သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထင်ရှားတဲ့ ဗီယက်နမ်ဘလော်ဂါ အာဏာပိုင်များ ဖမ်းဆီး


ထင်ရှားတဲ့ ဗီယက်နမ်ဘလော်ဂါ Pham Chi Dung (ဓါတ်ပုံ- Facebook)
ထင်ရှားတဲ့ ဗီယက်နမ်ဘလော်ဂါ Pham Chi Dung (ဓါတ်ပုံ- Facebook)

(Zawgyi/Unicode)

ဗီယက်နမ်အစိုးရကိုဝေဖန်ရာမှာ လူသိများတဲ့ ဘလော်ဂါ နဲ့ အလွတ်သတင်းထောက်လည်းဖြစ်၊ ဗွီအိုအေ ဆောင်းပါးရှင် တဦးလည်းဖြစ်တဲ့ Pham Chi Dung ကို ဗီယက်နမ်အာဏာပိုင်တွေက ဟိုချီမင်းမြို့မှာ ကြာသပတေးနေ့က ဖမ်းဆီးလိုက်ပါတယ်။

Dung ဟာ ဗီယက်နမ် အစိုးရကိုဆန့်ကျင်တဲ့ သတင်းအချက်အလက်တွေ လုပ်ကြံဖန်တီး ရေးသားပြီး ဖြန့်ဝေခဲ့တာအပါအဝင် အန္တရာယ်ရှိတဲ့ အစိုးရဆန့်ကျင်ရေး လုပ်ရပ်တွေကို ကျူးလွန်ခဲ့တဲ့အကြောင်း ဗီယက်နမ် ပြည်သူ့လုံခြုံရေးရာ ဝန်ကြီးဌာနက စွပ်စွဲပြီး အွန်လိုင်းကနေ ကြေညာချက် ထုတ်ပြန်ထား ပါတယ်။ Dung ဟာ နိုင်ငံခြားသတင်းဌာနတွေနဲ့ ပူးပေါင်းပြီး အစိုးရဆန့်ကျင်ရေး ဆောင်းပါးတွေ ရေးသားခဲ့ကြောင်း အစိုးရပိုင်သတင်းက လည်း ဖော်ပြပါတယ်။

အစိုးရက တရားမဝင်အသင်းအဖြစ် ကြေညာထားတဲ့ ဗီယက်နမ် အလွတ်သတင်းထောက်များအဖွဲ့ (IJAVN) ရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ အသက် ၅၃ နှစ်အရွယ် Dung အနေနဲ့ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင်တော့ ထောင်ဒဏ် ၅ နှစ်ကနေ နှစ် ၂၀ အထိ ချမှတ် ခံရနိုင်ကြောင်း ဒေသသတင်းတွေမှာ ဖော်ပြကြပါတယ်။

ဗွီအိုအေ ဗီယက်နမ်ဌာန ဘလော့စာမျက်နှာအတွက် ပုံမှန်ဆောင်းပါးတွေ ရေးသားနေတဲ့ Dung ဟာ ၂၀၁၂ ခုနှစ်တုန်းကလည်း အလားတူ စွပ်စွဲမှုနဲ့ ကြုံခဲ့ရဖူးပါတယ်။ ခုလို Dung ဖမ်းဆီးခံရတာဟာ ဗီယက်နမ် နိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ပြီး အတိုက်အခံတွေကို နုတ်ပိတ်အောင်လုပ်တဲ့ စိုးရိမ်စရာကောင်းတဲ့ လုပ်ရပ် ဖြစ်တယ်လို့ IJAVN အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ Nguyen Tuong Thuy က ပြောပါတယ်။

Dung ကို ဖမ်းဆီးပြီးတဲ့နောက် IJAVN အဖွဲ့ရဲ့ ဝက်ဘ်ဆိုက်ကိုလည်း အာဏာပိုင်တွေက ပိတ်ထားပါတယ်။ အဖွဲ့ရဲ့လုပ်ငန်းတွေကို အာဏာပိုင်တွေက ဆက်လက် စုံစမ်းနေ တာကြောင့် အဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့လှုပ်ရှားမှုတွေအပေါ် ကြီးကြီးမားမား ထိခိုက်လာမှာကို စိုးရိမ်ကြောင်းလည်း အဖွဲ့ ဒု ဥက္ကဋ္ဌ Thuy က ပြောပါတယ်။

ထင်ရှားတဲ့ ဗီယက်နမ်ဘလော်ဂါ အာဏာပိုင်များ ဖမ်းဆီး
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်


..................


(Unicode)






XS
SM
MD
LG