမှာ တပ်စွဲထားတဲ့ ခလရ (၃၆၁) တပ်နဲ့ ပျူစောထီးအင်အား ၁၀၀ ကျော်ဟာ ခင်ဦးမြို့နယ် မဒေါင်းလှ ပျူစောထီးရွာကို ရောက်လာပြီး အင်အားအများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်နေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း မဒေါင်းလှကျေးရွာက ပျူစောထီးတွေက အနီးနားကျေးရွာတွေမီးရှို့ခဲ့ပြီး သနပ်စိန်၊ စောကြီးကျေးရွာတို့ဟာ ဒုတိယအကြိမ် မီးရှို့ခံရတာလို့ ဒေသခံတဦးက အခုလို ပြောပါတယ်။
"ဘေးနားကရွာတွေကို ဒုက္ခပေးတာက ပထအစောတုန်းက မဒေါင်းကြီး ရွှေသာကို မီးရှို့ထားတယ်။ စောကြီးရွာကို ရွာလုံးကျွတ်မီးရှို့ထားတယ်။ သနပ်စိန် ရွာလုံးကျွတ်ရှို့ခံရတယ်။ သနပ်စိန်က အခုတကြိမ်ရှို့ခံရတာက ပြန်လည်တည်ဆောက်ထားတဲ့ဟာကို ရှို့ခံရတာ။ စောကြီးလည်း ပြန်လည်တည်ထောင်ထားတဲ့ဟာ အရှို့ခံရတာပဲ။"

မဒေါင်းလှကျေးရွာနဲ့ ကန့်ဘလူနယ်ထဲက စစ်တပ် ထောက်ခံသူတွေကို စစ်တပ်ထောက်ခံတဲ့ ဝါသ၀ ဆရာတော်က ဦးဆောင်ပြီး စစ်သင်တန်းပေး၊ လက်နက်တွေလည်း တပ်ဆင်ပေးနေပါတယ်။


ခင်ဦးမြို့နယ်ထဲမှာ ပျဉ်ထောင် ၊ မဒေါင်းလှ ၊ မကျီးတုံဆိုပြီး စစ်တပ်ထောက်ခံတဲ့ ပျူစောထီးကျေးရွာ ၃ ရွာရှိပြီး မဒေါင်းလှကျေးရွာဟာ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့နဲ့ ခင်ဦးမြို့နယ်စပ်မှာရှိပြီး စစ်ရေးအရ အချက်အခြာကျအရေးပါတဲ့ကျေးရွာလည်းဖြစ်သလို ကျေးရွာထဲ ဘန်ကာ ကတုတ်ကျင်းတွေ အခိုင်အမာတည်ဆောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG