သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတွက် လူသားစာနာမှုအကူအညီပေးရေး ဗီယက်နမ်ထောက်ခံ

ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh
ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh

အာဆီယံသဘောတူမျှချက် ၅ ချက်နဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး အားထုတ်မှုတွေကို ဗီယက်နမ်နိုင်ငံက ထောက်ခံကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh က ပြောပါတယ်။ ဧပြီ ၂၁ ကနေ ၂၄ အထိ ကျင်းပနေတဲ့ အာဆီယံ အနာဂတ်ဆွေးနွေးပွဲ AFF တက်နေတဲ့ အာဆီယံအတွင်းရေးမှူးချုပ် Kao Kim Hourn ကို ဧပြီ ၂၃ ရက်နေ့ကဧည့်ခံရာမှာ ဗီယက်နမ်ဝန်ကြီးချုပ်က ခုလို ပြောခဲ့တာဖြစ်ကြောင်း နိုင်ငံတော်ပိုင်သတင်းဌာန Vietnam News Agency VAN ရဲ့ အင်တာနက်စာမျက်နှာက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် အာဆီယံနဲ့ မိတ်ဘက်တွေရဲ့ အားထုတ်မှုကို ဗီယက်နမ်ကအမြဲထောက်ခံခဲ့ကြောင်း၊ သဘောတူမျှချက် ၅ ရပ် အကောင်အထည်ဖော်ရေးကို ဆက်လက်ဆောင်ရွက်ကြမယ်လို့ မျှော်လင့်ကြောင်း ဝန်ကြီးချုပ် Chinh က ဆိုပါတယ်။ မြန်မာပြည်သူတွေရဲ့အကျိုးအတွက် တကယ်လုပ်နိုင်ပြီး ရေရှည်တည်တံ့တဲ့ အဖြေတွေ ရှာဖွေရာမှာ အာဆီယံဟာ ပိုပြီးညီညွတ်၊ ထိုးထွင်းမှုရှိရှိ ထိုးဖောက်ကျော်လွှားနိုင်ဖို့ လိုတယ်လို့လည်း ဝန်ကြီးချုပ်က အလေးထားပြောကြားခဲ့တယ်လို့ VAN က ပြောပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအတွက်ရော၊ မြန်မာပြည်သူတွေအတွက်ပါ မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့တွေအားလုံး ဆွေးနွေးအောင် အာဆီယံက မဆိုင်းမတွ လုပ်ဆောင်ဖို့လိုကြောင်း အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ Kao Kim Hourn ကလည်း ပြောပါတယ်။

မြန်မာအတွက် လူသားစာနာမှုအကူအညီပေးရေး ဗီယက်နမ်ထောက်ခံ
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG