သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်သမ္မတ မြန်မာခေါင်းဆောင်တွေနဲ့ ၂ နိုင်ငံရေးဆွေးနွေး


ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Xuan Phuc နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ (MOI)
ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Xuan Phuc နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ (MOI)

(Zawgyi/Unicode)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Xuan Phuc နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး ရည်ရွယ်ပြီး သုံးရက်ကြာခရီး ရောက်ရှိနေတဲ့ ဗီယက်နမ်ဝန်ကြီးချုပ်ကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဒီကနေ့မနက်ပိုင်းမှာ နိုင်ငံတော်အခမ်းအနားနဲ့ ဂုဏ်ပြုကြိုဆိုခဲ့တာဖြစ်ပြီး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေ ဆွေးနွေးခဲ့ ကြကြောင်း မြန်မာသမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရေး၊ နှစ်နိုင်ငံ အကျိုးစီးပွား ဖြစ်ထွန်းစေမယ့် ကိစ္စရပ်တွေနဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာကိစ္စရပ်တွေမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လုံခြုံရေးနဲ့ ဘက်ပေါင်းစုံ မိတ်ဖက်ဆက်ဆံရေး ဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ကြသလို၊ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၄၅) နှစ်ပြည့် အထိမ်းအမှတ် အဆင့်မြင့် ကိုယ်စားလှယ်ခရီးစဉ်တွေ စီစဉ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြကြောင်းလည်း မြန်မာ သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc ရဲ့ ဖိတ်ကြားချက်နဲ့ ဗီယက်နမ်နိုင်ငံကို ပထမဆုံး တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပြီး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်ပက ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြတဲ့ နိုင်ငံတွေထဲ ဗီယက်နမ်နိုင်ငံဟာ အဆင့် ၇ မှာရှိနေပြီး၊ ကုန်သွယ်မှုမှာတော့ အဆင့် ၉ နေရာမှာရှိပါတယ်။ ဗီယက်နမ်နိုင်ငံဟာ မြန်မာနိုင်ငံ အဖွဲ့ဝင်ဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံမှာ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.................................


(Unicode)




XS
SM
MD
LG